Main menu
HOT NEWS
adv

မြောက်ကိုရီးယား အချုပ်အခြာအာဏာကို မထိခိုက်လျှင် နျူကလီးယားလက်နက်ကို အသုံးပြုမည်မဟုတ်ဟု ကင်ဂျုံအန်ပြော

ပြုံယမ်း၊ မေ ၈


မြောက်ကိုရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာကို မခြိမ်းခြောက်သရွေ့ နျူကလီးယားလက်နက်ကို အသုံးပြုမည်မဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ကပြောသည်ဟု မေ ၈ ရက်က မြောက်ကိုရီး ယားနိုင်ငံပိုင် KCNA သတင်းတွင် ဖော်ပြခဲ့သည်။

Read more...

ဇီကာရောဂါပိုး ကူးစက်ခံရသော ကလေး ၁၃ဝဝ နီးပါး ဘရာဇီးတွင် မွေးဖွား

ဘရာစီးလီးယား၊ မေ ၆


ဘရာဇီးနိုင်ငံတွင် ခြင်မှတစ် ဆင့်ကူးစက်သော ဇီကာရောဂါဖြစ်ပွားခဲ့ပြီးနောက် ၂ဝ၁၅ အောက်တို ဘာလမှစ၍ ဇီကာရောဂါပိုးနှင့်ဆက် စပ်သောကလေးငယ် ၁၂၇၁ ဦးမွေးဖွားခဲ့ကြောင်း၊ အဆိုပါကလေးများအနက် ၅၇ ဦးမှာ သေဆုံးသွားကြောင်း ဘရာဇီးကျန်းမာရေးအာဏာပိုင်တို့က မေ ၄ ရက်တွင် ထုတ်ပြန်ပြော ကြားခဲ့သည်။ ဘရာဇီးနိုင်ငံတွင် ဇီကာရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိသူ ၃ဝ၃၅၈ဝ ဦးတွေ့ရှိခဲ့ပြီး ၂၄၉၂ ဦးမှာ ဇီကာရောဂါခံစားခဲ့ရသည်ဟု မှားယွင်းဖော်ပြခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစ၍ ဇီကာရောဂါဖြင့် ကလေး ၅၇ ဦးသေဆုံးခဲ့ပြီး အခြားကလေး ၁၇၈ ဦးမှာလည်း ဇီကာရောဂါဖြင့် သေ ဆုံးခဲ့သည်ဟု သံသယရှိကြောင်း ဘရာ ဇီးကျန်းမာရေးဝန်ကြီးက ပြောသည်။

Read more...

ဂျော်ဂျီယာ၊ အမေရိကန်နှင့် ဗြိတိန် ပူးတွဲစစ်ရေးလေ့ကျင့်မည်

ဘီလီဆိုင်၊ မေ ၆


ဂျော်ဂျီယာနိုင်ငံ မြို့တော်f Tbilisi အနီးရှိ Vaziani စစ်အခြေစိုက်စခန်းတွင် မေ ၁၁ ရက်၌ နေတိုးအဖွဲ့ဝင် အမေရိကန်နှင့် ဗြိတိန်တို့ပူးပေါင်း၍ သုံးပတ်ကြာစစ်ရေးလေ့ ကျင့်မှုပြုလုပ်မည်ဟု ဂျော်ဂျီယာ ကာကွယ်ရေး ဝန်ကြီးက မေ ၅ ရက် တွင်ပြောသည်။ သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့် မည့်အစီအစဉ်ကို Noble Partner 2016 ဟု အမည်ပေးထားပြီး ဗြိတိန် နှင့် အမေရိကန်မှ ပူးပေါင်းစစ်ရေး လေ့ကျင့်မည့်စစ်သားများ စစ်လက် နက်ပစ္စည်းအပြည့်အစုံဖြင့် ဂျော်ဂျီယာ Poti ဆိပ်ကမ်းမှ Vaziani စစ် အခြေစိုက်စခန်းသို့ သွားရောက်နေ ကြောင်း ဂျော်ဂျီယာစစ်တပ်က ပြောသည်။ 

Read more...

အီးမေးလ် အသုံးပြုမှုကိစ္စ FBI က ကလင်တန်၏ အကြံပေးများကိုမေးမြန်း

ဝါရှင်တန်၊ မေ ၆


နီးစပ်သောရေရှည်ယုံကြည်စိတ်ချရသည့် အကြံပေးပုဂ္ဂိုလ်ဟူမန်အဘီဒင်အပါအဝင် နီးစပ်သောအ ခြားအကြံပေးများကို FBI အဖွဲ့က တွေ့ဆုံမေးမြန်းခဲ့သည်။ ဤသည်မှာ နိုင်ငံခြားရေးဝန်ကြီးဟောင်းက သူမ၏ ပုဂ္ဂလိကအီးမေးလ်ကို ရုံးလုပ်ငန်းအတွက် အသုံးချမှုကိုစစ်ဆေး ခြင်းဖြစ်ကြောင်း CNN ကကြာသပတေးနေ့က ဖော်ပြခဲ့သည်။ ဤတွေ့ဆုံမေးမြန်းမှုကို အမေရိကန်အရာရှိများက အတည်ပြု ပြောကြားခဲ့ သည်။ ပြည်ထောင်စု ထောက်လှမ်းရေးအဖွဲ့၏ရှေ့သို့ တိုး တက်လုပ်ဆောင်မှုကို အတည်ပြုခဲ့ ခြင်း ဖြစ်သည်။ ဤစစ်ဆေးမှုမှာ ပြီးဆုံးခါနီးပြီဟု အရာရှိများကပြောခဲ့သည်။

Read more...

ထိုင်းနိုင်ငံ ပတ္တယားမြို့တွင် ရိုးရာအဆောက်အအုံ တစ်လုံး မီးလောင်၊ ဘတ်သန်း ၁ဝဝ ဖိုး ဆုံးရှုံး

 

ချွန်ဘူရီ၊ မေ ၆


ထိုင်းနိုင်ငံတွင် ဘန်လာမွန်ခရိုင်၌တည်ရှိပြီး ကမ္ဘာ့လှည့်ခရီးသွားများအကြားထင်ရှားသော ပတ္တယားမြို့တွင် မေ ၆ ရက် နံနက်ပိုင်းက ထိုင်းရိုးရာဟန်တည်ဆောက်ထား သော ဘတ်သန်း ၁ဝဝ တန်သည့် ကျွန်းသား အဆောက်အအုံတစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု သတင်းများအရသိရသည်။ မီးသည် နံနက် ၁ဝ နာရီအ ချိန်က လူမရှိချိန်အိမ်အတွင်းရှိ လျှပ်စစ်ဝိုင်ယာရှော့ခ်ဖြစ်ရာမှ စတင် လောင်ကျွမ်းခဲ့ရပြီး ကျွန်းဖြင့်ဆောက် လုပ်ထားသော အဆောက်အအုံတစ်ခု လုံးအား အချိန်အနည်းငယ်အတွင်း အရှိန်ပြင်းစွာ မီးဝါးမျိုလောင်ကျွမ်း ခြင်း ခံခဲ့ရသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191