Main menu
HOT NEWS
adv
သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့၏ ဒါရိုက်တာ တစ်ဦးဖြစ်သည့် ဒေါက်တာကလျာနှင့် တွေ့ဆုံခြင်း

သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့၏ ဒါရိုက်တာ တစ်ဦးဖြစ်သည့် ဒေါက်တာကလျာနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံတွင်ရှိသည့် မြန်မာ့ဌာနေ လိပ်မျိုးစိတ်များ မျိုးသုဉ်းမည့်အန္တရာယ်နှင့်  ကြုံတွေ့နေရသည့်  အခက်အခဲများနှင့်ပတ်သက်၍ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့၏ ဒါရိုက်တာ တစ်ဦးဖြစ်သည့် ဒေါက်တာကလျာနှင့်  ယခုလို မေးမြန်းထားပါတယ်။

အန်တီရေ မြန်မာနိုင်ငံမှာရှိတဲ့ အဓိကလိပ် မျိုးစိတ် အခြေအနေအကြောင်းလေး ပြောပြ ပေးပါလား။

မြန်မာနိုင်ငံမှာ ရေချိုလိပ်တွေ ကုန်းလိပ် တွေက၂၆မျိုး ရှိတယ်။ အဲဒီထဲက ၁၂ မျိုးက မျိုးသုဉ်းဖို့အန္တရာယ်ကို ရင်ဆိုင်နေရတယ်။ အဲဒီ ၂၆မျိုးထဲမှာ တစ်ကမ္ဘာလုံး ဘယ်နေရာ မှာမှ မရှိဘူး၊  မြန်မာနိုင်ငံမှာပဲရှိတဲ့ လိပ်မျိုး စိတ် ရှစ်မျိုးရှိတယ်။ မြန်မာ့ ဌာနေရင်းဘဝ လိပ်မျိုးစိတ်ပေါ့။ အခြားနိုင်ငံတွေမှာ မရှိတဲ့ မျိုးစိတ်တွေပေါ့။ အဲဒီတော့ အန်တီတို့က မျိုး သုဉ်းဖို့ အလွန်နီးစပ်နေတဲ့ ကိုယ့်နိုင်ငံမှာပဲ ရှိတဲ့ မြန်မာ့ဌာနေရင်းဘဝ လိပ်တွေကို ဦးစား ပေးပြီးတော့ ထိန်းသိမ်းရေးလုပ်ငန်းကို လုပ် ကိုင်ကြတယ်။ မျိုးသုဉ်းမယ့်အန္တရာယ်ကို တွေ့ ကြုံနေရတဲ့အတွက် ဦးစားပေးပြီးတော့ ထိန်း သိမ်းရေးလုပ်ငန်းတွေ လုပ်ရပါတယ်။

ဘယ်လို အဓိကဦးစားပေးပြီး လုပ်ရ သလဲဆိုတော့  မြန်မာ့ကြယ်လိပ်တို့ မြန်မာ့ တိုက်လိပ်တို့ ရခိုင်တောင်လိပ် တို့လိုမျိုး မြန်မာ ခေါင်းသေးလိပ်၊ မြန်မာ ဝလေးလုံး လိပ်ပေါ့။ အဲဒါတွေက တရုတ်ပြည်ကို အသား စားဖို့ တင်ပို့နေတာကြောင့် မျိုးသုဉ်းလာတဲ့ အန္တရာယ်ကို တွေ့ကြုံနေရတယ်။ ပြီးတော့ ကိုယ့်နိုင်ငံမှာပဲရှိနေတဲ့ လိပ်မျိုးစိတ်တွေ ဖြစ်တာကြောင့် ထိန်းသိမ်းကာကွယ်နေရ ပါတယ်။ အဲဒီအပြင်ကို တခြားနိုင်ငံမှာတော့ ရှိတယ်။ မြန်မာပြည်မှာပဲလဲ တော်တော်ရှား ပါးနေတဲ့ လိပ်ကြက်တူရွေးတို့ ခြေခြောက် ချောင်းလိပ်တို့ လိပ်အကြီးတွေ၊ ကလေးတစ် ယောက်တက်စီးလို့ ရတယ်။ အဲဒါတွေဟာ အင်မတန်မှ မျိုးသုဉ်းမယ့်အန္တရာယ်ကို တွေ့ ကြုံနေရတဲ့အတွက် တစ်ကမ္ဘာလုံး အတိုင်း အတာနဲ့ ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင် နေရတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာလည်း မျိုးပြန်ပွားအောင် သဘာဝတောထဲ ပြန်သွား နိုင်အောင် ကြိုးစားနေရပါတယ်။

လိပ်တွေအနေနဲ့ လက်ရှိအချိန်မှာ ဘယ်လို အန္တရာယ်တွေနဲ့များ ရင်ဆိုင်တွေ့ကြုံနေရလဲ ခင်ဗျ။

လိပ်တွေအဓိက ကြုံနေရတာကတော့ တရုတ်နိုင်ငံကို တရားမဝင် တင်ပို့ရောင်းချ တာ ခံနေရတယ်။ အခုနောက်ပိုင်းဆိုရင် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကိုလည်း တင်ပို့ရောင်းချခြင်းကို ကြုံတွေ့နေရတယ်။ အဲဒီလို တင်ပို့ရောင်းချနိုင်တော့ ဒေသခံတွေ ကလည်း လိပ်တွေကို ပိုပြီးတော့ ဖမ်းဆီးလာ ကြတယ်။ အဲဒီအပြင်ကို ဈေးကွက်မရှိခင် ကို လိပ်ကိုဖမ်းပြီးတော့ စားကြတယ်။ စားစ ရာဆိုပြီးတော့ ဖမ်းဆီးစားသောက်ကြတယ်။ အခုနောက်ပိုင်း နိုင်ငံခြားဈေးကွက်တွေ ပေါ်လာတော့ လိပ်တွေကို တရားမဝင်တင် ပို့ ရောင်းချလာကြတယ်။ အဲဒီတော့ မျိုးပြုတ် တာပေါ့။ နောက်တစ်ခုက သစ်ပင်တွေ ခုတ် တာတွေ သစ်တောပြုန်းတီးတာတွေ ရာသီ ဥတု ပြောင်းလဲတာတွေ စိုက်ပျိုးမြေတွေ တိုး ချဲ့တာတွေ အဲဒီလိုမျိုးနဲ့ ပိုပြီးတော့ သစ်တော တွေ ပျောက်လာတော့ နေဖို့နေရာတွေ မရှိ တော့ဘူး။ ရာသီဥတုတွေ ပူလာတော့ လိပ် တွေက အပူချိန်ပေါ်မူတည်ပြီးတော့ အထီး အမတွေ ဖြစ်တယ်ပေါ့။ အဲဒီလိုမျိုး ဆိုတော့ နောက်တစ်ခုက လိပ်တွေက ရာသီဥတုပူ တော့ မပေါက်နိုင်တော့ဘူး။ ရာသီဥတုပူ တာက သစ်တောသစ်ပင်တွေ မရှိတော့လို့ ပူလာတာက နောက်တစ်ချက်ပေါ့။ အဲဒီလို မျိုး ရာသီဥတု ပြောင်းလဲလာတာတွေကြောင့် လည်းခံရတယ်။ နောက်တစ်ခုက တရုတ်နိုင်ငံ ကို တရားမဝင် တင်ပို့ရောင်းချနေတာကြောင့် လည်းပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် မျိုးဆက်ပြုန်းမှုကို ခံနေရတာပေါ့။ နောက် တစ်ခုက မြစ်တွေထဲမှာရှိတဲ့ လိပ်တွေကလည်း သောင်ပြင်ရှိတဲ့ နေရာတွေမှာ ဥဥရတာလေ။ အဲဒီမှာ ဥပမာပြောရရင် ဒုတ္တဝတီမြစ်မှာ ဆို ရင် ရဲရွာရေအားလျှပ်စစ် စီမံကိန်းနှစ်ခု ဆောက်လိုက်တော့ အရင်အဲဒီနေရာမှာ ရှိ ခဲ့တဲ့ မြန်မာ့တိုက်လိပ်တွေ ဥဥတဲ့နေရာမှန် သမျှက သူတို့ရေကာတာရဲ့ ကြမ်းပြင်အောက် ရောက်သွားတယ်လေ။ အဲဒီတော့ အဲဒီလိပ် တွေက ဥစရာနေရာ မရှိတော့ဘူး။ အလိုလို နေရင်း ရေကာတာထဲ ရောက်သွားတယ်။ မျိုး သုဉ်းတဲ့အန္တရာယ်ကို တွေ့ကြုံခဲ့တယ်။ သဘာဝဘေးအန္တရာယ်နဲ့ ရာသီဥတု ကြောင့်လည်း လိပ်တွေက ဒုက္ခရောက်ရတယ်။ တရုတ်ပြည်ကို တရားမဝင်ပို့လို့လည်း ဒုက္ခ ရောက်ရတယ်။ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း တွေလုပ်လို့လည်း ဒုက္ခရောက်ရတယ်။

အန်တီတို့အနေနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာရော ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ကြရလဲ။

ဘယ်လိုလဲဆိုတော့ ကြိုးစားပြီးတော့ သစ်တောဦးစီးဌာနကလည်း လုပ်ပေးတယ်။ အန်တီလို့အဖွဲ့တွေကလည်း လုပ်နေကြ တယ်။ ဒါပေမဲ့ အခုအချိန်ထိ ခိုးယူမှုအန္တ ရာယ်က တွေ့ကြုံနေရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံခြားက ဈေးကွက်ကြီးက ဈေး ကောင်းတွေပေးနေတော့ ဒီမှာလည်း လိပ် ကိုခိုးပြီး ပိုက်ဆံရအောင် ရောင်းမယ်ဆိုတဲ့ လူအချို့ကလည်း ရှိနေတယ်။ ခိုးယူမှုတွေ ခံနေရတယ်။ မြန်မာနိုင်ငံရဲ့ အနှံ့အပြားမှာ လည်း ကျေးရွာပေါင်းကလည်း အများကြီး ပဲလေ။ အဲဒီတော့ တစ်ရွာဝင်တစ်ရွာထွက် တော့ ဟောပြောပွဲတွေ လုပ်နေတာပဲ။ ရွာ တိုင်းတော့ မလုပ်နိုင်သေးဘူး။ တစ်နိုင်ငံလုံး အနှံ့မလုပ်နိုင်သေးဘူး။ လိပ်ခွံတွေက ရွာတွေ သွားရင် တွေ့နေရတုန်းပါပဲ။ ကျေးရွာတွေ မှာ လိပ်သားကို စားနေကြတုန်းပဲ။ လူထုက လည်း လိပ်ကို စားစရာလို့ မြင်နေသေးတယ်။ အဲဒါတွေက အခက်ခဲတွေ ဖြစ်နေတယ်။ နောက်တစ်ခု ချင်းတွင်းလို နေရာမျိုးဆိုရင် လိပ်ဥတဲ့ သောင်ပြင်တွေကို ဝါးခုတ်တဲ့ တောင် သူတွေ သစ်လုပ်ငန်းသမားတွေ ရွှေတူးတဲ့ လူတွေကို အဲဒီသောင်ပြင်တွေကိုတော့ စခန်း မချပါနဲ့လို့ ဥပဒေအရ ထွေအုပ်ရုံးတွေ က တော့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးတာ ရှိတယ်။ တချို့နေရာတွေကတော့ ပူးပေါင်း ဆောင်ရွက်မှုရှိပေမယ့် တချို့နေရာတွေက တော့ ထိန်းသိမ်းကာကွယ်ရေး လုပ်နေတဲ့ နေရာတွေမှာ စည်းကမ်းတွေကို ဖောက်ဖျက် တာတို့ ကြုံတွေ့နေရတယ်။ အဓိကကတော့ ထိန်းသိမ်းရေး လုပ်ငန်းဆိုတာ မဖြစ်မနေကို ဆောင်ရွက်သင့်တဲ့ အဆင့်မို့လို့ နားလည်တဲ့ လူတွေအပြင် နိုင်ငံတော်ကလည်း ဆောင် ရွက်နေတာလေ။ အဲဒါကို ပြည်သူလူထုက နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ အဲဒါကို ကြိုးစားနေရတဲ့အတွက် အခက် အခဲလေးတွေတော့ ရှိနေပါတယ်။ လုပ်နေ ရင်းနဲ့တော့ ကြိုးစားနေရပါတယ်။ ရှစ်ဆယ် ရာခိုင်နှုန်းလောက်ကတော့ နားလည်ကြပါ တယ်။ နည်းနည်းပါးပါး ကျန်နေသေးတာကို ဆောင်ရွက်ရမှာပေါ့။

လိပ်တွေက သဘာပတ်ဝန်းကျင်နဲ့ ဂေဟ စနစ်ဖြစ်စဉ်တွေမှာ ဘယ်လိုများပတ်သက် ပြီးအကျိုးတွေရရှိစေလဲခင်ဗျ။

အဓိကတော့ အပင်ပြန်စိုက်ပေးတယ်။ အစေ့တွေကို ပြန်ဖြန့်ပေးတဲ့ သတ္တဝါမျိုးပါ။ လိပ်တွေမှာ ကျေညက်အောင်လို့ ဝါးနိုင်တဲ့ သွားတွေရှိတယ်။ အသီးအစေ့တွေ စား တယ်။ အစေ့တွေကို မျိုချလိုက်တယ်။ အဲဒီ အစေ့တွေက မစင်နဲ့အတူ ပြန်ပါလာတယ်။ အဲလိုနည်းအားဖြင့် အပင်တွေအများကြီး ဖြန့်ဖြူးပေးနေတဲ့ သတ္တဝါမျိုးဖြစ်တယ်။ အပင်တွေပျံ့နှံ့အောင် လိုက်စိုက်ပေးနေတဲ့ သတ္တဝါလည်း ဖြစ်တယ်။ နောက်တစ်ခုက ရေထဲမှာရှိတဲ့ ပိုးမွှားတွေကို စားသုံးပေးတယ်။ အနည်အနှစ်တွေ စားပေးတယ်။ အဲလိုနည်း အားဖြင့် ရေထုကို သန့်စင်စေပါတယ်။ ပြီး တော့ လိပ်ရဲ့ မကျေမညက်ဝါးထားတဲ့ အရွက် တွေ အပင်တွေက မစင်ပြန်စွန့်လိုက်ရင် ငါး တွေအတွက် အစာကွင်းဆက်ကို ပြန်လည် ဖြစ်ပေါ်စေတယ်။

အဲဒီတော့ လိပ်တွေနောက်မှာဆိုရင် ငါးတွေကလိုက်ပြီး အစာရနေတာပေါ့။ လိပ် က တကယ့်ကို ရေနေသတ္တဝါတွေထဲမှာ အဓိ ကအစာကွင်းစက်ကို ဖြည့်တင်းပေးတဲ့ သတ္တဝါ ဖြစ်ပါတယ်။ နောက် ဒေသဆိုင်ရာ အခြေအ နေဆိုလည်း အများကြီးရှိတယ်။ ချင်းတွင်း မြစ်ဘက်မှာဆိုရင် သောင်ပြင်တွေက ပေတစ် ရာလောက် ကွာတယ်ပေါ့။ သူတို့ ဥဥတဲ့အ ချိန်ဆိုရင် သောင်စပ် ဝေးတဲ့အပိုင်းတွေမှာ တက်ပြီး ဥဥကြတယ်။ အဲဒီ အဓိပ္ပာယ်ကတော့ ရေတွေတက်လာရင် သူတို့ရဲ့ ကလေးတွေ ကျင်းထဲမှာ ရေမွန်းပြီး မသေအောင်လို့လေ။ အမြင့်ဆုံး နေရာတွေကို ရွေးရွေးပြီးသွားကြ တယ်။ တချို့နှစ်တွေမှာ အမြင့်ဆုံးထိပ်ထိ မရောက်ဘူး။ တစ်ဝက်လောက်ပဲ ရောက် ကြတယ်။ အဲဒါကို ဒေသခံတွေက ဘယ်လို ဘာသာပြန်လဲဆိုရင် ဒီနှစ်ရဲ့မြစ်ရေအခြေ အနေ ဘယ်လောက်အထိ ကြီးနိုင်လဲဆိုတာ ကို လိပ်ဥဥတဲ့နေရာကိုကြည့်ပြီး ပြောလို့ရ တယ်လို့ ဆိုကြတယ်။ လိပ်ဥက အမြင့်ဆုံးနေ ရာမှာတက်ပြီး ဥထားတယ်ဆိုရင် ဒါရေ အ ရမ်းကြီးမယ်။ လိပ်ဥက သောင်ပြင်ရဲ့ တစ် ဝက်လောက်မှာတင် ဥထားရင်တော့ ရေသိပ် မကြီးပေါ့လို့ ခန့်မှန်းကြတာတွေ ရှိတယ်။ ဒါ ကတော့ ဒေသရဲ့ အယူအဆပေါ့။ သစ်ပင် စိုက်တာတို့၊ ရေထုကို သန့်စင်ပေးတာတို့၊ အစာကွင်းစက်ကို ဖန်တီးပေးတာတို့ကတော့ သိပ္ပံနည်းကျပေါ့ သုတေသနပြုထားတဲ့ အ ခြေအနေနဲ့ ပြောနိုင်တာပေါ့။ နောက်တစ်ခု က လိပ်ဥတွေပေါပေါများများ ဥထားတဲ့ အ ခြေအနေမှာဆိုရင်ြ<ွကက်တြွေေ>ွမတွေက စား တယ်လေ။ သူတို့အစာ ဖူလုံနေရင် အပြင် ဘက်သီးနှံတွေ လယ်ကွင်းတွေထဲ မလာနိုင် ဘူး။ အခုတော့ြေ>ွမတြွေ<ွကက်တွေက စားစ ရာမရှိဘူး။ လယ်ကွင်းတွေလာပြီး သီးနှံတွေ ထဲ လာကြတယ်။ သီးနှံတွေ ဖျက်ဆီးတယ်။ လူတွေပိုးထိတဲ့အန္တရာယ် တွေကြုံတွေ့လာ ရတယ်။ တိရစ္ဆာန်တွေက နေစရာနဲ့ စားစရာ လုံလောက်ရင် လူတွေကိုလာပြီး ဒုက္ခမပေး ဘူးပေါ့။

အန်တီရေ နောက်ဆုံးအနေနဲ့ လိပ်ထိန်းသိမ်း ရေး လုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ ဒေသ ခံပြည်သူတွေအနေနဲ့ ဘယ်လိုမျိုး ပါဝင်ဆောင် ရွက်သင့်လဲဆိုတာ အကြံပြု ပြောကြားပေးပါ ဦးခင်ဗျ။

ဒေသခံတွေအနေနဲ့ လိပ်ထိန်းသိမ်း လုပ်ငန်းတွေမှာ အတူတကွပူးပေါင်း ဆောင် ရွက်နေတဲ့ရွာတွေ အများကြီးရှိပါတယ်။ အဲဒီလို ပရောဂျက်ထဲမှာ ပါတဲ့ရွာမဟုတ်ဘဲ ပူး ပေါင်းဆောင်ရွက်လို့ရတဲ့ နည်းတွေရှိတယ်။ သူတို့ကျေးရွာမှာ သူစိမ်းတွေပေါ့။ ဥပမာ တရုတ်ပြည်ကိုပို့ဖို့ လိပ်တွေကိုလာ ခိုးဝယ် ကြတဲ့ လူတွေကို အဝင်မခံဘဲနဲ့ ကိုယ့်ဒေသက လိပ်တွေကို မြန်မာ့ကြယ်လိပ်တို့ မြန်မာ့ တိုက်လိပ်တို့ကို တခြားနေရာမှာ မရှိဘူးလေ။ ကိုယ့်အဘိုးအဘွားတွေတောင် မျိုးမပြုတ် အောင် ထိန်းလာခဲ့ကြတာလေ။ သဘာဝက ပေးတဲ့အမွေကို ပတ်ဝန်းကျင်ကို အကျိုးပြု နေတဲ့ သတ္တဝါကို သဘောပေါက်နားလည်ပြီး ဝိုင်းဝန်းကူညီကြသင့်တယ်။ ကိုယ်ကိုယ်တိုင် လဲ မစားဘူး။ အခြားသူတွေ လာရောက်ခိုး ယူတာကိုလည်း ကာကွယ်သင့်ပါတယ်။ ဒီ ဒေသမှာပဲ လိပ်တွေရှိတယ်ဆိုရင် ဒီဒေသရဲ့ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာရင် တော့ အီကိုတိုရစ်ဇင်ကို သဘာဝပတ်ဝန်း ကျင်ကို အခြေပြုတဲ့ ခရီးသွားလုပ်ငန်းတွေ ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လာရင် ဒေသခံ တွေအတွက် ဝင်ငွေပိုများလာနိုင်ပါတယ်။ ဝင်ငွေတင်မဟုတ်ဘဲ ဂုဏ်ယူစရာကောင်း တဲ့ရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ဒေ သအတွက် ကောင်းကျိုးတွေ ဖြစ်နိုင်တာကြောင့် ဝိုင်းဝန်းကူညီသင့်ပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။            

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Latest from မိုးဆက်ကို

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191