Main menu
HOT NEWS
adv

ရှင်ကျန်းဒေသတွင် မုတ်ဆိတ်မွေး အရှည် ထားခြင်းနှင့် ခေါင်းမြီးခြုံခြင်းကို တားမြစ်

ရှင်ကျန်း

အစ္စလာမ္မစ် အစွန်းရောက်မှုကို တိုက်ဖျက်ရေး ဆောင်ရွက်ချက်တစ်ခုအနေဖြင့် တရုတ်အစိုးရက နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်တွင် ကန့်သတ်မှုအသစ်များကို ချမှတ်ခဲ့သည်ဟု သိရသည်။ ချမှတ်ခဲ့သည့် ကန့်သတ်ချက်များတွင် အဆမတန် မုတ်ဆိတ်မွေး အရှည်ထားခြင်း၊ လူမြင်ကွင်းများတွင် ခေါင်း မြီးခြုံခြင်းနှင့် နိုင်ငံပိုင် ရုပ်သံလိုင်းများကို ကြည့်ရှုရန် ငြင်းဆန်ခြင်းတို့ကို တားမြစ်ချက်များ ပါဝင်သည်။

Read more...

သြစတြေးလျက အရှေ့အလယ်ပိုင်းမှ လာသည့် လေယာဉ်များကို လုံခြုံရေး တိုးမြှင့်မည်

ဆစ်ဒနီ၊ ဧပြီ ၂


သြစတြေးလျက အရှေ့အလယ်ပိုင်း မူဆလင်နိုင်ငံများမှ တိုက်ရိုက်လာသည့် ခရီးသည်များအား လုံခြုံ ရေးစစ်ဆေးမှုကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးခြိမ်းခြောက်မှုကို ကာကွယ်နိုင်ရန်ဖြစ်ကြောင်း ရိုက်တာသတင်းက ဧပြီ ၁ ရက်တွင်ေ ဖ်ာပြခဲ့သည်။

Read more...

လွှတ်တော် ဖျက်သိမ်းခံရ၍ ဗင်နီဇွဲလားနိုင်ငံ တစ်ဝန်း မငြိမ်မသက်ဖြစ်

ကာရာကက်စ်၊ ဧပြီ ၂
ဗင်နီဇွဲလားနိုင်ငံတွင် ဗဟိုတရားရုံးချုပ်သည် သမ္မတမာဒူရို၏ အတိုက်အခံများကြီးစိုးရာလွှတ် တော်ကို ဖျက်သိမ်းလိုက်သဖြင့် နိုင်ငံတစ်ဝန်းမငြိမ်မသက်မှုများပေါ် ပေါက်နေရကြောင်း ဧပြီ ၁ ရက် AFP သတင်းကဆိုသည်။ အစိုးရသည် ပြိုကွဲလုနီးပါးအခြေ အနေသို့ ဆိုက်ရောက်နေပြီး စစ်အာဏာသိမ်းရန်တောင်းဆိုမှုများလည်း ရှိနေသည်။

Read more...

အစိုးရအဖွဲ့ဝင်များ ပိုင်ဆိုင်မှုစာရင်း အိမ်ဖြူတော် ထုတ်ပြန်၊ အလွန် ချမ်းသာကြွယ်ဝသူ ၂၅ ရာခိုင်နှုန်းပါဝင် ဟုဆို

ဝါရှင်တန်၊ ဧပြီ ၂

အမေရိကန်သမ္မတအိမ်ဖြူတော်သည် အစိုးရထိပ်တန်းအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုစာရင်းထုတ်ပြန်လိုက်ကြောင်း ဧပြီ ၁ ရက် AFP သတင်းကဆိုသည်။ သို့သော် ထိုစာရင်းထဲတွင် သမ္မတဒေါ်နယ်ထရန့် နှင့် ဒုသမ္မတမိုက်ပင့်စ်တို့ မပါဝင်ပါ။ အဆိုပါပိုင်ဆိုင်မှု စာ ရင်းကို ပြုစုစစ်ဆေးရသော အစိုးရကျင့်ဝတ်ရုံးက ဒေါ်နယ်ထရန့်၏ အစိုးရဝန်ကြီးအဖွဲ့ဝင် ၂၅ ရာခိုင်နှုန်းသည် အလွန့်အလွန်ချမ်းသာကြွယ်ဝသူများဖြစ်ကြောင်း၊ သာမန်လူလတ်တန်းစားပုဂ္ဂိုလ်များမှာ သုံးပုံတစ်ပုံသာပါဝင်ကြောင်း သတင်းထုတ်ပြန်သည်။

Read more...

သမ္မတသက်တမ်း တိုးမြှင့်မည်ကို မကျေနပ်၍ ပါရာဂွေးပြည်သူများ လွှတ်တော်ကို မီးရှို့

အဆန်စီယွန်၊ ဧပြီ ၂


သမ္မတသက်တမ်းတိုးမြှင့်မည် ကိုမကျေနပ်သော ပါရာဂွေးပြည်သူများသည် လမ်းပေါ်ထွက်ဆန္ဒပြကာ လွှတ်တော်အဆောက်အအုံအတွင်း မီးရှို့ခဲ့သည်ဟု ဧပြီ ၁ ရက် ဘီဘီစီသတင်းက ဆိုသည်။ ၃၅ နှစ်ကြာ အာဏာရှင်စနစ်ကျဆုံးအပြီး ၁၉၉၂ ခုနှစ်တွင်ပြ ဋ္ဌာန်းခဲ့သော လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတဖြစ်သူသည်ငါးနှစ် သက်တမ်းတစ်ကြိမ်သာထမ်းဆောင်ခွင့်ရှိသည်။ သို့သော် လက်ရှိသမ္မတ ကာတက်စ်သည် အဆိုပါကန့်သတ် ချက်ကိုပယ်ဖျက်ပြီး နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်နိုင်ရန် ကြိုးပမ်း လျက်ရှိရာ ဆန္ဒပြမှုများပေါ်ပေါက်ခဲ့ရသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616