ဝါရှင်တန်၊ နိုဝင်ဘာ ၁၆ ]
 

အမေရိကန်သမ္မတဒေါ်နယ် ထရန့်က မိမိ၏အာရှခရီးစဉ်အောင် မြင် ခဲ့ကြောင်း၊ မြောက်ကိုရီးယားကို အမြင့်ဆုံးဖိအားပေး မည်ဖြစ် ကြောင်း ပြောကြားသည်ဟု နိုဝင်ဘာ ၁၆ ရက် AFPသတင်းကဆိုသည်။ ဒေါ်နယ်ထရန့်သည် ငါးနိုင်ငံ အာရှခရီးစဉ်အဖြစ် တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဗီယက်နမ်နှင့်ဖိလစ်ပိုင်နိုင်ငံတို့သို့ သီတင်းပတ်နှစ်ပတ်နီးပါးကြာသွားရောက်ခဲ့သည်။ ထိုခရီးစဉ်တွင် အကျိုးရလဒ်ရရှိမှုနည်းပါးသည်ဟု ဝေဖန်သူများကဆိုသည်။

နယူးယောက်၊ နိုဝင်ဘာ ၁၆

 

လီယိုနာဒိုဒါဗင်ချီ၏ လက်ရာ ယုံကြည်ရသော နှစ်ပေါင်း ၅၀၀ သက်တမ်းရှိသည့် ယေရှုခရစ်တော်ပုံ ပန်းချီကားတစ်ချပ်သည် စံချိန်တင် အနုပညာလေလံငွေအဖြစ် ဒေါ်လာ ၄၅၀ ဒသမ ၃ သန်းရ ရှိခဲ့ကြောင်း လေလံအဖွဲ့ Christie's က ပြော ကြားသည် ဟု နိုဝင်ဘာ ၁၆ ရက် AFP သတင်းကဆိုသည်။ အနုပညာလောကတွင် ယခင် က စံချိန်တင်ထားသော လေလံငွေ မှာ ဒေါ်လာ ၁၇၉ ဒသမ ၄ သန်း ဖြစ်ပြီး ပက်ဘိုပီကာဆို၏ "အယ်လ် ဂျီးယားစ် အမျိုးသမီးများ "ပန်းချီ ကားကို ၂၀၁၅ ခုနှစ်တွင် ဃ့မင်အငနဒ် အဖွဲ့ကပင် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

အေသင်

ဂရိအစိုးရက ၎င်းနိုင်ငံသား ၃ ဒသမ ၄ သန်းကျော်အတွက် တစ်ကြိမ်တည်းနှင့် အကျိုး ကျေးဇူးရရှိစေမည့် လူမှုရေးထောက်ပံ့ငွေ စုစုပေါင်း ယူရို ၁ ဒသမ ၄ ဘီလီယံကို ဒီဇင်ဘာလအတွင်း ပေးဝေသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အလက်စစ်စီပရတ်စ်က ရုပ်မြင်သံကြား၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

မော်စကို

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တူရကီသမ္မတ ရီဆက်တေယစ်အာဒိုဂန်တို့က ယခုလနှောင်းပိုင်းတွင်ကျင်းပမည့် ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တိုးတက်မှုများရှိလာမည်ဟု မျှော်လင့်လျက်ရှိကြသည်။ ပူတင်နှင့် အာဒိုဂန်တို့က ရုရှားနိုင်ငံတောင်ပိုင်း ဆိုချီမြို့ တွင် တွေ့ဆုံကာ ဆီးရီးယားနိုင်ငံရှိ အခြေ အနေများကို ဆွေးနွေးပြောဆိုခဲ့ကြသည်။

ကယ်လီဖိုးနီးယား

ကယ်လီဖိုးနီးယားမြောက်ပိုင်းရှိ မူလတန်း စာသင်ကျောင်းတစ်ကျောင်းတွင် သေနတ်သမား ကီဗင်ဂျန်ဆန်နေးလ် ဆိုသူ၏ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူလေးဦး သေဆုံးခဲ့ရပြီး ကလေးနှစ်ဦး အပါအဝင် ၁ဝဦး ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေနတ်သမားမှာ စာသင်ခန်းအတွင်းသို့ ဝင်ရောက်၍ ကလေးများကို ပစ်ခတ်ရန် ကြိုးပမ်းခဲ့သေး ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ရက်ချနာဘူရီ၊ နိုဝင်ဘာ ၁၄ ၊ ပစ်ကပ်ဒရိုင်ဘာတစ်ဦးသည် ¤င်း၏ကားအံ့မခန်း ရုတ်တရက် မတော်တဆဖြစ်ပွားမှုကြောင့် ဒဏ် ရာရရှိသွားခဲ့သည်။ ¤င်း၏ပစ်ကပ် ကားမှာ လမ်းပေါ်မှပျံတက်သွား ကာ လမ်းဘေးရှိ ဓာတ်တိုင်ပေါ်မှ ဓာတ်ကြိုးများပေါ်သို့ ကျရောက် သွားခဲ့သည်။

လော့စ်အင်ဂျလိစ် နိုဝင်ဘာ ၁၅ ၊ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းရှိ ကျောင်းတစ်ခုအပါအဝင် နေရာအတော်များများတွင် အင်္ဂါနေ့က သေနတ် သမားတစ်ဦး ၏ တွေ့မရှောင် ပစ် ခတ်မှုကြောင့် လူ ၄ ဦးသေဆုံးခဲ့ပြီး ကလေးငယ်အများအပြားအပါ အဝင် လူတစ်ဒါဇင်နီးပါးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဟာရေးရေး နိုဝင်ဘာ ၁၅ ၊ အသက် ၉၃ နှစ်အရွယ် ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီ၏ အာဏာရ ဇနူးပီအက်ဖ် ပါတီက စစ်တပ်ခေါင်းဆောင်သည် အာဏာသိမ်းရန် လှုံ့ဆော်မှုများ ပြုလုပ်နေကြောင်းနှင့် နိုင်ငံတော်ကို သစ္စာဖောက်နေကြောင်း စွပ်စွဲပြောဆိုခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် စစ်သားများ က နိုင်ငံပိုင် ရုပ်သံဌာနကို သိမ်းပိုက်ခဲ့ကာ မြို့တော် ဟာရေးရေးတွင် လည်း တပ်ဖြန့်ချထားလိုက်ကြောင်း သိရသည်။

Page 4 of 23