ဆန်ဒီယာဂို၊ အောက်တိုဘာ ၁၃

 

အမေရိကန်အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးရုံး CBPက အောက်တိုဘာ ၁၃ ရက်တွင် နယ်စပ်ခြံစည်းရိုးများကို ဆောက် လုပ်ရေးလုပ်သားများ၊ ကရိန်းများဖြင့် အိုတေ၊ မီဆာဆိပ်ကမ်းတွင် ချနေသည့်ပုံကို တွစ်တာမှ ပြသခဲ့သည်။

 

ထိုင်ဝမ်၊ အောက်တိုဘာ ၁၃

 

ခိုးယူလာသော ဂျပန်ဆာမူရိုင်း ဓားဖြင့် ထိုင်ဝမ်သမ္မတရုံး အပြင် ဘက်ရှိ တာဝန်ကျ စစ်ရဲတစ်ဦးကို သြဂုတ် ၁၈ ရက်က တိုက်ခိုက်ခဲ့သူ လူချွန်ယီအား ထိုင်ဝမ်တရားရုံးက လူသတ်ရန် ကြံစည်မှုဖြင့် အောက် တိုဘာ ၁၃ ရက်က ရုံးတင် တရားစွဲ လိုက်သည်။

 

ပဲရစ် အောက်တိုဘာ ၁၃

အမေရိကန်ပြည်ထောင်စုနှင့် ၄င်း၏ မဟာမိတ် အစ္စရေးတို့သည် ကုလသမဂ္ဂ၏ ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ အဖွဲ့ကြီးဖြစ်သည့် ယူနက်စကိုမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့ကြသည်။ ဝါရှင်တန်မြို့တွင် ကြေညာခဲ့သောယင်းဆုံးဖြတ်ချက်သည် ယူနက်စကိုအဖွဲ့ကြီး၏ အစ္စရေးဆန့်ကျင်ရေး စိတ်ဓါတ်ရှိနေသည်ဟု စွပ်စွဲခံရမှုမှတဆင့် တင်းမာမှုများ နှစ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ အမေရိကန်နိုင် ငံခြားရေး ဝန်ကြီးဌာ နပြောခွင့်ရ အမျိုးသမီး ဟီသာ နူရက်က "ဒီဆုံးဖြတ်ချက်ဟာ ယူနက်စကို အဖွဲ့ကြီးထဲမှာ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်နေပြီးတော့ အစ္စရေးဆန့်ကျင်ရေးစိတ်ဓါတ်တွေ ဆက်ရှိနေတဲ့အပေါ် အမေရိကန်နိုင်ငံရဲ့ စိုးရိမ်မှုကို တုန့်ပြန်လိုက်တာဖြစ်ပြီး ပေါ့ပေါ့ ပါးပါး ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး" ဟု ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

ဆိုးလ် အောက်တိုဘာ ၁၃

သောကြာနေ့ အရုဏ်မတက်မီအချိန်တွင် မြောက်ကိုရီးယားနိုင်ငံရှိ နျူကလီးယားစမ်းသပ်သည့် နေရာတစ်ခုအနီး ပြင်းအား ၂ ဒသမ ၉ မဂ္ဂနီကျုရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု လှုပ်ရှား သွားခဲ့ကြောင်း သိရပြီး ယင်းငလျင်သည့် လူ့ပယောဂကြောင့် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပုံမရကြောင်း တောင်ကိုရီးယား ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၁ နာရီ ၄၁ မိနစ် အချိန်တွင် မြေအောက် အနက် ၅ ကီလိုမီတာကို ဗဟိုပြုလှုပ် ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်ဘူမိတိုင်းတာရေး အဖွဲ့က ပြောကြားပြီး ငလျင်ဗဟိုပြုချက်သည် ဖြောင်ဂဲရီ နှူကလီးယား စမ်းသပ်သည့် နေရာ၏ မြောက်ဘက်တွင် ရှိသည်ဟုဆိုသည်။

ဟန္နိုင်း အောက်တိုဘာ ၁၃

ယခုသီတင်းပတ်အတွင်း ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ဆိုးဆိုးရွားရွားရေကြီးမှုကြောင့် အနည်းဆုံး လူ ၅၄ ဦးသေဆုံးခဲ့ပြီး ၃၅ ဦးပျောက်ဆုံးလျက်ရှိကြောင်း သဘာဝဘေးကာကွယ်ရေးအေဂျင်စီက သောကြာနေ့တွင် ပြောကြားလိုက်သည်။ ဗီယက်နမ်နိုင်ငံသည် ရှည်လျားသော ကမ်းရိုးတန်းကြောင့် ဖျက်အားပြင်း မုန်တိုင်းများနှင့် ရေကြီးမှုဒဏ်ကို အလူးအလဲခံ စားနေရသည်။ ပြီးခဲ့သောလအတွင်း အလယ်ပိုင်းရှိ ပြည်နယ်များကို တိုက်ခတ်ခဲ့သော တိုင်ဖုန်းမုန်တိုင်းကြောင့်အပျက်အစီး များပြားခဲ့သည်။ ယခုသီတင်းပတ် တနင်္လာနေ့တွင် စတင်ခဲ့သော ရေကြီးမှုများမှာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီး ငုယင် ရွှမ် ချောင်၏ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင် ဗီယက်နမ်ရုပ်သံက ကိုးကားထုတ်လွှင့်သည်။

မော်စကို

 

ရုရှားနိုင်ငံက ဆော်ဒီအာရေးဗီးယားနိုင်ငံအား လက်နက်ပေးပို့ဖြည့်ဆည်းရန် သဘောတူညီခဲ့ကြောင်း သိရသည်။ ထိုသို့လက်နက် ပေးပို့ဖြည့်ဆည်းရာတွင် S-400  လေယာဉ် ဖျက်ဒုံးကျည်စနစ်အပါအဝင် ခေတ်မီဆန်း သစ်သောလက်နက်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

 

ဖရန့်ဖတ်

 

(၆၉)ကြိမ်မြောက် ဖရန့်ဖတ်စာအုပ်ဈေးပွဲတော်သို့ ဂျာမနီနိုင်ငံအဓိပတိ အင်ဂျဲလာမာကယ်၊ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ကရွန်တို့နှင့်အတူ ပြင်သစ်စာရေးဆရာ အယောက် ၂ဝဝ ခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။  ဖရန့်ဖတ်စာအုပ်ဈေးပွဲတော်သည် နိုင်ငံတကာစာအုပ်ထုတ်ဝေရေးလုပ်ငန်း၏ အကြီးမားဆုံးရောင်းဝယ်ဖောက်ကားသည့် ပွဲဈေးဖြစ်ပြီး နိုင်ငံ ၁ဝ၂ နိုင်ငံမှ ပြပွဲတင်သူ ၇၃ဝဝ ကျော်ရှိသကဲ့သို့ ဈေးပွဲတော်သို့ ဧည့်ပရိသတ် ၂၇၈ဝဝဝ ခန့် လာရောက်မည်ဟု မျှော်လင့်လျက်ရှိသည်။

 

ဘာစီလိုနာ


ကတ်တလန်ပြည်နယ် အကြီးအကဲ ကားလ်လက်စ်ပွီဒီမွန်နှင့် အခြားသော ဒေသ ခေါင်းဆောင်တို့က ကာတာလိုနီးယားဒေသ လွတ်လပ်ရေးကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့ရာတွင် ကာတာလိုနီးယား ဒေသ ခွဲထွက်ရေး အကောင်အထည်ဖော်မှုကိုမူ စပိန်အစိုးရနှင့် ဆွေးနွေးပြောဆိုခွင့်ရသည်အထိ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

 

Page 5 of 11