ဒဗ္ဗလင်၊ အောက်တိုဘာ ၁၆

 

အတ္တလန္တိတ်သမုဒ္ဒရာအရှေ့ ပိုင်းဒေသတွင် ဖြစ်ရိုးဖြစ်စဉ်မဟုတ် သော Ophelia ဟာရီကိန်းမုန် တိုင်းတိုက်ခတ်နေမှုကြောင့် အိုင်ယာလန်နိုင်ငံတွင် စာသင်ကျောင်းများ၊ ကောလိပ်များအားလုံးပိတ်ထားရန် အောက်တိုဘာ ၁၆ ရက်က ညွှန်ကြားလိုက်ပြီဖြစ်သည်။ အိုင်ယာလန်အစိုးရအရေး ပေါ်အစည်းအဝေးမှ ယင်းသို့ဆုံး ဖြတ်လိုက်ခြင်းဖြစ်သည်။ အိုင်ယာလန်မိုးလေဝသဌာနသည် ဖြစ်ရိုး ဖြစ်စဉ်မဟုတ်သော ဟာရီကိန်းမုန်တိုင်းအား ''အနီရောင်အဆင့်'' သတိပေးချက်ထုတ်ပြန်ကြေညာ လိုက်ခြင်းဖြစ်သည်။ သို့သော် Ophelia  ဟာရီကိန်းမုန်တိုင်းသည် အိုင်ယာလန်၏အေးမြသော ပင်လယ်ပြင်မှဖြတ်သန်းတိုက်ခတ် လာသောကြောင့် အိုင်ယာလန် ကျွန်းအနောက်ဘက်ကမ်းခြေများတွင် အင်အားလျော့နည်းသွားနိုင် သော်လည်းဖျက်ဆီးနိုင်စွမ်းကြီးမားနေမည်ဖြစ်သည်။ မိုးကြီးကာ ရေလွှမ်းမိုးနိုင်သည်ဟု အိုင်ယာလန်မိုးလေဝသဌာနက သတိပေးချက်တွင်ဖော်ပြထားသည်။ အိုင်ယာလန်နိုင်ငံမြောက်ပိုင်းတွင် ဂရင်းနစ်စံတော်ချိန် ၁၄ဝဝ နာရီ မှ ၂၁ဝဝ နာရီအတွင်း တစ်နာရီကီလိုမီတာ ၁၃ဝ (မိုင် ၈ဝ) နှုန်း တိုက်ခတ်မည်ဖြစ်သည်။

 

မိုဂါဒစ်ရှုး၊ အောက်တိုဘာ ၁၅

 

 

ဆိုမာလီးယားနိုင်ငံ မြို့တော် မိုဂါဒစ်ရှုးတွင် အောက်တိုဘာ ၁၄ ရက်က ကားဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ အနည်းဆုံး ၂၂ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ ခဲ့သည်ဟု အောက်တိုဘာ ၁၅ ရက် သတင်းများအရသိရသည်။  ပထမအကြိမ် ကားဗုံးပေါက်ကွဲမှုမှာ မိုဂါဒစ်ရှုးမြို့ရှိ အစိုးရရုံးဌာနများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များဖြင့် စည်ကားသော K5 လမ်းစုံတွင်ဖြစ်ပွားခဲ့သဖြင့် အဆောက်အအုံများနှင့် မော်တော်ကား တစ်ဒါဇင်ခန့် မီးလောင်ပျက်စီးသွားခဲ့ပြီး အနည်းဆုံး လူ ၂ဝ သေဆုံးခဲ့ ကြောင်း၊ ဒဏ်ရာရသူ တစ်ဒါဇင် ကျော်ကို အရေးပေါ်လူနာတင်ယာဉ် ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရ ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

 

 

မာရာဝီ၊ အောက်တိုဘာ ၁၅

 

ဖိလစ်ပိုင်စစ်တပ်သည် မာရာဝီမြို့ရှိ IS သစ္စာတော်ခံ စစ်သွေးကြွများကို အောက်တိုဘာ ၁၅ ရက်တွင်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ မာရာဝီမြို့ တိုက်ပွဲမှာမကြာမီပြီးဆုံးတော့မည်ဖြစ်ပြီး လူ ၁ဝဝ ကျော်သေဆုံးခဲ့ရပြီးဖြစ်သည်ဟုလည်း ဖိလစ်ပိုင်စစ်တပ်ကပြောကြားသည်။

 

ဝါရှင်တန်၊ အောက်တိုဘာ ၁၅

 

အမေရိကန်သမ္မတဒေါ်နယ်ထရန့် လွှတ်တော်တွင် စွဲချက်တင်ခံရပြီး ရာထူးမှဆင်းပေးရစေရန် သတင်းဖော်ထုတ်နိုင်သူအား ဒေါ်လာ ၁ဝ သန်းအထိချီးမြှင့်မည်ဟု လိင်ဖျော်ဖြေရေးစာပေထုတ်ဝေသူ Larry Flynt က ကြော်ငြာသည်။ အောက်တိုဘာ ၁၅ ရက်ထုတ် ဝါရှင်တန်ပို့စ် သတင်းစာကြီးတွင် စာမျက်နှာပြည့်ကြော်ငြာဖြင့် ကြေညာမောင်းခတ်ခဲ့ခြင်းဖြစ်သည်။

 

အန်ကာရာ၊ အောက်တိုဘာ ၁၄

 

တူရကီကျောင်းသား၊ ကျောင်းသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ခရီးသွားကိုယ်စားလှယ်များသည် အမေရိကန်နိုင်ငံနှင့် အငြင်းပွားကာ ဗီဇာထုတ်ပေးမှုများရပ်ဆိုင်းထား၍ အခက်ကြုံနေကြရသည်ဟု အောက်တိုဘာ ၁၄ ရက်သတင်းများအရသိရှိရသည်။ ယမန်နှစ်အတွင်း တူရကီလူမျိုး ၃၁၃၆၅၄ ဦး၊ အမေရိကန်လူ မျိုး ၄၅၉၄၉၃ ဦးတို့အပြန်အလှန်ခရီးသွားလာခဲ့ကြသည်ဟု တူရကီစာရင်းအင်းဌာနစာရင်းများအရသိရှိရသည်။

 

ဆရီနာဂါ၊ အောက်တိုဘာ ၁၄

 

အိန္ဒိယပိုင်ကက်ရှ်မီးယားဒေသတွင် အစိုးရတပ်များသည် ပါကစ္စတန်အခြေစိုက်စစ်သွေြး<ွကအုပ်စုများနှင့် အောက်တိုဘာ ၁၃ ရက်က တိုက်ပွဲ ဖြစ်ရာတွင် စစ်သွေးကြွအုပ်စုထိပ်တန်းခေါင်းဆောင် ဝါဆင်းရှားအား သုတ်သင်လိုက်နိုင်ခဲ့သည်ဟု အောက်တိုဘာ ၁၄ ရက်က သတင်းထုတ် ဖော်ကြေညာလိုက်သည်။

 

 

ဆိုးလ်၊ အောက်တိုဘာ ၁၄

 

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ လာမည့်ရေတပ်စစ်ရေး ပူးတွဲလေ့ကျင့်မှုမပြုလုပ်မီ မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးပျံပစ်ခတ်ရန်ပြင်ဆင်နေကြောင်း ယုံကြည်ရသည်ဟု သတင်းတစ်ခုက အောက်တိုဘာ ၁၄ ရက်တွင် အစိုးရသတင်းကိုကိုးကား၍ ဖော် ပြခဲ့သည်။ အမေရိကန်ရေတပ်ကပြော ကြားရာတွင် အမေရိကန်လေယာဉ်တင်သင်္ဘောဦးဆောင်လျက် လာမည့်အပတ်တွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြောက်ကိုရီးယား၏ လက်နက်အစီအစဉ်ကြောင့်တင်းမာမှုများ မြင့်တက်နေချိန်တွင်အင်အားပြမှု အစစ်အဖြစ်ပြုလုပ်သွားမည်ဖြစ်သည်။ ဤလုပ်ရပ်ကြောင့် မြောက်ကိုရီးယားကိုဒေါသထွက်စေပြီး ယခင်ကလည်း စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်မှုများလုပ်ဆောင်ခဲ့သည်။

 

ကရာကတ်စ်၊ အောက်တိုဘာ ၁၃

 

ဗင်နီဇွဲလားနိုင်ငံတွင် သမ္မတ နီကိုလာ့စ်မာဒူရိုကို အတိုက်အခံများ ကန့်ကွက် ဆန္ဒပြနေကြသော်လည်း ဒေသန္တရ ရွေးကောက်ပွဲများကို အောက်တိုဘာ ၈ ရက်က ညီညီ ညွတ်ညွတ်ပင်ကျင်းပခဲ့ကြသည်။

 

Page 4 of 11