Main menu
HOT NEWS
adv
လူတစ်ယောက်သေတယ်လို့ သတင်းကြားတိုင်း လူသုံးယောက်က  နောက်ကွယ်မှာ မသန်စွမ်းဖြစ်နေကြတာ ဘယ်သူမှ မသိကြဘူး

လူတစ်ယောက်သေတယ်လို့ သတင်းကြားတိုင်း လူသုံးယောက်က နောက်ကွယ်မှာ မသန်စွမ်းဖြစ်နေကြတာ ဘယ်သူမှ မသိကြဘူး

မသန်စွမ်းသူများ အကျုံးဝင် ရွေးကောက်ပွဲနှင့် သတင်းအချက်အလက် ထုတ်ပြန်ကြော်ငြာ ခြင်းဆိုင်ရာ မီဒီယာလမ်းညွှန်သင်တန်း ဖွင့် ဖြစ်ခဲ့တဲ့အကြောင်းလေး သိပါရစေ။

သတင်းရေးသား ထုတ်လွှင့်တင်ပြတဲ့ အခါမှာ မသန်စွမ်းတဲ့သူတွေကို လူ့အခွင့်အ ရေးဆုံးရှုံးနေတဲ့ ရှုထောင့်ကနေ ဂုဏ်သိက္ခာ ရှိသော လူတွေအဖြစ် ပြည်သူလူထုကြားမှာ မြင်လာအောင် မီဒီယာတွေအနေနဲ့ သတင်း ကျောရိုးတွေ ဘယ်လိုတည်ဆောက်မလဲ။ဆောင်ရန်၊ ရှောင်ရန်တွေ ပိုပြီးတော့ အား ကောင်းတဲ့သတင်းတွေဖြစ်လာအောင် ဘယ် လိုလုပ်ရမလဲဆိုတာ သိအောင် သင်တန်းပေး ဆွေးနွေးဖြစ်တာ ဖြစ်ပါတယ်။

မီဒီယာတွေ ဖော်ပြမှုတွေထဲမှာ မသန်စွမ်းတွေ နဲ့ပတ်သက်လို့ မသုံးသင့်တဲ့ အသုံးအနှုန်း၊ ပုံစံတွေက ဘာတွေဖြစ်နေသလဲ။
လွန်ခဲ့တဲ့ ၁ဝစုနှစ်မတိုင်မီကတော့ တော် တော်များများ ရှိခဲ့တယ်။ သို့သော် ဒီဘက် ခေတ်မှာတော့ တော်တော်လေး ပြောင်းလဲ သွားပြီး ပပျောက်လာပြီလို့ ပြောလို့ရတယ်။ အရင်တုန်းကတော့ စကားလုံးဝေါဟာရ အသုံး အနှုန်းတွေက မသန်မစွမ်းတို့၊ ဒုက္ခိတတို့၊ ရော ဂါသည်တို့၊ ဘဝပေးအခြေအနေ မကောင်းတဲ့ သူတွေလို့ ဒီလိုပုံစံတွေနဲ့ တင်ပြခဲ့ကြတယ်။ သို့သော် ဒီဘက်ခေတ်မှာ စကားလုံးအသုံး အနှုန်းတွေ အများကြီး ပြောင်းလဲသွားပြီ။ မသန်စွမ်းသူတို့ မသန်ပေမယ့် စွမ်းဆောင်နိုင် သူ၊ အရည်အချင်းတွေရှိတယ်၊ အခွင့်အရေး တွေရှိတယ်ဆိုတာ ဇောင်းပေးတင်ပြလာတာ အားကောင်းလာတယ်။ သို့သော်လည်း အချို့ နေရာတွေမှာ နည်းနည်းလေး ထပ်ပြီးတော့ လိုအပ်နေတာလေးတွေရှိတယ်။

ဘယ်နေရာတွေမှာ ပြောင်းလဲဖော်ပြဖို့လိုအပ် နေသေးသလဲ။
မီဒီယာလောကလို့ပြောတဲ့နေရာမှာ စာ စောင်၊ ဂျာနယ်၊ TV တွေသာ မကပါဘူး။ ရုပ် ရှင်၊ ဗီဒီယိုတွေလည်း ပါတယ်။ အဲဒီမှာ တင် ပြတဲ့အခါမှာ သနားစရာနဲ့ ဟားစရာအနေနဲ့ပဲ မတင်ပြမိဖို့ပေါ့။ ဥပမာ- လူရွှင်တော်တွေက ကျွန်တော်တို့ကို ဟားစရာအနေနဲ့ပဲ တင်ပြ တယ်။ ရယ်စရာ၊ ပျော်စရာ၊ ပြက်စရာအနေ နဲ့ပဲ လုပ်တယ်။ တစ်ဖက်မှာ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာ အများကြီးထိခိုက်တယ်။ တကယ့် အခြေအနေမှန်နဲ့ မကိုက်ညီဘဲ သူတို့စိတ်ထဲ ရှိတာတွေ လုပ်ချလိုက်တော့ ပြည်သူတွေက ကျွန်တော်တို့ကို တကယ်ထင်သွားတယ်။ ဟား စရာအနေနဲ့ လုပ်တယ်။

မသန်စွမ်းတွေကို ဖော်ပြရာမှာ ဘယ်လိုမျိုး ဖော်ပြသင့်ပါသလဲ။
တကယ့်ဘဝကို ကြိုးစားရုန်းကန်ရပ် တည်နေသူတွေအကြောင်း၊ မသန်ပေမယ့် လည်း အားကစားဆုတံဆိပ်တွေရရှိပြီး ဝမ်း မြောက်ဝမ်းသာ ပျော်ရွှင်နေတဲ့ မသန်စွမ်းသူ တွေအကြောင်း၊ ရပ်ရွာကို အကျိုးပြုနေတဲ့ မသန်စွမ်းတွေရဲ့ သတင်းပုံရိပ်အကြောင်းတွေ ဖြစ်စေချင်တယ်။ လူတွေကို အပြုသဘော ရသပေးနိုင်တဲ့ သဘောတွေ လွှမ်းမိုးလာစေ ချင်တယ်။ ဒါမှသာ ပြည်သူတွေက မသန်စွမ်း တွေလည်း ဒီလိုစွမ်းနိုင်ကြတယ်။ ဒီလိုအခွင့် အရေးတွေရှိတယ်။ မသန်စွမ်းတွေကို ရွံ့တာ၊ ကြောက်တာတို့၊ မဝင့်မရဲဖြစ်တာတို့၊ မသန် စွမ်းဘဝကို အဆိုးမြင်တာတို့ကို တဖြည်းဖြည်း နဲ့ ရှောင်လွှဲနိုင်တယ်။

မသန်စွမ်းတွေအပေါ် ပြစ်မှုကျူးလွန်ခံရတာ  တွေနဲ့ပတ်သက်လို့ သိပါရစေ။
မသန်စွမ်းတွေက အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေဆုံးရှုံးနေကြတယ်။ တစ် ဖက်ကလည်း ကျွန်တော်တို့ကို သားကောင် တွေသဖွယ်ရှုမြင်ပြီးတော့မှ ခွဲခြားဆက်ဆံ တယ်။ အကြမ်းဖက်တယ်။ အလွဲသုံးတယ်။ကျွန်တော်တို့အားနည်းချက်ကိုဖော်ထုတ်ပြီး တော့မှ အားနည်းချက်ကိုပံ့ပိုးပေးရမယ့် အ စားအားနည်းချက်ကို အသုံးချလိုက်တာမျိုး တွေလုပ်တယ်။ နားမကြားလို့ဆိုတဲ့ အား နည်းချက်ကို ဘာမှပြန်မပြောနိုင်ပါဘူးဆိုပြီး ဗလက္ကာယပြုကျင့်လိုက်တာမျိုးတွေ သူက ပြန်မပြောနိုင်ဘူး။ တရားရုံးမှာ သက်သေ ထွက်ဆိုလို့လည်းမရဘူး။ အားနည်းချက် တွေကို အသုံးချတာမျိုးတွေမဖြစ်စေချင်ဘူး။ ဒါက နှစ်ဆ၊ သုံးဆ ခွဲခြားဆက်ဆံခံရတဲ့ ပုံစံမျိုးဖြစ်နေတယ်။


ဒီလိုမျိုးမဖြစ်ရအောင် ဘယ်သူတွေက ကာ ကွယ်ပေးသင့်လဲ။
လူ့အဖွဲ့အစည်းက ဝိုင်းဝန်းပြီး သတိမူ ကာကွယ်ပေးဖို့လိုတယ်။ နိုင်ငံတော်ကလည်း လိုတယ်။ ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်း ကလည်း အမြင်တွေပြောင်းလဲပြီး လုပ်ပေးဖို့ လိုပါတယ်။ ဒါဆိုရင်တော့ ဒါတွေကို ရဲရဲဝံ့ဝံ့ ကျော်လွှားပြီး ရပ်တည်နိုင်တဲ့သူတွေ ဖြစ်လာ မှာပေါ့။

မသန်စွမ်းတွေကို ဟီးရိုးပုံစံမျိုး အလွန်အကြူး  ဖော်ပြတာကိုလည်း မသင့်တော်ဘူးလို့ ပြော ထားတာနဲ့ပတ်သက်လို့ သိပါရစေ။
ကျွန်တော်တို့ တစ်ခုခုလုပ်နိုင်လို့ စွမ်းနိုင် လို့ အောင်မြင်သွားရင် သူတို့တွေက အရမ်းကို အမွှမ်းတင်လိုက်တာပေါ့။ ဥပမာ- စာမေးပွဲ အောင်တယ်။ အဆင့်တစ်ရတယ်ဆိုရင် အရမ်း ကို စူပါသူရဲကောင်းကြီးပုံမျိုး၊ အရမ်းကို လူ မစွမ်းလို့ နတ်မလိုက်တယ်။ အထွတ်အထိပ် ကိုရောက်တဲ့သူမျိုး ဂုဏ်ပြုလိုက်တယ်။ အဲဒီ တော့ လူတွေကြားထဲမှာ ကွာဟသွားတယ်။ တကယ်တော့ သူလည်း လူသားတွေထဲက လူသားပဲ။ ကြိုးစားရင် ကြိုးစားတဲ့အထဲက အောင်မြင်မှုကို ဆွတ်ခူးနိုင်မယ်။ သမားရိုးကျ ကြိုးစားတဲ့ အောင်မြင်မှုကို ရသွားတာလေ။ မသန်စွမ်းမို့လို့ ထူးခြားပြီးတော့ အောင်မြင် သွားတာ မဟုတ်ဘူးလေ။ ဒါမျိုးလေးတွေပေါ့။သာမန်လူတွေလုပ်နေတာကို မသန်စွမ်းတွေ လုပ်နိုင်တယ်ဆိုရင် အရမ်းကို သောင်းသောင်း ဖြဖြ အလွန်အကြူးဝင်္ကဝုတ္တိမြောက်အောင် ဖွဲ့လေ့ရှိပါတယ်။ ဒါမျိုးတွေ မဖြစ်စေချင်ဘူး။ အရမ်းကို အစွန်းမရောက်စေချင်ဘူး။

မြန်မာနိုင်ငံမှာ မသန်စွမ်းဦးရေ ဘယ်လောက် ရှိပါသလဲ။
၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မသန်စွမ်းဦးရေ ၂ ဒသမ ၃ သန်း ရှိတယ်။ ရာခိုင်နှုန်းနဲ့ဆိုရင် လူဦးရေ ၅၁ သန်းမှာ ၄ ဒသမ ၆ ရာခိုင်နှုန်းရှိပါတယ်။ မြန်မာနိုင်ငံရဲ့ မသန်စွမ်းသတ်မှတ်တဲ့ ပုံစံလေးမျိုးပဲ ရှိတာ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကသတ်မှတ်တဲ့ မသန် စွမ်းပုံစံတွေက ပိုများတယ်။ အဲဒီအတိုင်းသာ သတ်မှတ်မယ်ဆိုရင် မသန်စွမ်းရာခိုင်နှုန်းက ပိုများမယ်။ သက်ကြီးပုတွေ၊ အနာကြီးရောဂါ ကြောင့် နောက်ဆက်တွဲ မသန်စွမ်းဖြစ်တာ တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မသန်စွမ်း ထဲ ထည့်ထားတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူကြဘူး။ ကမ္ဘာမှာတော့ မသန်စွမ်း ၁၅ ရာ ခိုင်နှုန်း ရှိတယ်။

အသက် ၁၈နှစ်အထက် မဲပေးနိုင်တဲ့ မသန်စွမ်းဦးရေ ဘယ်လောက်ရှိသလဲ။ အခု ၂ဝ၁၇ ရောက်လာပြီဆိုတော့ မသန်စွမ်းဦးရေ ပိုတိုး လာပြီလား။
၂ဝ၁၄ သန်းခေါင်စာရင်းအရ ၁၈နှစ် အထက် မသန်စွမ်းက ပျမ်းမျှ ၁ ဒသမ ၅  သန်း လောက်ရှိတယ်လို့ ခန့်မှန်းတယ်။ ၂ဝ၁၄ နောက်ပိုင်း မသန်စွမ်းဦးရေတွေတိုးလာတယ်။ ကျွန်တော်တို့နိုင်ငံမှာက ကျန်းမာရေးစောင့် ရှောက်မှုတွေက မကောင်းဘူး။ ကိုယ်ဝန် ဆောင်မိခင်တွေကို ကျန်းမာရေးစောင့်ရှောက် မှု အားနည်းတယ်။ ဒီအတွက်ကြောင့် နောက် ဆက်တွဲ မသန်စွမ်းဖြစ်ပွားမှုတွေက များပြား ဦးမှာပဲ။ ကျွန်တော်တို့ မှန်းဆချက်ကတော့ လျော့အောင်လုပ်တဲ့သူထက် တိုးအောင်လုပ် တဲ့သူက ပိုများနေတယ်။ မသန်စွမ်းစာရင်းက တော့ ပြန်ကောက်မှပဲ Update ရမယ်။

မသန်စွမ်းဖြစ်စေတဲ့ အကြောင်းရင်းတွေ သိ ပါရစေ။
မသန်စွမ်းဖြစ်ရခြင်း အကြောင်းရင်းက မွေးရာပါ မသန်စွမ်းဖြစ်တယ်။ မတော်တဆ မှုတွေကြောင့် မသန်စွမ်းဖြစ်တယ်။ ရောဂါ ကြောင့် မသန်စွမ်းဖြစ်တယ်လေ။ အက်ဆီး ဒင့်တွေ။ ကားတိုက်တာလည်း အက်ဆီးဒင့်ပဲ၊ စစ်ပွဲတွေဖြစ်တာလည်း အက်ဆီးဒင့်ပဲ။ မြေ မြှုပ်မိုင်းကွဲတာလည်း အက်ဆီးဒင့်ပဲ။ ဆောက် လုပ်ရေးလုပ်ငန်းခွင်တွေမှာ Safety ပတ်ဝန်းကျင်မဖြစ်လို့ အပေါ်ကနေ ပြုတ်ကျတာတွေ၊ စက်မှုဇုန်တွေမှာဆိုရင်လည်း အန္တရာယ်ကင်းတဲ့ လုပ်ငန်းခွင်တွေမဟုတ်တော့ လွှစက်၊ ဓား စက်တွေကဖြတ်လို့ အမျိုးစုံဖြစ်နေတယ်။ ဒါ တွေကလည်း မသန်စွမ်း ဖြစ်စေတယ်။ လူ တစ်ယောက်သေတယ်လို့ သတင်းကြားတိုင်း လူသုံးယောက်က နောက်ကွယ်မှာ မသန်စွမ်း ဖြစ်နေကြတာ ဘယ်သူမှမသိကြဘူး။ ဥပမာ- ဘတ်စ်ကားတစ်စီး တောင်အောက်ထဲထိုးကျ လို့ သုံးယောက်သေသွားပြီဆိုရင် နောက်ကွယ် မှာ ခရီးသည်ကိုးယောက်လောက်က ထိခိုက် ဒဏ်ရာရပြီး ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ် သွားကြတယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲ ကြောင့် လူ ၁ဝ ယောက် သေတယ် သတင်း ကြားရင် သုံးနဲ့မြှောက်လိုက် လူ ၃ဝက ကိုယ် အင်္ဂါ အစိတ်အပိုင်းတွေ မသန်စွမ်းဖြစ်သွား တာ ဘယ်သူမှမသိလိုက်ကြဘူး။ ကန်တော် ကြီး X2O မဏ္ဍပ်မှာ ဗုံးပေါက်တော့ လူအချို့ သေသွားတယ်။ နောက်ကွယ်မှာ ရန်ကုန်ဆေး ရုံကြီးမှာ ထိခိုက်ဒဏ်ရာရတယ်။ ရာသက်ပန် မသန်စွမ်းဖြစ်သွားတာ ဘယ်သူမှ မသိလိုက် ဘူး။

ရောဂါတွေကြောင့် မသန်စွမ်းဖြစ်ရပုံကို ပြော ပြပါဦး။
ဆေးလိပ်တွေ အရမ်းသောက်တယ်။ သွေးတိုးဆီးချို ဖြစ်လာတယ်။ ခြေထောက် တွေ ဖြတ်လိုက်ရတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရု စိုက်တဲ့ အလေ့အထ အားနည်းတယ်။ အာ ဟာရတွေ ချို့တဲ့လာတယ်။ ရောဂါတွေ ဝင် လာတယ်။ ဒါတွေကလည်း မသန်စွမ်းဖြစ်ပွား စေတယ်။

မသန်စွမ်းတွေအတွက် အဓိကလိုအပ်ချက်က ဘာဖြစ်မလဲ။
မသန်စွမ်းအများစုရဲ့ အဓိက လိုအပ် ချက်က အလုပ်အကိုင်နဲ့ ဝင်ငွေပဲ။ ဒါပေမဲ့ လူတော်တော်များများက ဆေးကုဖို့ပဲလိုအပ် တယ်ထင်ကြတယ်။ အလုပ်အကိုင်ရှိရင်သင် ချင်တဲ့ပညာတွေ သင်လို့ရမယ်။ တက္ကသိုလ်၊ သင်တန်းတွေတက်လို့ရမယ်။ စီးပွားရေး လုပ်လို့ရမယ်။

အဲလိုအလုပ်အကိုင်တွေရဖို့ မသန်စွမ်းဥပဒေ ရေးဆွဲပြဋ္ဌာန်းထားတဲ့ အခြေအနေလေး သိ ပါရစေ။
မသန်စွမ်းဥပဒေကတော့၂ဝ၁၅ခုနှစ် မှာပြဋ္ဌာန်းပြီးသွားပြီ။ အခုနည်းဥပဒေဆွဲနေ တယ်ပေါ့။ မနေ့ကအထိကတော့ နေပြည် တော်မှာ ဆွဲနေတယ်။ အခု သမ္မတရုံးကို တင်ပြီးတော့ အတည်ပြုချက်ရဖို့ လူကယ်ပြန် ဝန်ကြီးဌာနကိုတင်ထားတယ်။ အလုပ်အကိုင် နဲ့ပတ်သက်တဲ့ အခန်းတွေပါတယ်။ ဆိုလိုတာ က ဝေပုံကျစနစ်နဲ့ အလုပ်ခန့်အပ်ရမယ်ဆိုတဲ့ အဲစနစ်တွေ ပါတယ်။ ကုမ္ပဏီတစ်ခု အလုပ် ရုံတစ်ခုမှာ ဝန်ထမ်းအယောက် ၁ဝဝရှိတယ် ဆိုရင် အနည်းဆုံး တစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင် နှုန်း တစ်ခုလောက် မသန်စွမ်းသူကို ခန့်ရ မယ်ဆိုတာ ပါတယ်။ ခန့်တဲ့ကုမ္ပဏီတွေကို နိုင်ငံတော်က အခွန်တွေလျှော့ပေါ့ပေးတာတို့၊ ဆုတွေပေးတာတို့၊ အခွင့်အလမ်းတွေ ပေး တာတို့ လုပ်သင့်ပါတယ်။ မခန့်တဲ့ကုမ္ပဏီတွေ ကို ဒဏ်ရိုက်တာတို့၊ ပြစ်ဒဏ်ပေးတာတို့ ဒါမှ မဟုတ် ခန့်မယ့်လစာအတိုင်း နှစ်ဆကို ဒဏ် ကြေးအဖြစ် ပေးဆောင်စေတာတို့ အဲဒါမျိုး တွေကို ဥပဒေမှာ ဆွေးနွေးနေတာရှိပါတယ်။ ရာခိုင်နှုန်းကတော့ ဒီဥပဒေအရ နိုင်ငံတော် ဒုသမ္မတ ဦးဆောင်တဲ့ မသန်စွမ်းအခွင့်အရေး ကို အကောင်အထည်ဖော်ပေးမယ့် အမျိုးသား အဆင့် ကော်မတီဖွဲ့ဖို့ ရှိတယ်။ ဖွဲ့ပြီးတာနဲ့ ရာခိုင်နှုန်းကို ဆုံးဖြတ်သွားပါမယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616