Main menu
HOT NEWS
adv

အီရန်နှင့် ရုရှားတို့ ပူးပေါင်းကာ နျူကလီးယား စက်ရုံများ တည်ဆောက်မည်

အီရန်နှင့် ရှားတို့ပူးပေါင်းကာ ၁ဝဝဝ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သော နျူကလီးယား ဓာတ်ပေါင်းဖိုနှစ်ခုကို မကြာမီတည်ဆောက်တော့မည်ဖြစ် ကြောင်း အီရန်နိုင်ငံ စွမ်းအင်ဝန်ကြီး ဟာမစ်ချစ်ချိန်က ယမန်နေ့က ပြောခဲ့သည်။
 
Read more...

ဟောင်ကောင် နှစ်ထပ်ဓာတ်ရထား တိမ်းမှောက်၊ ၁၄ ဦး ဒဏ်ရာရ

ဟောင်ကောင်၊ ဧပြီ ၇

ဟောင်ကောင်တွင် နှစ်ထပ်ဓာတ်ရထားတစ်စင်း ဧပြီ ၆ ရက် သန်းခေါင်ကျော်အချိန်၌ တိမ်းမှောက်ခဲ့ရာ လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ယာဉ်မောင်းဖြစ်သူကိုလည်း အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။ ဓာတ်ရထားတိမ်းမှောက်ရမှုသည် ယာဉ်မောင်းဖြစ်သူ၏ မဆင်မခြင်မောင်းနှင်မှုကြောင့်ဟုယူဆရ ကြောင်း၊ ထို့ကြောင့် ယာဉ်မောင်း ဖြစ်သူလို(၂၃)နှစ်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကဆိုသည်။

Read more...

မက္ကဆီကို မူးယစ်ရာဇာ အမေရိကန်တွင် ထောင်ဒဏ် တစ်သက် ချမှတ်ခံရ

ဝါရှင်တန်၊ ဧပြီ ၇

မက္ကဆီကို မူးယစ်ဆေးဝါး ရောင်းချသူ အယ်လ်ဖရက်ဒိုဘီလ်ထရန်လေဗာသည် ဘီလ်ထရန်လေ ဗာမူးယစ်ဆေးဝါးအဖွဲ့ခေါင်းဆောင်ဖြစ်သည်။ ၎င်းအားအမေရိကန် ပြည်ထောင်စုက ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချလိုက်ကြောင်း တရားရေးဌာနကပြောကြားလိုက်သည်ဟု AFP သတင်းစာက ဧပြီ ၆ ရက်တွင် ဖော်ပြခဲ့သည်။

Read more...

အာဂျင်တီးနား၌ ကမ္ဘာ့စီးပွားရေးဖိုရမ် ကျင်းပမည့်နေ့တွင် အထွေထွေ အလုပ်သမား သပိတ်မှောက်

ဗျူနိုအေရိစ်၊ ဧပြီ ၇

လက်တင်အမေရိက၊ အာဂျင်တီးနားနိုင်ငံမြို့တော် ဗျူနိုအေရိစ်၌ ကမ္ဘာ့စီးပွားရေးဖိုရမ်ကျင်းပမည့် ဧပြီ ၆ရက်တွင် အထွေထွေလုပ်သား သပိတ်ကြီး ကျင်းပရန် အလုပ်သမားသမဂ္ဂအဖွဲ့ကြီးသုံးဖွဲ့ စီစဉ်ခဲ့သည်။ နိုင်ငံတကာမှ ခေါင်းဆောင်များနှင့် စီးပွားရေးသမားများတက်ရောက်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို အာဂျင်တီး နားသမ္မတ Mauricio Macri က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။

Read more...

ဆီးရီးယား တိုက်ခိုက်မှုအတွက် သမ္မတထရန့်က သမ္မတဟောင်း အိုဘားမားကို အပြစ်တင်

ဝါရှင်တန်၊ ဧပြီ ၆

ဆီးရီးယားတွင် ဓာတုလက်နက်များသုံး၍ သမ္မတအာဆတ်အစိုးရ၏ တိုက်ခိုက်ခြင်းအား အိမ်ဖြူတော်က ဧပြီ ၄ ရက်တွင် အပြစ်တင်ပြောဆိုလိုက်ပြီး ယင်းသို့ဖြစ်ရခြင်းမှာ ယခင်အိုဘားမားအစိုးရ၏ အကွက်ချလုပ်ဆောင်မှုတစ်ခုဖြစ်ကြောင်းဖြင့်လည်း သမ္မတထရန့်က ပြောဆိုလိုက်သည်ဟု အိမ်ဖြူတော်သတင်းအရာရှိ ရှောင်စပန်ဆာက ဧပြီ ၅ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616