HOT NEWS
Main menu
adv

တောင်အာဖရိက သမ္မတ ဇူးမား မိန့်ခွန်းပြောကြားမည့် ပါလီမန် လွှတ်တော်တွင် လုံခြုံရေး အများအပြား ချထား

ကိတ်တောင်း၊ ဖေဖော်ဝါရီ ၁၀

တောင်အာဖရိက သမ္မတဂျက် ကော့ဇူးမား၏ နိုင်ငံတော်မိန့်ခွန်း ပြောကြားမည့် ဖေဖော်ဝါရီ ၉ ရက်တွင် ပါလီမန်လွှတ်တော်အပြင်၌ အကြမ်းဖက်မှု မဖြစ်ပွားစေရန် စစ်သား ၄၄ဝ ကျော်တပ်ဖြန့်ချထားပြီးလုံခြုံ ရေးအဆင့်မြှင့်တင်ထားသည်။ တောင်အာဖရိကစီးပွားရေး ကျဆင်းခြင်း၊ အလုပ်လက်မဲ့နှုန်းမြင့် တက်လာခြင်း၊ လာဘ်ပေးလာဘ်ယူ ခြစားမှုများပြားလာခြင်းတို့ကြောင့် အသက်(၇၄)နှစ်အရွယ် သမ္မတဇူးမား ကိုဝေဖန်ဆန့်ကျင်မှုများနှင့်ရင်ဆိုင် နေရသည်။

Read more...

အယ်လ်ဘေးနီးယား ကယ်ဆယ်ရေးအဖွဲ့က သတ္တုတွင်း အတွင်း ပိတ်မိနေသော တရုတ် လုပ်သားများကို ဆက်လက် ရှာဖွေလျက်ရှိ

ဘူလ်ကီဇာ

အယ်လ်ဘေးနီးယား ကယ်ဆယ်ရေးအဖွဲ့က သတ္တုတွင်းအတွင်း ပိတ်မိနေသော တရုတ်လူမျိုး သတ္တုတူးဖော်ရေးကျွမ်းကျင်သူ လုပ်သားသုံးဦးကို ဆက်လက်ရှာဖွေမှု ပြုလျက်ရှိကြောင်း သိရသည်။ အယ်လ်ဘေးနီးယားနိုင်ငံ ဘူလ်ကီဇာမြို့ မြောက်ပိုင်းရှိ သတ္တုတွင်းတွင် ဟိုက်ဒရို ဂျင်ဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တရုတ်လူမျိုး သတ္တုတွင်းလုပ်သားသုံးဦးမှာ သတ္တုတွင်းအတွင်း ပိတ်မိနေခဲ့ကြခြင်း ဖြစ်သည်။

Read more...

အမေရိကန်နိုင်ငံတော် ရှေ့နေချုပ်အဖြစ် ဂျက်ဖ် ဆက်ရှင်ကို အတည်ပြုခန့်အပ်

ဝါရှင်တန် ဖေဖော်ဝါရီ ၉

သမ္မတဒေါ်နယ်ထရန့်၏ ထိပ်တန်းဥပဒေအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်နိုင်ခြင်းရှိ၊ မရှိနှင့် ပြည်တွင်းအခွင့်အရေး မှတ်တမ်းများနှင့် ပတ်သက်၍ အချေအတင်ဆွေးနွေးခဲ့ရသော်လည်း ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် နိုင်ငံတော် ရှေ့နေချုပ်အဖြစ် ဂျက်ဖ် ဆက်ရှင်ကို ဆီးနိတ်လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

Read more...

စက်ရုံပိတ်ထောက်ပံ့ကြေး ဘတ်တစ်သန်းခွဲခန့် မြန်မာလုပ်သားများကို ထိုင်းအစိုးရပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၈
နစ်နာ ကြေးမပေးဘဲ စက်ရုံပိတ်သိမ်းခဲ့သည့် အလုပ်ရှင်ကိုယ်စား ထိုင်းအစိုးရမှ မြန်မာလုပ်သား ၅၁ ဦးကို ထောက် ပံ့ကြေး ဘတ်တစ်သန်းခွဲခန့် ပြန်လည် ပေးလျော်ခဲ့ကြောင်း သိရသည်။
Read more...

တရုတ်သမ္မတထံပေးပို့သည့် ကန်သမ္မတဒေါ်နယ်ထရန့်၏ စာထဲတွင် အပြုသဘောဆောင်သော ဆက်ဆံရေး ဆက်လက်ဖွံ့ဖြိုးရေး ဖော်ပြထား

ဝါရှင်တန် ဖေဖော်ဝါရီ ၉

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ ဗုဒ္ဓဟူးနေ့တွင် စာတစ်စောင် ရေးသားပေးပို့လိုက်ပြီး ယင်းစာထဲတွင် နိုင်ငံကြား အကျိုးဖြစ်ထွန်းစေမည့် အပြုသဘောဆောင်သော ဆက်ဆံရေးတစ်ခု ဖွံ့ဖြိုးလာစေရန် ၄င်းနှင့်အတူလုပ်အတူတွဲ လုပ်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ရေးသားဖော်ပြထားသည်ဟု အိမ်ဖြူတော်က ထုတ်ပြန်သော ကြေညာချက်တစ်စောင်ထဲ တွင် ဖော်ပြထားသည်။

Read more...
adv

adv

FacebookG+TwitterRSS