Main menu
HOT NEWS
adv

ဗင်နီဇွဲလား ဆန္ဒပြပွဲ ဆက်လက်ပြုလုပ်၊ အမျိုးသမီးများ ပါဝင် ဆန္ဒပြလာကြ

ကရာကတ်စ်၊ မေ ၇

ဗင်နီဇွဲလားနိုင်ငံတွင် အဖြူ ရောင်ဝတ်စုံဝတ်အမျိုးသမီးထောင် ပေါင်းများစွာတို့သည် သမ္မတမာဒူရို အစိုးရအားဆန္ဒပြမှုများ မေ ၆ ရက် နှင့် ၇ ရက်များက ဆက်လက်ပြု လုပ်ခဲ့ကြသည်။

Read more...

ပိုလန်ပြည်သူ ငါးသောင်းခန့် အစိုးရ၏ မူဝါဒများကို ကန့်ကွက်ဆန္ဒပြ

ဝါဆော၊ မေ ၇

ပိုလန်ပြည်သူ ငါးသောင်းခန့်သည် ဝါဆောမြို့တွင် မေ ၆ ရက်၌ အစိုးရ၏ မူဝါဒများကို ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။ အစိုးရ၏အငြင်းပွားဖွယ် ပြုပြင်ပြောင်းလဲမှုများကြောင့် တရားဥပဒေစိုးမိုးရေးမှာ စိုးရိမ်ဖွယ် အနေအထား ရောက်ရှိနေရသည်ဟု ၎င်းတို့ကဆိုသည်။ ဆန္ဒပြပွဲကို အတိုက်အခံ PO ပါတီက ဦးဆောင်စီစဉ်သည်။ အရှေ့အလယ်ပိုင်းဒေသမှ စစ်ဘေးရှောင် ဒုက္ခသည်များဝင်ရောက်လာမှုကို တားဆီးမည်ဟု ကြွေးကြော်ပြီး ၂ဝ၁၅ အောက်တိုဘာလတွင် အာဏာရလာသော ပေါ်ပြူလာဝါဒီ PiS အစိုးရသည် အခြေခံဥပဒေခုံရုံး၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုစခန်းများစသည်တို့၏ လွတ်လပ်စွာရပ်တည်ပိုင်ခွင့်ကို သေးသိမ်စေခဲ့သည်ဟု PO ပါတီက စွပ်စွဲသည်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတွင် ပါတီဝင်များကို ဒါရိုက်တာအဖြစ် ခန့်အပ်မှုများကိုလည်း PO ပါတီက ကန့်ကွက်သည်။

Read more...

နိုင်ဂျီးရီးယားတွင် ဘိုကိုဟာရမ် ပြောက်ကျားများက ပြန်ပေးဆွဲထားသော ချီကော့ကျောင်းသူ ၈၂ ဦး ပြန်လွှတ်

မယ်ဒူဂူရီ၊ မေ ၇ 

နိုင်ဂျီးရီးယားနိုင်ငံတွင် လွန်ခဲ့ သောသုံးနှစ်က ဘိုကိုဟာရမ်ပြောက် ကျားများ၏ ဖမ်းဆီးခြင်းခံခဲ့ရသော ချီကော့ကျောင်းသူ ၈၂ ဦး ပြန်လည် လွတ်မြောက်လာပြီဟု နိုင်ဂျီးရီးယား အစိုးရက မေ ၇ ရက်အစောပိုင်းက သတင်းထုတ်ပြန်ကြေညာလိုက်သည်။ အစိုးရကလည်း အကြမ်းဖက်သမားဟု စွပ်စွဲဖမ်းဆီးထားသူ များကိုလည်း ပြန်လည်လွှတ်ပေးလိုက်ခဲ့သည်။ ယင်းသည် သူပုန်နှင့် အစိုးရစေ့စပ်ညှိနှိုင်းမှုကြောင့် ဖမ်းဆီးထားရာမှ ပြန်လွှတ်ပေးခံရသူ အမျိုးသမီး ၃ဝဝ ဦးခန့်ရှိနေပြီး ယခုတစ်ကြိမ်ပြန်လွှတ်ပေးမှုသည် ဦးရေ အများဆုံးဖြစ်သည်။ ဖမ်းဆီးခံ ချီကော့ကျေးရွာမှ ကျောင်းသူ ၂ဝ ဦးသည် အောက်တိုဘာလကပင် လွတ်မြောက်ခဲ့ပြီး ဖြစ်သည်။ ပြောက်ကျားသူပုန်များအား ငွေပေးရွေးယူခဲ့ရသည်ဟူသော ပြောဆိုချက်ကိုမူ အစိုးရက ငြင်းဆန်ခဲ့သည်။

Read more...

ပြင်သစ် သမ္မတလောင်း မက်ခရွန်၏ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ အွန်လိုင်းတွင် ပေါက်ကြားမှုဖြစ်ပွား

ပဲရစ်

စာရွက်စာတမ်း အချက်အလက်များစွာ အွန်လိုင်းတွင် ပျံ့နှံ့လာပြီးနောက် ပြင်သစ် သမ္မတ လောင်း အီမန်နျူရယ်မက်ခရွန်၏ မဲဆွယ်စည်းရုံးမှုအဖွဲ့က ၎င်းတို့သည် ကြီးမားသော ဆိုက်ဘာတိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။ အွန်လိုင်းတွင် ပျံ့နှံ့နေ သော အချက်အလက်များတွင် ခိုး ယူသွားသော အချက်အလက်အစစ်များနှင့် အချက်အလက်အတုများကို ရောထားကာ ပြည်သူများကို ဝေခွဲရခက်အောင် ပြုလုပ်ထားသည်ဟုလည်း ယင်းတို့က ပြောသည်။

Read more...

ဆူမားတြား ထောင်တစ်ခုမှ ထောင်သား ၂ဝဝ ကျော် ထွက်ပြေး၊ သုံးပုံ တစ်ပုံခန့်ကိုသာ ပြန်လည် ဖမ်းမိ

ဆူမားတြား

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းရှိ ထောင်တစ်ခုမှ အကျဉ်းသား ၂ဝဝ ကျော် ထွက်ပြေးမှုတွင် သုံးပုံတစ်ပုံခန့်ကိုသာ ပြန်လည်ဖမ်းမိထားပြီး အများစုမှာ ထွက် ပြေးလွတ်မြောက်နေကြဆဲဟုလည်း အာဏာပိုင်များက ပြောသည်။ 

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616