Main menu
HOT NEWS
adv

ဂျပန်နိုင်ငံ အရှေ့ပိုင်းတွင် ရေခဲတောင်ပြိုကျ၊ ရှစ်ဦးသေ၊ ၄ဝ ဒဏ်ရာရ

ဂျပန်နိုင်ငံ Tochigi  စီရင်စုတွင် ရေခဲတောင်ပြိုကျမှုဖြစ်ပွားခဲ့သဖြင့် အထက်တန်းကျောင်းသား ခုနစ်ဦးနှင့် ဆရာတစ်ဦးသေဆုံးခဲ့ပြီး ၄ဝကျော် ဒဏ်ရာရရှိခဲ့သည်ဟု မတ် ၂၈ရက် သတင်းများအရသိရသည်။

Read more...

အမေရိကန်သံရုံး တဲလ်အဗစ်မှ ဂျေရုဆလင်သို့ ရွှေ့မည့်ကိစ္စကို မိုက်ပင့်စ်ပြန်လည် သုံးသပ်

ဝါရှင်တန်၊ မတ် ၂၈

အမေရိကန် ဒုတိယသမ္မတမိုက်ပင့်စ်က အမေရိကန်သံရုံးအား တဲလ်အဗစ်မှ ဂျေရုဆလင်သို့ရွှေ့ပြောင်းမည့်ကိစ္စအား ပြန်လည်သုံးသပ်ခဲ့ကြောင်း၊ ဤကိစ္စမှာ သမ္မတဒေါ်နယ်ထရန့်၏ အရေးတကြီးစဉ်းစားသော ပြဿနာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၂ဝ၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲ မဲဆွယ်ရာတွင်၊ ထရန့်၏ အဖွဲ့က အမေရိကန်သံရုံးကို ဂျေရုဆလင်သို့ရွှေ့ပြောင်းရန် မကြာခဏ ပြောကြားခဲ့ကြသည်။ သို့ရာတွင်အာဏာရလာပြီးနောက် ပြဿနာများ ဆက်တိုက်ပေါ်ပေါက်ခဲ့၍ ဤကိစ္စကို ခေတ္တဘေးသို့ဖယ်ထားခံရသည်။

Read more...

သြစတြေးလျတွင် ဆိုင်ကလုန်း မုန်တိုင်းဝင်ရောက် လူထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

ဆစ်ဒနီ၊ မတ် ၂၈

သြစတြေးလျမြောက်ပိုင်း Queensland  ပြည်နယ်ကမ်းရိုးတန်းဒေသတွင် မတ် ၂၇ ရက်က ဆိုင်ကလုန်းမုန်တိုင်း Debbie ဝင်ရောက်လာသဖြင့် နိုင်ငံခြားသားခရီးသွားများအပါအဝင် လူထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့သည်။ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း Debbie  သည် Queensland  ပြည်နယ်သို့ မတ် ၂၈ ရက်တွင် စတင်ဝင် ရောက်နိုင်ပြီး ၂ဝ၁၁ ခုနှစ်ကတိုက်ခတ်ခဲ့သော ဆိုင်ကလုန်း Yasi  ထက်ပို၍ ပြင်းထန်နိုင်သည်ဟု မိုးလေဝသဌာနကပြောသည်။

Read more...

အမိနိုင်ငံသို့ပြန်မည့် ထိုင်းရောက်မြန်မာလုပ်သားများကို နယ်စပ်တွင်ငွေးကြေးတောင်းခံပါက အရေးယူမည်ဟုဆို

မြဝတီ၊ မတ် ၂၇ ၊ သင်္ကြန်ကာလတွင် ထိုင်းနိုင်ငံမဲဆောက်မြို့မှ မြန်မာ နိုင်ငံသို့ပြန်လာကြသောမြန်မာနိုင်ငံသားများကို အထူးအစီအစဉ်တစ် ရပ်အနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ချစ်ကြည်ရေးတံတား၏ထိုင်းနိုင်ငံ ဂိတ်မှဗီဇာကြေးငွေမကောက်သည့်အပြင် တံတားဖြတ်သန်းခ အခွန်ခများကိုပါ ပေးဆောင်စရာမ လိုဘဲ အခမဲ့ဖြတ်သန်းသွားလာခွင့် ပြုမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံလူဝင် မှုကြီးကြပ်ရေးဝန်ကြီးဌာန ဌာနမှူး ကြီးဖြစ်သည့် မစ္စတာ ""နက်ကထွန်း"" သည် မတ် ၂၇ ရက် နံနက် ၉ နာရီ က မဲဆောက်၊ မြဝတီနယ်စပ်ဂိတ်၌ ပြောကြားခဲ့ကြောင်း သိရသည်။

Read more...

မော်စကို ဆန္ဒပြပွဲတွင် အတိုက်အခံခေါင်းဆောင် အပါအဝင် ဆန္ဒပြသူ ရာပေါင်းများစွာ ဖမ်းဆီးခံရ

မော်စကို၊ မတ် ၂၈

အကျင့်ပျက်ခြစားမှုနှင့်ပတ်သက်ပြီးဆန္ဒပြပွဲတွင် မတ် ၂၆ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့တွင် အတိုက်အခံခေါင်းဆောင် Alexei Navalny အပါအဝင် အစိုးရနှင့်သဘောထားကွဲလွဲ သူရာပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း မတ် ၂၇ ရက် သတင်းများအရသိရသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616