Main menu
HOT NEWS
adv
မြန်မာမီဒီယာရှေ့နေများကွန်ရက် (Myanmar Media Lawyers Network)၏ ဥက္ကဋ္ဌဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးအား ဖလားဝါးနယူးစ်ဂျာနယ်မှ တွေ့ဆုံမေးမြန်းမှု

မြန်မာမီဒီယာရှေ့နေများကွန်ရက် (Myanmar Media Lawyers Network)၏ ဥက္ကဋ္ဌဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးအား ဖလားဝါးနယူးစ်ဂျာနယ်မှ တွေ့ဆုံမေးမြန်းမှု

မီဒီယာအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန်၊ လွတ်လပ်စွာ သတင်းရေးသားပြောဆိုခွင့် ရရှိရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် မြန်မာမီဒီယာရှေ့နေများကွန်ရက် (Myanmar Media Lawyers Network)၏ ဥက္ကဋ္ဌဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးအား ဖလားဝါးနယူးစ်ဂျာနယ်မှ တွေ့ဆုံမေးမြန်းမှုအချို့အား ဖော်ပြလိုက်ပါသည်။

မြန်မာမီဒီယာရှေ့နေများကွန်ရက် အနေ နဲ့ မီဒီယာတွေအတွက် ဘယ်လိုအမှုမျိုး တွေကို ဆောင်ရွက်ပေးနေရပါသလဲ။

ဘယ်လို အမှုမျိုးလဲဆိုတော့ ဒီမှာဖြစ်နေတာက ၆၆(ဃ)ကတော့ အ များဆုံးပဲ။ နောက် သီးသန့်အသရေဖျက် မှုတွေရှိတယ်။ နောက် ၅ဝ၅ တို့လို ဘာ သာ၊ သာသနာကိစ္စတွေ၊ အရင်တုန်းက ငြိမ်းစုစီတို့စတဲ့ ဒီလိုကိစ္စတွေမှာ ဆောင် ရွက်ပေးရတာပါ။ နောက်ဆရာတို့က ဥပဒေပညာ ပြန့်ပွားရေးပေါ့။ လူတွေက ဥပဒေကို နားလည်မှ၊ သိမှ အထူးသဖြင့် ဂျာနယ်လစ်တွေက ဥပဒေကို သိဖို့လိုသ လို ပြည်သူလူထုလည်း သိဖို့လိုအပ်တဲ့ အတွက် Workshop တွေ လုပ်ပေးတယ်။ နောက် ဆက်သွယ်ရေး ဥပဒေတွေဆိုတာ ဘာလဲ၊ မီဒီယာနဲ့ပတ်သက်တဲ့ ဥပဒေဆို တာ ဘာလဲဆိုတာကို သိအောင်လုပ်ပေး တာပါ။

ဒီယာတွေ၊ဖေ့စ်ဘွတ်ခ် သုံးစွဲသူတွေကို ဆက်သွယ်ရေးဥပဒေ ၆၆(ဃ)နဲ့ တရားစွဲ ဆိုလာတဲ့အပေါ်မှာ ဆရာသုံးသပ်ပေးပါ ဦး ခင်ဗျ။

ဒီအတွက် ဆရာတို့ မြန်မာမီ ဒီယာလောက နက်ဝက်ခ်အနေနဲ့ လေး ကြိမ်လောက်ရှိပြီ။ ရန်ကုန်၊ နေပြည် တော်နဲ့ ရှမ်းပြည်နယ်မှာ ဆွေးနွေးခဲ့တယ်။ ပြီးခဲ့တဲ့နှစ် အစိုးရမှာ ခုနစ်မှုပဲ ရှိတယ်။ ဒီဘက်မှာတော့ ၅၈မှုတောင် ရှိလာတယ်။ ဒီနေ့အထိတောင် တစ်မှုပြီးတစ်မှု တိုးနေ တယ်။ ဆက်သွယ်ရေးဥပဒေက တကယ် တမ်းကျတော့ ဆက်သွယ်ရေးတွေကို ဆောင်ရွက်မယ့် လိုင်စင်ကိစ္စတွေအတွက် အဓိက ပြဋ္ဌာန်းထားတာပါ။

လွှတ်တော်တွေ ကျင်းပလာတဲ့ ခြောက်နှစ် ကျော်အတွင်းမှာ ဥပဒေတွေအများကြီး ပြုခဲ့တယ်ဆိုပေမယ့် ပြည်သူတွေအတွက် အကျိုးပြု နည်းနေသေးတဲ့အပေါ်ကို သုံး သပ်ပေးပါဦး ခင်ဗျာ။

အဲဒီခြောက်နှစ်ကို ပြန်ပိုင်း ကြည့်ရမယ်။ ပထမငါးနှစ်ရယ်၊ ဒီဘက် က တစ်နှစ်ရယ်။ ပထမငါးနှစ်မှာ ဒီမိုက ရေစီလမ်းကြောင်းပြောင်းဖို့ ဖော်ဆောင် တဲ့ အစိုးရပဲ။ ဒါပေမဲ့ အားလုံးက စစ်အာ ဏာရှင် အငွေ့အသက်တွေ များတယ်။ စစ်ဗိုလ်ချုပ်တွေများတော့ လူဝတ်လဲပြီး လုပ်ကြတာဆိုတော့ အခုဥပဒေတွေဟာ အဲဒီ ငါးနှစ်က ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊ ဒီငါးနှစ်မှာ ဆွဲထားတာမို့ အဲဒီအစိုးရ အကြိုက်ဆွဲထားရတဲ့ ဥပဒေတွေလေ။ ဥပဒေဆိုတာ ဘယ်အစိုးရ တက်တက်၊ တက်တဲ့အစိုးရရဲ့ အကြိုက်ဆုံးကိုထား တာပါ။ အဲဒီတော့ အရင်အစိုးရက ဆွဲ ထားတဲ့ဥပဒေတွေက ဒီဘက်ဒီမိုကရေစီ ဖော်ဆောင်ဖို့ အားသန်တဲ့ အစိုးရလက် ထက်ကျတော့ အံမဝင်တော့ဘူး။ ဒါတွေ ရှိနေတဲ့အတွက် ဒီမိုကရေစီလည်း နိုင်ငံ တကာစံနှုန်းနဲ့အညီ မဖော်ဆောင်နိုင် တော့ဘူး။ အဲဒီတော့ လူတွေက လွတ်လပ် ခွင့်ကလည်း မရသေးဘူး။ ဒီဟာက အ ကျပ်အတည်းတစ်ခု အနေနဲ့ ရင်ဆိုင်နေ ရတာပါ။

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ဥပ ဒေတွေထဲက ဘယ်ဥပဒေတွေက ပြင်သင့် တယ်၊ ပယ်ဖျက်သင့်တယ်၊ အသစ်ရေး ဆွဲသင့်တယ်ဆိုတာကို ဥပဒေပညာရှင် အနေနဲ့ ပြောကြားပေးပါဦး။

ဆရာက ဥပဒေပညာရှင်ဆို တာထက် ဥပဒေကို စိတ်ပါဝင်စားပြီး လေ့လာလိုက်စားသူ ပါပဲ။ ပြောရရင် ဥပဒေတွေအားလုံးဟာ အင်္ဂလိပ်လက်ထက်က ဥပဒေတွေကို ဆက်ခံရတယ်။ အဲဒီတော့ အခုမူပိုင်ခွင့် ဥပဒေဆိုရင် နှစ် တစ်ရာကျော်နေပြီ။ အခုထိ မပြောင်း ဘူး။ မူပိုင်ခွင့် ချိုးဖောက်ရင် ၁၅ကျပ်တို့၊ ကျပ် ၅ဝတို့ အဲဒီလောက်ပဲ ရှိနေတယ်။ ဒါက သူ့ခေတ်သူ့အခါက ငွေကြေးပေါ့။ အဲဒါကို အခုပြင်ဖို့လုပ်တာတောင် မပြင် နိုင်သေးဘူး။ ခြုံငုံပြီးပြောရရင်တော့ ဥပဒေများကို လေ့လာဆန်းစစ်သုံးသပ် တဲ့ အဖွဲ့အစည်းရှိတယ်။ ဒီအဖွဲ့တွေကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်သင့် တယ်။ အခုမေးတဲ့ မေးခွန်းလို ဘယ်ဥပ ဒေတွေက ပြင်သင့်လဲပေါ့။ ဥပမာ တရား မမှု ဥပဒေဆိုရင် အမှုလိုက်ရတာခက် တယ်။ နှစ်တွေကြာတတ်တယ်။ အဲဒီ လုပ်ငန်းစဉ်တွေကို မြန်အောင်ပြန်ပြီး လုပ်သင့်တယ်။ နောက် ပြစ်မှုဆိုင်ရာမှာ ဆိုရင် ပုဒ်မ ၅ဝဝဆိုတာ ပြင်သင့်တယ်။ ကျန်တဲ့ အထူးဥပဒေဆိုတာတွေ ရှိတယ်။ ဆက်သွယ်ရေး ဥပဒေတို့ ဘာတို့ပေါ့ နော်။ အဲဒါတွေကလည်း ဟိုဘက်အစိုးရ က ဖန်တီးထားတဲ့ ဥပဒေတွေ ဖြစ်တဲ့အ တွက် ဒီဘက်အစိုးရလက်ထက်မှာ တော် တော်အံမဝင်တာတွေ တွေ့ရတယ်။ အဲ ဒါမျိုးတွေလည်း ပြင်ရမယ်။ အဓိကတော့ ဆရာကိုယ်တိုင်လည်း ဥပဒေစိုးမိုးရေးနဲ့တရားမျှတရေးတွေကို ဆောင်ရွက်ရ တော့မယ်။ ဆောင်ရွက်တဲ့နေရာမှာ တရား ဥပဒေစိုးမိုးဖို့အတွက် ဥပဒေတွေကို လေးစားလိုက်နာရမယ်။ တချို့ဟာတွေ ဆိုရင် ထိရောက်တဲ့ ပြစ်ဒဏ်တွေ ပေးရ မယ်။ မျက်နှာလိုက်တာတွေ၊ သူ့လူ ကိုယ့် လူ မခွဲခြားဖို့လိုတယ်။ ဥပဒေကလည်း ပြင်ရမယ်။ နိုင်ငံတကာ ဒီမိုကရေစီစံနှုန်း နဲ့ မကိုက်ညီတဲ့ ဥပဒေတွေကို ပယ်ဖျက်၊ ကိုက်ညီတဲ့ဥပဒေကို အစားထိုးရမယ်။ အဲဒီလို တစ်ဖက်က ဆောင်ရွက်နေသလို တစ်ဖက်ကလည်း တရားစီရင်ရေးစနစ် က တရားမျှတမှုတွေ ပိုပြီးဖြစ်လာအောင် အားထုတ်ဖို့ လိုတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားနေတဲ့ NLD က တရားလွှတ်တော် ရှေ့နေတစ်ဦး လုပ်ကြံခံရတယ်။ အကယ် ၍ ဒီအတွက် NLD က ဆရာ့ကိုလိုအပ် လို့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ဆရာ့အနေ နဲ့ ကူညီပေးနိုင်ပါသလား။

ဆရာက ၂ဝဝ၈ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး နိုင်ငံပေါင်း ၁၇၈နိုင်ငံက ဟာတွေကို လေ့လာပြီးတော့ ပြင်ဆင်ဖို့အတွက် အကြံဉာဏ်တွေ ပေးခဲ့တယ်။ ဆက်ပြီးတော့လည်း ဒါကိုလိုအပ်တဲ့ အချိန်မှာ ဆက်လက်ဆောင်ရွက်သွားဖို့ အဆင်သင့်ပါပဲ။ ဒါပေမဲ့ အခြေအနေအချိန်အခါပေါ်မှာ မူတည်ပြီး ဆောင်ရွက် နေရတာပဲဖြစ်ပါတယ်။ တကယ်လို့ တာဝန်ပေးလာမယ်ဆိုရင် ချက်ချင်းထပြီး လုပ်ရမှာပါ။ ဒါပေမဲ့ အခုတစ်ကိုယ်ရေ ကတော့ အားလုံးအတွက် လေ့လာနေပါ တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံက တကယ်တမ်း ကျတော့ ဒီမိုကရေစီအပြည့်အဝ ဖော် ဆောင်နိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် ဒီမိုကရေစီ အပြည့်အဝ ဖော်ဆောင်နိုင် တဲ့ ဖွဲ့စည်းပုံမျိုးဖြစ်အောင် ဆရာတို့က လည်း အစွမ်းကုန် ကြိုးစားဆောင်ရွက် ပါ့မယ်။

ဆရာအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ပြည်သူတွေအတွက် ပြောချင်တာ များရှိရင် ဖြည့်ပြီးပြောပေးပါဦး။

အခု လူတိုင်းပြောနေတာတော့ တရားဥပဒေစိုးမိုးရေး တစ်စတစ်စ ကင်း မဲ့လာတယ်ဆိုတဲ့ ကိစ္စပေါ့။ အဲဒီအတွက် အခုလည်း နိုင်ငံတော်က တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ပေးဖို့အတွက် စီမံ ကိန်းတွေချစ ပြုနေပြီ။ နောက် ရန်ကုန် တိုင်းမှာလည်း တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုအတွက် ပူးပေါင်းဆောင် ရွက်ဖို့ နိုင်ငံတော်က အဖွဲ့အစည်းတွေ ဖွဲ့လာပြီ။ အဲဒီအထဲမှာ ဆရာလည်းပါ ဝင်ပြီး ကြိုးစားကြည့်ရဦးမယ်။ တရား ဥပဒေစိုးမိုးမှလည်း အရာရာအဆင်ပြေ မှာပါ။ တရားဥပဒေ စိုးမိုးဖို့ဆိုတာလည်း အုပ်ချုပ်သူကပဲ စိုးမိုးနေလို့ မရပါဘူး။ သူကိုယ်တိုင်က ဒီတရားဥပဒေရဲ့ သဘော တရားတွေကို နားလည်ဖို့လိုပါမယ်။ အဲ ဒီတော့ တရားဥပဒေစိုးမိုးဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ပြိုင်တူတွန်းရင် ရွေ့ နိုင်ပါတယ်။          

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191