သည်ဟိတ် နိုဝင်ဘာ ၃ဝ
 

ဘော့စနီးယားနိုင်ငံ Croat နွယ်ဖွား စစ်ရာဇဝတ်မှု ကျူးလွန်သူ တပ်မှူးဟောင်း Slobodan Praljak သည် ဗုဒ္ဓဟူးနေ့ ၌ ပြုလုပ်ခဲ့သော နောက်ဆုံးစီရင်ချက်ချမှတ်မှုအတွင်း ကုလသမဂ္ဂ တရားသူကြီးများက ထောင်ဒဏ်နှစ် ၂၀ ချမှတ် လိုက်ကြောင်း ကြေညာခဲ့ပြီးနောက် ယင်းတရားရုံးခန်းအတွင်း၌ပင် အဆိပ်သောက်ကာ အဆုံးစီရင်သွားခဲ့ကြောင်း ခရိုအေးရှား မီဒီယာတွင် ဖော်ပြထားသည်။ 

တိုကျို နိုဝင်ဘာ ၃၀

 

ဂျပန်ဧကရာဇ် အာကီဟီတို၏ သားတော်မင်းသး အာကီရှီနိုက ဧကရာဇ်ကြီးအနေဖြင့် ရာစုနှစ် နှစ်ခုနီးပါးအတွင်း ဂျပန်ထီးနန်းတွင် ပထမဆုံး အကြိမ်အဖြစ် နန်းစွန့်ရန် စီစဉ်ခဲ့ပြီးနောက် ၄င်းအနေဖြင့် အိမ်ရှေ့မင်းသား နာရူဟီတိုထံ ထီးနန်းကိုမလွှဲအပ်မီ ပြည်သူ့တာဝန်များကို လွှဲပြောင်းပေးမည်ဟု ခန့်မှန်းထားကြောင်းပြောကြားလိုက်သည်။ 

ဂျကာတာ၊ နိုဝင်ဘာ ၂၈

 

အင်ဒိုနီးရှားတွင် နိုဝင်ဘာ ၂၈ ရက်က လူခုနစ်ဦးမှာ ၎င်းတို့ လက်ကိုအက်စစ်လောင်၍ ဆေးရုံသို့ရောက်လာခဲ့ကြောင်း၊ ၎င်းတို့သည် မှော်ဆရာဟုဆိုသူတစ်ဦးက ၎င်းတို့ခန္ဓာကိုယ်အနာတရမဖြစ် စေရဟုအာမခံကာ လုပ်ဆောင်ခဲ့ကြသည်ဟုဆိုသည်။ ထူးဆန်းသောအဆိုပါပုဂ္ဂိုလ်မှာ ဒီဒီဆိုသူဖြစ်ပြီး ၎င်းမှာ ဤ ကျေးရွာသို့ လပေါင်းအတော်ကြာကတည်းက ပြောင်းရွှေ့လာခဲ့ ကြောင်း၊ ၎င်းက သူသည် ရိုးရာ မှော်ဆရာတစ်ဦးဖြစ်သည်ဟုပြော ကြားခဲ့ကြောင်း၊ ၎င်းက လူတစ်ဦးကို ဒဏ်ရာအနာတရဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း၊ လူ့ခန္ဓာကိုယ်ဒဏ်ရာမရစေရကြောင်း ပြောကြားခဲ့သည်။

ဝါရှင်တန်၊ နိုဝင်ဘာ ၂၈

 

ဆိုမာလီယာမြောက်ပိုင်းတွင် အမေရိကန်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အကြမ်းဖက်သမားတစ်ဦးသေဆုံးခဲ့ကြောင်း စစ်တပ်တာဝန်ရှိသူကပြောကြားလိုက်သည်။ အမေရိကန်၏ အာဖရိကစစ်ဌာနချုပ် (AFRICOM) ကပြောကြားရာတွင် အမေရိကန်က ဤလေကြောင်းတိုက်ခိုက်မှုကို ဆိုမာလီအစိုးရနှင့်ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ ဆိုမာလီမြောက်ပိုင်းရှိ ISIS တို့ကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အကြမ်းဖက်သမားတစ်ဦး သေဆုံးခဲ့ကြောင်း AFRICOM က ပြောကြားခဲ့သည်။

လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၂၈

 

အမေရိကန်နိုင်ငံ ဟာဝိုင်အီ ပြည်နယ်သည် စစ်အေးခေတ်နျူ ကလီးယားတိုက်ခိုက်ခံရပါက လေကြောင်းရန် သတိပေးတပ်လှန့် မှုလေ့ကျင့်ခြင်းများကို နှစ်ပေါင်း ၃ဝ ကြာရပ်ဆိုင်းထားရာမှ ပြည် နယ်တစ်ခုလုံး လစဉ်လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်တော့မည်ဟု အရေးပေါ်စီမံခန့်ခွဲရေးအရာရှိ များက နိုဝင်ဘာ ၂၇ ရက်က ပြော ဆိုလိုက်သည်။ ယင်းသည် မြောက် ကိုရီးယားမှ ဒုံးပျံများပစ်လွှတ်မည် ဟု ခြိမ်းခြောက်မှုများမြင့်တက်လာ နေ၍ဖြစ်ကြောင်းလည်း နိုဝင်ဘာ ၂၈ ရက် သတင်းများအရ သိရသည်။

ဂျာကာတာ နိုဝင်ဘာ ၂၈
 

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းရှိ Agung မီးတောင်ပေါက်ကွဲနေရာမှ မီးတောင်ပြာများ ထွက်ပေါ်နေသည့် အတွက် ယင်းကျွန်းပေါ်ရှိ I Gusti Ngurah Rai နိုင်ငံတကာလေဆိပ်ကို နောက်ထပ် ၂၄ နာရီ ထပ်မံပိတ်ထားလိုက်ကြောင်း အင်ဒိုနီးရှားသယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားခဲ့ သည်။

ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၈

 

ဘယ်လ်ဂျီယံနိုင်ငံ ရထားလမ်းကုမ္ပဏီတစ်ခုဖြစ်သော Infrabel ကုမ္ပဏီမှ အလုပ်သမားများစွာသည် ဘယ်လ်ဂျီယံနိုင်ငံတောင်ပိုင်း Morlanwelz မြို့ရှိ ရထားလမ်းဆုံတစ်ခုတွင် ရထားဖြင့် တိုက်မိခဲ့ပြီး ယင်းမတော်တဆမှုကြောင့် လူ ၂ဦးသေဆုံးခဲ့ကာ တစ်ဦးပျောက်ဆုံးနေပြီး အခြားလူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရထားလမ်းရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

လန်ဒန် ၊ နိုဝင်ဘာ ၂၈

 

ဗြိတိန်မင်းသား ဟယ်ရီ(Harry) နှင့် ၄င်း၏ချစ်သူ မက်ဟန်မာကဲလ်(Meghan Markle) တို့ နှစ်ဦးသည် နိုဝင်ဘာလ အစောပိုင်းက လန်ဒန်မြို့ တွင် စေ့စပ်ကြောင်းလမ်းခဲ့ပြီး ဖြစ်ကြောင်း ဗြိတိသျှတော်ဝင်မိသားစုက နိုဝင်ဘာ ၂၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ အဆိုပါကြေညာချက်ကို ဝေလမင်းသား နှင့် Cornwall မြို့ စားကြီး၏ ရုံးတော်မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်ထပ်မင်္ဂလာပွဲကို လာမည့်နှစ် နွေဦးရာသီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း နှင့် မင်္ဂလာရက်မြတ် အသေးစိတ်ကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

Page 7 of 31