Main menu
HOT NEWS
adv
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင်နှင့် နိုင်ငံရေး အကျဉ်းသားရေးရာ ကော်မတီဝင် ဦးထွန်းကြည်အား တွေ့ဆုံမေးမြန်းခြင်း

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင်နှင့် နိုင်ငံရေး အကျဉ်းသားရေးရာ ကော်မတီဝင် ဦးထွန်းကြည်အား တွေ့ဆုံမေးမြန်းခြင်း

ထောင်ဥပဒေပြင်ဆင်ရန် သူရဦးရွှေမန်းဦးဆောင်သည့် ဥပဒေကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်မှ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့အား ဖိတ်ခေါ်ထားခြင်းနှင့် ၄င်းတို့အဖွဲ့လှုပ်ရှားဆောင်ရွက်နေမှုကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင်နှင့် နိုင်ငံရေး အကျဉ်းသားရေးရာ ကော်မတီဝင် ဦးထွန်းကြည်အား သူ၏ရုံးခန်းတွင် ဖလားဝါးနယူးစ်ဂျာနယ်မှ သွား ရောက် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က လက်ရှိမှာ ဘာတွေ လှုပ်ရှားဆောင်ရွက် နေပါသလဲ။
    နိုင်ငံရေး အကျဉ်းသားဟောင်း များရဲ့ အဓိက ရည်မှန်းချက်က နိုင်ငံရေး အကျဉ်းသားများြ>ွခင်းချက်မရှိ လွတ်မြောက် နိုင်ဖို့ ဦးစားပေးအနေနဲ့ ဆောင်ရွက်နေ ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မီဒီယာနဲ့ တွန်းအားပေးတာတွေ ရှိသလို အစိုးရ၊ လွှတ်တော်၊ ပြည်ထဲရေး၊ ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ ပတ်သက်လို့လည်း မီဒီယာ ကနေ တိုက်တွန်းအကြံပြုတာတွေလည်း ဆောင်ရွက်နေပါတယ်။

ဦးထွန်းကြည်အပါအဝင် နိုင်ငံရေးသမား တွေဟာ နိုင်ငံရေးလှုပ်ရှားခဲ့တာလည်း နှစ် တွေက မနည်းတော့ဘူး။ အခု ဒီမိုကရေ စီ အစိုးရတောင် ဖြစ်လာပြီဆိုတော့ နိုင်ငံ ရေးသမားတွေ မျှော်လင့်တဲ့ အစိုးရရော ဖြစ် လာပြီလို့ ဦးထွန်းကြည်ထင်ပါသလား။
    ၂ဝ၁၅ မှာ NLD ပါတီကို ပြည်သူတွေက တစ်ခဲနက် မဲပေးခဲ့တယ်။ ပြည်တွင်းရော ပြည်ပမှာပါ အပြတ်အ သတ် အနိုင်ရရှိခဲ့တယ်။ ဒါပေမဲ့ လော လောဆယ် အစိုးရရဲ့ လုပ်ငန်းဆောင်တာ တွေ ပြန်ကြည့်တဲ့အခါမှာ လုပ်ပိုင်ခွင့် ပြ ဿနာနဲ့ အာဏာပြဿနာကို သွားတွေ့ တယ်။ တကယ်တမ်းက လုပ်ပိုင်ခွင့်ရော၊ ပါဝါရော၊ အာဏာရော တော်တော်လေး ကို မရှိသလောက် ဖြစ်နေတယ်။ ဒါကြောင့် မို့ အစိုးရသစ်လို့ ပြောသော်ငြားလည်း အာဏာဟာ ဒီမိုကရေစီ အရွေ့အတွက် ဒီအခြေအနေမှာ တော်တော်လေးကို အား နည်းတယ်လို့ ပြောလို့ရတယ်။ ဒါတွေကို ကာကွယ်ရေး ဦးစီးချုပ်ကကိုင်ပြီး ကစား နေတယ်။ ဒီဘက်မှာတော့ ဒီမိုကရေစီ အစိုးရလို့ ပြောပေမယ့် ကျွန်တော်တို့ လို ချင်တာက အသွင်သဏ္ဌာန်နဲ့ အနှစ်သာရ ကို လိုချင်တာလေ။ ပြည်သူလူထုကလည်း မျှော်လင့်ချက် တော်တော် ပြင်းထန်ပါ တယ်။ ဒါပေမဲ့ မျှော်လင့်ချက်က ထင်သ လို ဖြစ်မလာသေးဘူး။

နိုင်ငံရေးလှုပ်ရှားရင်း အကျဉ်းထောင်တွေ ကို နိုင်ငံရေးသမားတွေ ရောက်သွားရ တယ်။ အဲဒီက ပြန်လွတ်လာတော့ နိုင်ငံ ရေးသမားတွေဟာ နိုင်ငံရေးအကျဉ်းသား လို့ ခံယူပေမဲ့ အရင်အစိုးရက နိုင်ငံရေး အကျဉ်းသားဆိုတဲ့ ဝေါဟာရကို လုံးဝ လက်မခံသလို လွှတ်တော်မှာလည်း လက် မခံဘူး။ ဒီအစိုးရ လက်ထက်မှာလည်း လက်မခံခဲ့ဘူးဆိုတော့ ဒီအပေါ်မှာ ဦးထွန်း ကြည် သုံးသပ်ပေးပါဦး။
    ပထမ ငါးနှစ် သက်တမ်းမှာ NLD လွှတ်တော်အမတ်က နိုင်ငံရေးအ ကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်ကို တင် ခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ပြည်ထဲ ရေးဒုဝန်ကြီးက ဒါနဲ့ပတ်သက်လို့ ပယ်ချ ခဲ့တယ်။ အခု ဒုတိယအကြိမ်မှာတော့ ရခိုင်ပါတီက ဦးဖေသန်းက တင်တယ်။ ဆက်စပ် မေးခွန်းမေးတယ်။ ထိုနည်းတူ စွာပဲ ပြည်ထဲရေးဒုဝန်ကြီးက လာဖြေတယ်။ ပယ်ချတယ်။ ဒါကိုကြည့်ရင် အထူးသဖြင့် ပြည်ထဲရေးလို့ ပြောလိုက်တာနဲ့ သူနဲ့ တိုက် ရိုက် အချိုးကျနေတဲ့ တပ်မတော်လည်း ပါတယ်။ ဒီ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး တက်ြ<ွက လှုပ်ရှားသူတွေ အပေါ်မှာ အမျိုးသားပြန် လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်း ရေးလို့ ပြောပြီးတော့ အခုအချိန်အထိ အာဃာတ အခြေခံတဲ့ ရန်လိုမှုတွေ ရှိနေ သေးတယ်လို့ ကျွန်တော်တို့က ခံစားမိ တယ်။ ဒါကြောင့်  Mindset ကတော့ ချိန်း ဖို့လိုတယ်။ ကျွန်တော်တို့ရဲ့ Mindset တွေ လည်း ချိန်းရမယ်။ အဲဒီတော့ တိုင်းပြည် ကို ဘယ်လောက်ချစ်လဲ၊ နိုင်ငံသူနိုင်ငံသား တွေအပေါ်မှာ ဘယ်လောက် စေတနာ ထားတယ် ဆိုတာက လက်တွေ့ကျဖို့လို ပါလိမ့်မယ်။ နဂိုရှိနေတဲ့ Mindset တွေ ကိုလည်း ပြုပြင်ပြီးတော့ နိုင်ငံရေးအကျဉ်း သားကိစ္စ၊ အမျိုးသား ပြန်လည်သင့်မြတ် ရေးကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတွေ နဲ့အတူ စစ်မှန်တဲ့ ဒီမိုကရက်တစ် ဖက် ဒရယ်ပြည်ထောင်စုအတွက် ရည်ရွယ်ပြီ ဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံက ကျွန်တော်တို့ တိုင်းပြည်အတွက် အင်မတန်မှ အရေးကြီး တဲ့ ဆုံမှတ်ဖြစ်လာတယ်။ ဒီဖွဲ့စည်းပုံဟာ ယနေ့ ခေတ်စနစ်နဲ့ ဘယ်လောက်လျော် ညီနေလဲ၊ နိုင်ငံတကာအဆင့်မီ ဘယ် လောက်ရှိလဲ၊ ပြည်တွင်းပြည်ပက လူတွေ နဲ့ ဘယ်လောက်တောင် သဟဇာတ ဖြစ် နေလဲဆိုတာ ပြန်သုံးသပ်ရမယ်။ ဖွဲ့စည်း ပုံပြဿနာဟာ ဥပဒေပြဿနာ မဟုတ် ဘူးလို့ ကျွန်တော် အလေးအနက်ယုံကြည် တယ်။ ဖွဲ့စည်းပုံပြဿနာဟာ နိုင်ငံရေး ပြဿနာပါ။ နိုင်ငံရေးပြဿနာကို နိုင်ငံ ရေးနည်းလမ်းနဲ့ ဖြေရှင်းမှသာ ကျွန်တော် တို့တိုင်းပြည်က ငြိမ်းချမ်းရေး ဖြစ်ထွန်းမှာ ပါ။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသား ဝေါ ဟာရအတွက် ပြန်သွားရရင် နိုင်ငံရေးအ ကျဉ်းသားများြ>ွခင်းချက်မရှိ လွတ်မြောက် ရေး၊ ထောင်ဥပဒေ ပြင်ဆင်ရေးဆိုတာ အ မျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည် တွင်းငြိမ်းချမ်းရေးမှာ အစိတ်အပိုင်းတစ် ခုအနေနဲ့ ပါဝင်နေတာမို့ ကျွန်တော်တို့က အင်နဲ့အားနဲ့ တွန်းနေရခြင်းဖြစ်ပါတယ်။ အဲဒါတွေရဲ့ အချုပ်က ဖွဲ့စည်းပုံပါပဲ။


သူရဦးရွှေမန်း ဦးဆောင်တဲ့ ကော်မတီက နိုင်ငံရေးအကျဉ်းသားတွေကို ခေါ်တွေ့ မယ်ဆိုပြီး အသံကြားရတယ်။ ဆိုတော့ ဒီဝေါဟာရ ပေါ်လာဖို့အတွက် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့အနေနဲ့ ဘာတွေ ဆောင်ရွက်နေလဲ။
    နိုင်ငံရေး အကျဉ်းသားဟောင်း များအဖွဲ့အနေနဲ့ အကျဉ်းထောင်ဥပဒေ ပြင်ဖို့အတွက် နိုင်ငံရေးအကျဉ်းသားများ အတွက် ဆောင်ရွက်နေတဲ့ AAPP လို အဖွဲ့နဲ့ ကျွန်တော်တို့ သုံးရက်တိတိ workshop လုပ်ခဲ့တယ်။ မီဒီယာကနေလည်း ကျွန်တော်တို့ရဲ့သဘောထား ထုတ်ပြန်ချက် တွေကို ထုတ်ပြန်တယ်။ အဲဒီရဲ့ အနှစ်ချုပ် တွေကိုလည်း သူရဦးရွှေမန်း ဦးဆောင်တဲ့ ဥပဒေကိစ္စရပ်များ လေ့လာဆန်းစစ် သုံး သပ်ရေးကော်မရှင်ကို တင်ပြတယ်။ ဒါမျိုး တွေ လုပ်တဲ့အခါကျတော့ ဥပဒေကိစ္စရပ် များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မ ရှင်ကနေပြီး မျက်စိ၊ နားဖွင့်ထားတဲ့အတွက် ကြောင့် ဒါတွေကို သူတို့လည်း သိမယ်လို့ ကျွန်တော် အလေးအနက် ယုံကြည်တယ်။ အဲဒါကြောင့် များမကြာမီကာလက ကျွန် တော်တို့ကို ဖုန်းနဲ့သော်လည်းကောင်း၊ တ ရားဝင် ကျွန်တော်တို့လုပ်တဲ့ ဧပြီ ၂၃ ရက် က မြန်မာနိုင်ငံသည် ကျရှုံးသည့် နိုင်ငံအ ဖြစ်ကို ဦးတည်နေပြီလားဆိုတဲ့ပွဲမှာ ဥပ ဒေ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မ ရှင်အဖွဲ့ဝင် ဦးတင်မောင်ဦးကိုယ်တိုင်က အများပြည်သူရှေ့မှာ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ကို ထောင်ဥပဒေ ပြင်ဆင်ဖို့အတွက် ဖိတ်ခေါ်သွားမယ်လို့ ပြောဆိုသွားပါတယ်။ ဒီဥပဒေဟာ ၁၈၉၄ ခုနှစ် အင်္ဂလိပ်နယ်ချဲ့လက်အောက်မှာ ပြဋ္ဌာန်းတယ်။ ဒါပေမဲ့ နိုင်ငံရေးသမားတွေ နိုင်ငံရေးအကျဉ်းသား ဖြစ်လာတဲ့အခါမှာ ထောင်မှာ Class တွေ ခွဲထားတယ်။ A တွေ၊ B တွေ ခွဲထားတယ်။ ဒါက နယ်ချဲ့နော်၊ ကျွန်တော်တို့ကို ကျွန်ပြုခဲ့တဲ့ အင်္ဂလိပ်နယ် ချဲ့ကတောင်မှ နိုင်ငံရေးသမားတွေကို ဒီ လိုတန်ဖိုးထားတယ်။ အဆင့်အတန်း တစ် ခု ပေးထားတယ်။


အခွင့်ထူးခံ လူတန်းစားတစ်ရပ် ပေါ်ပေါက် လာဖို့မလိုဘူးဆိုပြီးတော့ ပြောတယ်။ ဒါ ပေမဲ့ ဒီလိုပြောတဲ့လူတွေက ထောင်ဥပဒေ အကြောင်း ဘယ်လောက် သိထားသလဲ။
    ထောင်ဥပဒေမှာ ပါသင့် ပါ ထိုက်တဲ့ ဥပဒေကြောင်းတွေ၊ အချက်အ လက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ရပိုင်ခွင့် တွေ၊ အခွင့်အလမ်းတွေ ဒါတွေက ပါကို ပါရမယ်။ ဒါကြောင့် ခေတ်နဲ့လည်း လျော် ညီအောင်၊ ပါဝင်သင့် ပါဝင်ထိုက်တာတွေ ပါဝင်နိုင်အောင် ထောင်ဥပဒေထဲမှာ နိုင်ငံ ရေးအကျဉ်းသား ဝေါဟာရ အဓိပ္ပာယ် ဖွင့်ဆိုချက် မပါမဖြစ် ပါရမယ်။ နောက် တစ်ခုက ကျွန်တော်တို့က နိုင်ငံရေးအကျဉ်း သားကိစ္စကိုပဲ ဇောင်းပေးပြီး လုပ်နေတာ မဟုတ်ဘူး။ ထောင်ထဲကို ရောက်လာပြီ ဆိုရင် တရားစီရင်ရေးမဏ္ဍိုင် ဘယ်လောက် မျှတပြီး အကျဉ်းထောင်ထဲကို ရောက်လာ သလဲပေါ်မှာလည်း မူတည်သေးတယ်။ အကျဉ်းထောင်ဟာ ပြည်ထဲရေးဝန်ကြီး ဌာန အောက်မှာ ရှိနေသမျှ ကာလပတ်လုံး အကျဉ်းသားတွေဟာ ဒီလိုပဲ ဖြစ်နေ ဦးမှာပဲ။ အကျဉ်းထောင်ထဲ ရောက်လာသမျှ လူအားလုံးသည် အပြစ်ရှိလို့ ရောက် လာတယ်လို့ ကျွန်တော်တို့က မှတ်ချက် ပေးလို့ မရဘူး။ ဒါကြောင့် ဒီထဲကို ရောက် လာတဲ့လူတွေရဲ့ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့် အရေး၊ လူ့ရပိုင်ခွင့် အဲဒါတွေအားလုံးဟာ ဆုံးရှုံးတယ်။ ဒါကြောင့် ဒီအကျဉ်းထောင် ဥပဒေ ပြင်ဆင်ဖို့ရာမှာလည်း နိုင်ငံရေး အကျဉ်းသားဆိုတာကိုပဲ ဇောင်းပေးလို့ မရဘူးလို့ ပြောတာပါ။


အခုဆိုရင် လွှတ်တော်ကော်မတီတစ်ရပ် က နိုင်ငံရေး အကျဉ်းသားတွေအတွက် အခွင့်အရေး တစ်ခုပေးလာပြီ။ ဒါပေမဲ့ ဥပ ဒေပြုရေးအထိ ဆက်သွားရမှာဖြစ်လို့ လက် ရှိ လွှတ်တော်ကိုယ်စားလှယ်ထဲမှာရော နိုင်ငံရေး အကျဉ်းသားတွေ ပါတယ်ဆို တော့ ဒီဥပဒေ ထွက်လာဖို့အတွက် ဦးထွန်း ကြည်တို့အနေနဲ့ ဘယ်လိုမျိုး အကူအညီ တွေ ပေးသွားမလဲ။
    ဥပဒေရေးရာကိစ္စရပ်များ လေ့ လာသုံးသပ်ရေး ကော်မရှင်ကတော့ ကျွန် တော်တို့ကို ဖိတ်မယ်ဆိုတာတော့ ပြော ပြီးသွားပြီ။ ကျွန်တော်တို့ဘက်က ဒီနေရာ မှာ ပြည်သူကိုပေးချင်တဲ့ message က သူတို့က ဒီဥပဒေကြမ်း ဖြစ်ထွန်းလာဖို့အ တွက် ကျွန်တော်တို့ကို ဖိတ်ခေါ်တယ်။ ကျွန်တော်တို့ကလည်း အချက်အလက် တွေနဲ့ ကျွန်တော်တို့ လေ့လာထားတာတွေ၊ ကျွန်တော်တို့ လက်တွေ့ကျကျ ထောင် ပေါင်းများစွာကို ဖြတ်သန်းခဲ့တဲ့ အတွေ့ အကြုံတွေ ထောင်အသီးသီးမှာ ဖြစ်ပျက် နေတဲ့ အတွေ့အကြုံတွေ၊ နိုင်ငံရေးအကျဉ်း သားဆိုတဲ့ ကိစ္စတင်မဟုတ်ဘူး။ တခြား ကိစ္စရပ်တွေပါ အကျဉ်းသားအားလုံး ရ သင့်ရထိုက်တဲ့ အခွင့်အရေး လုပ်ပိုင်ခွင့် လိုက်နာရမယ့် ဥပဒေတွေကို ကျွန်တော် တို့ ကြိုးစားသွားမှာဖြစ်လို့ ကျွန်တော်တို့ က လွှတ်တော်ပြင်ပအပြင် လွှတ်တော်တွင်း က ရှိနေတဲ့ ဒီမိုကရက်တစ် အင်အားစု တွေ၊ ဒီမိုကရေစီအင်အားစုတွေကိုလည်း အတတ်နိုင်ဆုံး ချဉ်းကပ်မယ်။ တိုက်တွန်း မယ်၊ အကြံပြုသွားပါမယ်။         

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191