Main menu
HOT NEWS
adv
တင့်တင့်မြန်မာကုမ္ပဏီဥက္ကဌ ဒေါ်တင့်တင့်လွင်နှင့် တွေ့ဆုံခြင်း

တင့်တင့်မြန်မာကုမ္ပဏီဥက္ကဌ ဒေါ်တင့်တင့်လွင်နှင့် တွေ့ဆုံခြင်း

ရန်ကုန်မြို့တွင် ယာဉ်ကြောရှင်းလင်း စေရန်အတွက် မကြာမီအချိန်တွင် Water Taxi ကိုပြေးဆွဲတော့မည်ဖြစ်သည်။  Water Taxi ပြေးဆွဲမည့် သင်္ဘောများနှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်မှုများစွာ ထွက်ပေါ်နေသည်။ ထို့ကြောင့် Water Taxi ပြေးဆွဲရန် တင်ဒါအောင်မြင်ထားသည့် တင့်တင့်မြန်မာကုမ္ပဏီဥက္ကဌ ဒေါ်တင့်တင့်လွင်နှင့်  ရန်ကုန်တိုင်းမ်ဂျာနယ်မှ တွေ့ဆုံမေးမြန်းထားပါသည်။

အပြင်မှာ သင်္ဘောတည်ဆောက်မှုတွေနဲ့ ပတ် သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေတာကို အစ်မအနေနဲ့ ဘာများပြောချင်ပါလဲ။

အစ်မတို့က ပြည်ပကနေပြီးတော့ တင်သွင်းပြီး ဒီနိုင်ငံထဲမှာ ဒါမျိုးထုတ်လုပ်နေတယ်ဆိုတာ မှားယွင်းတယ်။ ပြေးဆွဲတဲ့ အချိန်ကလည်း လူအရမ်းများတဲ့ အချိန်တွေရှိတယ်။ လူနည်းတဲ့ အချိန်တွေရှိတယ်။ လူများတဲ့အ ချိန်တွေဆို အကြီးတွေနဲ့ ဆွဲပေးမယ်။ လူနည်းလို့ မဆွဲရတာမျိုး လူမရှိလို့ဆိုပြီး မဆွဲရတာမျိုး မရှိရအောင် လူနည်းတဲ့အချိန်မှာ လူ ၁ဝဝ ဆံ့တဲ့ အသေးလေးတွေနဲ့ ဆွဲပေးမှာ။ Business လုပ်ပေမဲ့လည်း Safety ပိုင်းကို အဓိကထားပြီး ပြေးဆွဲပေးမှာ။ သင်္ဘောတွေကို အစိုးရပိုင်းက အတည်ပြုမှလက်ခံမှ ပြေးဆွဲပေးလို့ရမှာ။ အစ်မတို့ လုပ်တာတွေက စေ့စပ်သေချာမှု မရှိဘူး။ လုံခြုံမှုမရှိဘူးဆိုရင် အစိုးရပိုင်းကလည်း ပြေးဆွဲခွင့်ပေးမှာ မဟုတ်ဘူး။ အစ်မတို့လုပ်ဆောင်ချက်က အစ်မတို့ ပြောထားတာနဲ့ မကိုက်ညီဘူးဆိုရင် အချိန်မရွေး ပြန်သိမ်းနိုင်ခွင့်ရှိတယ်။ စာချုပ်ထဲမှာလည်း ပါတယ်။ အစ်မတို့အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ရေကြောင်းဥပဒေတွေကို လည်း လိုက်နာတယ်။ သူတို့ကို ပြသင့်ပြထိုက် တဲ့ဟာတွေအကုန်လုံး အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်မှုအားလုံးကို တင်ပြနေတယ်။ Drawing တွေထဲမှာလည်း သူတို့ခွင့်ပြုချက် နဲ့မှ အစ်မတို့သွားလို့ ရမှာပါ။ အစ်မအနေ နဲ့ အပြင်မှာ ဝေဖန်မှုတွေကို ပြန်လည်ဖြေ ရှင်းသွားမှာ မဟုတ်ဘူး။ အချိန်က စကားပြော သွားမှာပါ။ ကိစ္စတစ်ခုခု ပြောကြားတော့မယ် ဆိုရင် သေချာတိကျအောင် စစ်ဆေးစေချင် တယ်။ မိမိပြောတဲ့စကားကို တာဝန်ယူနိုင် ရမယ်။

အစိုးရအနေနဲ့ကရော ဘယ်လိုမျိုး ပါဝင်လုပ် ထားလဲ။ ဘယ်လိုမျိုး ကူညီပေးလဲ။

သူတို့ ဒီသင်္ဘောတွေကို စစ်ဆေးမှုပိုင်း မှာ အထဲက အင်ဂျင်ပိုင်းဆိုင်ရာတွေ၊ ပဲ့ပိုင်း ဆိုင်ရာတွေ အညစ်အကြေးစွန့်ပစ်တာတွေ Safety ပိုင်းဆိုင်ရာတွေ ဒါတွေအတွက် ပို့ ဆောင်ရေးဝန်ကြီးဌာနဆိုတာ အလကားခန့် ထားတာ မဟုတ်ဘူး။ ပို့ဆောင်ရေးဝန်ကြီး ဌာနက တကယ်ပညာရှိတွေ ပညာရှင်တွေ ကိုခန့်ထားတာပဲ။ ကိုယ်ကိုယ်တိုင် ဒီအပိုင်း ကို မကျွမ်းကျင်ရင်တောင်မှ ဒီအပိုင်းကို ကျွမ်းကျင်တဲ့သူတွေကို ဖွဲ့စည်းပြီးတော့ ကော်မတီတစ်ခုဖွဲ့ပြီး ဘုတ်အဖွဲ့တစ်ခုဖွဲ့ပြီး တိုင်ပင်ပြီး လုပ်ဆောင်နေတာ ဖြစ်တယ်။ ဒါ တွေကို အစ်မတို့အနေနဲ့ လေးစားဖို့လိုတယ်။ အစ်မတို့အနေနဲ့ ဒီလူတွေကို တိုင်ပင်ပြီး လုပ် ဆောင်နေတာ။ နဝရတ်မှာ ဆောက်နေတယ် ဆိုတာလည်း အစ်မတို့ ခိုးဆောက်နေတာ မဟုတ်ဘူး။ အစ်မတို့ အစိုးရကို ပြထားပြီး တဲ့အတိုင်းပဲ ဘယ်နေရာမှာ ဘာသင်္ဘောတွေ လုပ်ဆောင်နေတယ်ဆိုတာ ပြထားပြီးပြီဖြစ် တယ်။ ဒီမှာ ဆောက်နေတယ် ဆိုတာကလည်း သူများနိုင်ငံက မှာမယ်ဆိုရင် ခြောက်လ၊ တစ် နှစ်ကြာမယ်။ အစ်မတို့လိုချင်တဲ့ပုံစံကို သူ များနိုင်ငံကို တင်ပြရမယ်။

သူများနိုင်ငံမှာ တည်ဆောက်တဲ့ သင်္ဘော တွေနဲ့ မြန်မာနိုင်ငံမှာထုတ်မယ့် သင်္ဘောတွေ ဘာတွေကွာခြားမှုရှိလဲ။

အစ်မတို့လိုချင်တဲ့ပုံစံကို ဟိုနိုင်ငံက ဆောက်ရင် ထိုင်းတို့၊ အိန္ဒိယတို့ကို မှာမယ်။ သူများနိုင်ငံက ဆောက်ပြီးရင် လမ်းခရီး တောက်လျှောက်မှာ ပင်လယ်တွေကို အများ ကြီးဖြတ်ပြီး သယ်ဆောင်လာရမယ်။ အဲမှာ ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးမှုအရမ်းများမယ်။ အစီး ရေများလေလေ သင်္ဘောရဲ့ပျက်စီးမှု ပိုများမယ်။ အခုဆို မိုးတွင်းရောက်နေပြီလေ။ ပျက်စီးမှုပိုမို များပြားမယ်။ ဆုံးရှုံးမှုများမယ်။ ဟိုနိုင်ငံမှာဆောက်တဲ့ အတတ်ပညာရှင် မြန်မာနိုင်ငံထဲ ခေါ်လာပြီးတော့ သူတို့ဆီမှာလည်း ဒီကုန်ကြမ်းပဲ အစ်မတို့ဆီမှလည်း ဒီကုန်ကြမ်းပဲ သူတို့နိုင်ငံမှာလည်း ဒီအလုပ် သမား၊ အစ်မတို့မှာလည်း ဒီအလုပ်သမားပဲ၊ နိုင်ငံတကာက အစ်မတို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံ ပြီးတော့ သူတို့ရဲ့စက်ရုံတွေကို မြန်မာနိုင်ငံ ထဲမှာ Made in Myanmar ဆိုပြီးတော့ မြန်မာအလုပ်သမားတွေအနေနဲ့ ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ အစ်မတို့က ပြည် ပကနေပြီးတော့ မှာယူမယ်ဆိုရင် ကိုယ့်နိုင်ငံ ကပိုက်ဆံကို ပြည်ပကို ပေးလိုက်တာနဲ့အတူ တူပဲ။ အစ်မအနေနဲ့လဲ သင်္ဘောတွေကို ပြည်ပကနေ တင်သွင်းနေတယ်။ အချိန်တိုအတွင်း မှာ အမြန်ဆုံး Operate လုပ်လို့ရအောင် တင်သွင်းနေတာ။ ထိုင်းကနေပြီးတော့ လူ ၆ဝ စီးလေးတွေ တင်သွင်းနေတယ်။ ရေရှည် ကိုကြည့်မယ်ဆိုရင် နိုင်ငံခြားကနေ တစ်ချိန်လုံး တင်သွင်းနေမယ်ဆိုရင် သူများ နိုင်ငံကို လုပ်ကျွေးနေသလို ဖြစ်နေမှာပေါ့။ သူများ နိုင်ငံက သင်္ဘောတည်ဆောက်တဲ့ပညာကို အစ်မတို့နိုင်ငံက အလုပ်သမားတွေ လေ့လာ လို့ရမှာ မဟုတ်တော့ဘူး။ အစ်မတို့ နိုင်ငံက ရှိတဲ့ အင်ဂျင်နီယာတွေ Knowledge Sharing လုပ်လို့ရမှာ မဟုတ်တော့ဘူး။ သူများ နိုင်ငံကနေ Logastic ပိုင်းဆိုင်ရာ သယ် ဆောင်လာတဲ့အခါမှာ သူများနိုင်ငံက သင်္ဘော တွေနဲ့ သယ်ဆောင်လာရမှာ  သူများနိုင်ငံကို အများကြီးပိုက်ဆံတွေ ပေးရမယ်။ အဲလိုမျိုး ပေးမဲ့အစား အရည်အသွေးကလည်း အတူ တူပဲ လိုချင်တဲ့ပုံစံကလည်း အတူတူပဲဆို ဒီ နိုင်ငံမှာရှိတဲ့ နိုင်ငံတကာမှာ အလုပ်လုပ်နေ တဲ့ အင်ဂျင်နီယာတွေ စစ်ဆေးမှုရဲ့ အောက် မှာသွားနေတဲ့ ဒီသင်္ဘောတွေဟာ ဘာကွာ ခြားချက်ရှိမလဲ၊ Made in Myanmar နဲ့ Myanmar in Thailand ဒီစာသားလေးပဲ ကွာသွားမှာ။ ရေရှည်အလားအလာမှာ အစ်မတို့နိုင်ငံက သင်္ဘောတည်ဆောက်တဲ့ အင်ဂျင်နီယာတွေ အလုပ်သမားတွေ၊ အကြီး အကဲတွေက နိုင်ငံခြားသား Project ဒါရိုက် တာတွေရဲ့ လုပ်ဆောင်မှုပိုင်းတွေကို လေ့ လာပြီး ဒီနိုင်ငံမှာ ဆက်ပြီးထုတ်လုပ်သွား မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေကို တောင် ပြန်ရောင်းစားလို့ရပြီ။

Water Taxi ပြေးဆွဲပြီဆိုရင် ပြည်သူတွေကြုံ တွေ့နေရတဲ့ အကျပ်အတည်းတွေကို ဘာတွေ ဖြေရှင်းပေးနိုင်မလဲ။

Water Taxi ပြေးဆွဲပြီဆိုရင် လောလော ဆယ် ယာဉ်ကြောပိတ်ဆို့မှုတွေကို လတ်တ လော ဖြေရှင်းနိုင်မယ်။ လူတိုင်း ထိုင်ခုံနေ ရာရမယ်။ လေထုညစ်ညမ်းမှုကနေ ကာ ကွယ်နိုင်မယ်။ လိုင်းကားနဲ့သွားလို့ လိုင်းပိတ် ဆို့လို့ ကြာတဲ့အချိန်တွေကို အချိန်ပုံမှန် ရောက်ရှိနိုင်မယ်။ မြစ်ကြောင်းတောက် လျှောက်မှာရှိတဲ့ လူတွေရဲ့ စီးပွားရေးပိုင်း ဆိုင်ရာ လုပ်ဆောင်မှုတွေကို လွယ်ကူမြန် ဆန်စေမယ်။ မြစ်ကြောင်းမှာရှိတဲ့ လူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုတိုး ပွားလာစေမယ်။ မြစ်ကြောင်းသွားလာမှု ပိုမိုတွင်ကျယ်လာတာနဲ့အမျှ လူတွေအားလုံး ဟာ ကုန်စည်ကူးသန်း ရောင်းဝယ်မှုတွေ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မယ်။

သင်္ဘောက ဘယ်လိုပုံစံတွေနဲ့ ပြေးဆွဲပေး သွားမှာလဲ။

သင်္ဘောသုံးမျိုးသုံးစားဖြင့် ပြေးဆွဲပေး သွားမှာပါ။ လူ ၂၂ဝ လောက်ဆံ့တဲ့ သင်္ဘော အကြီးပါမယ်။ လူတစ်ရာလောက်ဆံ့တဲ့ အ လတ်စားရယ်။ နောက်ပြီး လူ ၆ဝ လောက် ဆံ့တဲ့ အသေးဘုတ်လေးတွေပေါ့ အဲဒီသုံး မျိုးနဲ့ ပြေးဆွဲပေးမှာပါ။

လက်ရှိပြေးဆွဲမယ့် အချိန်က မိုးရာသီကြီးမှာ ဆိုတော့ ခရီးသွားပြည်တွေအတွက် လုံခြုံ ရေးအပိုင်းကို ဘယ်လောက်အထိ စိတ်ချရ မလဲ။ ဈေးနှုန်းကရော ဘယ်လောက်သတ် မှတ်ထားလဲ။

လူတိုင်းက မိုးရာသီဆိုပြီးတော့ ကြောက်ကြမှာပဲ အစ်မတို့သင်္ဘောတွေက မိုးရာသီမှာ မိုးလုံလေလုံ သင်္ဘောတွေဖြစ်တယ်။ နွေရာသီမှာဆိုရင် ပြတင်းပေါက်တွေဖွင့်ပြီး စီးလို့ ရတယ်။ အလုံပိတ်ပြီးလည်း စီးလို့ရတယ်။ ဆိပ်ကမ်း အတက်အဆင်းတွေ ကမ်းကပ်တဲ့ အချိန်မှာလည်း ဘောတံတားနဲ့ဘုတ်နဲ့ကပ် နေအောင်လို့ စီစဉ်ထားတယ်။ ခွကျော်ပြီး သွားရတာမျိုး မဟုတ်ပဲနဲ့ပေါ့။ မိုးလေကြမ်း လာတယ်ဆိုရင် လူ ၂၂ဝ ဆံ့တဲ့ သင်္ဘော အကြီးတွေနဲ့ ပြေးဆွဲမှာပဲ။ ဘုတ်အသေးတွေ ကလည်း မိုးလေကြမ်းလာပြီဆိုရင် အချိန်မ ရွေး ကမ်းကိုကပ်လို့ရတယ်။ မိနစ်ပိုင်းအတွင်း ကပ်လို့ရတယ်။ အရေးပေါ် ဘုတ်အသေးလေး တွေလည်း ရှိတယ်။ နှုန်းကတော့ လှိုင်သာ ယာကနေ ဗိုလ်တထောင် အထိကို အကြီး လည်း ၃ဝဝ အသေးလည်း ၃ဝဝ ပါပဲ။

အစ်မ ရေကြောင်းလုပ်ဆောင်တဲ့ အ ပိုင်းမှာ ဘယ်ရေကြောင်းအလုပ်မဆို မအောင် မြင်တာမရှိခဲ့ဘူး။ ဒီလုပ်ငန်းတစ်ခုပေါ်မှာ ရှုံးနိုင်ခြေ ဘယ်လောက်ရှိလဲ မြတ်နိုင်ခြေ ဘယ်လောက်ရှိလဲ ဒီလိုမရှုံးအောင် ဘယ်ဟာ ကို back up လုပ်ထားရမလဲ။ သေချာခွဲ ခြမ်းစိတ်ဖြာ လုပ်ပြီးတော့မှ အလုပ်တစ်ခုကို လုပ်တာပါ။ အရှုံးနဲ့အမြတ်နဲ့က Water Taxi လုပ်ငန်းက အခြားဟာတွေထက် အမြတ်အစွန်းနည်းတယ်။ ဒါပေမဲ့ ရေရှည်လုပ်ကိုင်မယ် ဆိုရင်တော့ ဝင်ငွေတိုးလာမှာပါ။ ဒီလုပ်ငန်း ကိုလုပ်တာကလည်း မျိုးချစ်စိတ်ကြောင့်လုပ် တာ။ ဝါသနာပါတဲ့လုပ်ငန်းကို အခြေခံထား တယ်။ မြန်မာပြည်မှာ နိုင်ငံတကာမှာ ပြချင် တယ်။ အစ်မတို့နိုင်ငံမှာ ဒါမျိုးတွေလုပ်နေ ပြီဆိုတာ။ မြန်မာလူမျိုးတစ်ယောက်က လုပ်ဆောင်နေတယ်ဆိုတာကို ပြချင်တာ။ ဒီရင်းနှီးမြှုပ်နှံမှုက များတယ်။ မြန်မာပြည် သူပြည်သားတွေရဲ့ ယုံကြည်မှုပေါ် မူတည် ပြီတော့ အစ်မတို့လိုချင်တဲ့ target တစ်ခုကို ဖြည်းဖြည်းချင်း သွားမှာပါ။ လက်ရှိမှာတော့ ဆိပ်ကမ်းအာဏာပိုင်တွေက ချပေးထားတဲ့ ဆိပ်ကမ်းတွေနဲ့ပဲ စပြီးပြေးဆွဲမှာပါ။ နောက် ပိုင်းကို ဆိပ်ကမ်းပိုင်းဆိုင်ရာ Autority ပိုင်း ဆိုင်ရာအားလုံးကို ပြောင်းလဲပြီးတော့ ဆိပ် ကမ်းတွေ ထပ်တိုးချဲ့ပြီးတော့ ဆွဲပေးသွားမှာ ပါ။ လက်ရှိ ဆိပ်ကမ်း ၂၅ ခုလောက်ရှိတယ်။ လှိုင်သာယာ ဗိုလ်တထောင်ဆိပ်ကမ်းအထိ ဆိပ်ကမ်း ခုနစ်ခုရှိတယ်။ ပြုပြင်ရမယ့် ဆိပ် ကမ်းတွေကို ပြုပြင်နေတယ်။ ကိုယ်ပိုင်ပုံစံနဲ့ ပုံဖော်သွားမှာပါ။ ရေကြောင်းသွားတဲ့ အချိန် က ပိုမြန်လိမ့်မယ်။ ကားမှာက မီးပွိုင့်တွေရှိ မယ်။ ဘတ်စ်ကားမှတ်တိုင်တွေ များတယ်။ ကားလမ်းပိတ်တာတွေ ရှိမယ်။ ရေကြောင်းကျ တော့ လှိုင်သာယာကနေ ဗိုလ်တထောင်အထိ က ဆိပ်ကမ်း ခုနစ်ခုလောက်ပဲ ရှိတဲ့အတွက် ရေကြောင်းက ပိုမြန်လိမ့်မယ်။   

Rate this item
(1 Vote)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Latest from မိုးဆက်ကို

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191