Main menu
HOT NEWS
adv
ရေးမြို့နယ် လူမှုအကျိုး ဆောင်အဖွဲ့(Ye Social Society- YSS)မှ အတွင်း ရေးမှူး ဦးအောင်နိုင်ဝင်း နှင့် တွေ့ဆုံခြင်း

ရေးမြို့နယ် လူမှုအကျိုး ဆောင်အဖွဲ့(Ye Social Society- YSS)မှ အတွင်း ရေးမှူး ဦးအောင်နိုင်ဝင်း နှင့် တွေ့ဆုံခြင်း

၂ဝ၁၄ ခုနှစ် ဧပြီ ၂၅ ရက်က မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာတွင် မဂ္ဂါဝပ် ၁၂၈ဝ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ယခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံသွားမည်ဟု ဖော်ပြလာမှုအပေါ် ယင်းစီမံကိန်းအား ပထမဦးစွာ ဦးဆောင်ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့သော အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ ရေးမြို့နယ် လူမှုအကျိုး ဆောင်အဖွဲ့(Ye Social Society- YSS)မှ အတွင်း ရေးမှူး ဦးအောင်နိုင်ဝင်း ကို တွေ့ဆုံမေးမြန်းထားပါတယ်။

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်း ဒီဒေသမှာ စတင်ဝင်ရောက်ခဲ့ စဉ်က ဆရာတို့အနေနဲ့ ဆောင်ရွက်ခဲ့မှုတွေ ကို သိပါရစေ။

အံဒင်မှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မယ်လို့ သိရတဲ့အချိန်မှာ တစ်ပြိုင်နက်တည်း ကျောက် မီးသွေးဆိုင်ရာ နည်းပညာ/ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စာအုပ်တချို့ ကျွန်တော်တို့အဖွဲ့ ရရှိခဲ့တယ်။ ဒီစာအုပ်နဲ့အတူ ဆက်စပ်တဲ့ နည်း ပညာပိုင်းဆိုင်ရာ၊ သုတပိုင်းဆိုင်ရာတွေကို စနစ်တကျလေ့လာမိတဲ့အချိန်မှာ ဒေသအတွက် ဆိုးကျိုးတွေဖြစ်လာနိုင်တာကို သိရှိပြီး ကန့်ကွက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ လှုပ်ရှားမှု အနေနဲ့ကတော့ ပထမဦးဆုံး လေ့လာထားရ သမျှတွေကို ဒေသခံတွေ သိရှိနိုင်ဖို့ လက်ကမ်း စာစောင်တွေ ရိုက်နှိပ်ပြီး ဒေသတစ်ခုလုံးကို  လှုပ်ရှားမှုအသွင်နဲ့ လိုက်လံဖြန့်ဝေခဲ့ကြတယ်။ အစောပိုင်းအခြေအနေမှာ ဖွံ့ဖြိုးမှုရှိမယ်ထင် ပြီး လက်ခံနိုင်သူတွေရှိသလို လက်မခံနိုင်သူ တွေလဲရှိပြီး အခက်အခဲတချို့ ရင်ဆိုင်ခဲ့ရတယ်။ အဲဒီနောက်မှာတော့ ပြည်သူတွေအနေ နဲ့ ကျောက်မီးသွေးကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို သိရှိလာပြီး ဆန့်ကျင်သူတွေ ဘက်က အားကောင်းလာတဲ့အတွက် ဒုတိယ အဆင့်အနေနဲ့ တီရှပ်ကမ်ပိန်းတစ်ခုကို လူ ပေါင်း ၁၅ဝ ကျော်နဲ့ ဒေသအတွင်း လှည့်လည် သွားလာလှုပ်ရှားခဲ့ကြတယ်။ ပြီးတော့ စီမံကိန်း ဆန့်ကျင်ကြောင်း ကန့်ကွက်လက်မှတ်တွေ စုဆောင်းခြင်းနဲ့ ပညာပေးဟောပြောခြင်းတွေ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် ဆောင် ရွက်ခဲ့ပါတယ်။ စုဆောင်းရရှိတဲ့လက်မှတ် တွေကို မွန်ပြည်နယ်လွှတ်တော်နဲ့ အစိုးရထံ တင်ပြခဲ့တယ်။ ဒီနောက်ပိုင်းမှာ တိုယို-ထိုင်း က ဒေသခံအချို့နဲ့ သူတို့ရွေးခေါ်သွားတဲ့ကိုယ် စားလှယ်တွေကို ဂျပန်နိုင်ငံနဲ့ ထိုင်းနိုင်ငံကို လေ့လာရေးခရီးပို့တဲ့အချိန်မှာ အချိန်ကိုက် အနေနဲ့ ဆန္ဒပြပွဲတစ်ခုကို အင်အား ၅ဝဝ ကျော်နဲ့ ရေးမြို့မှာပြုလုပ်ခဲ့တယ်။

အသိပညာပေးဆိုင်ရာဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ လှုပ်ရှားမှုများ ဆက်တိုက်လုပ် ခဲ့သလို ဒေသတွင်းထုတ်ဝေတဲ့ ရေးတော်ဝင် အခမဲ့သတင်းလွှာမှာလည်း အပတ်စဉ် ကျောက် မီးသွေးဆန့်ကျင်ရေးဆိုင်ရာသတင်းများ၊ ပညာ ပေးဆောင်းပါးများ ဖော်ပြခဲ့ပါတယ်။ နောက် ပြီးတော့ စီမံကိန်းနဲ့ပတ်သက်တဲ့ သတင်းအ ချက်အလက်များ၊ လှုပ်ရှားဆောင်ရွက်မှုများ ကို  တစ်ချိန်လုံး စောင့်ကြည့်အကဲခတ်ချပြမှု တွေလုပ်ခဲ့ပါတယ်။ လုပ်လည်း လုပ်နေဆဲပါ။

လက်ရှိအစိုးရလက်ထက်မှာ ကျောက်မီးသွေး နဲ့ပတ်သက်လို့ မဖြစ်မနေလုပ်မယ်ဆိုတဲ့အသံ တွေ ထွက်လာသလို အံဒင်ဒေသလို့ယူဆရတဲ့ မွန်ပြည်နယ်အတွင်း ကျောက်မီးသွေးစက်ရုံ စီမံကိန်းသတင်းတွေ ထွက်ပေါ်လာနေမှုအ ပေါ် ဆရာတို့အနေနဲ့ ဘယ်လိုများ ဆက်လက် ဆောင်ရွက်သွားပါ့မလဲ။

လက်ရှိအစိုးရကာလအခြေအနေမပြောခင် ယခင်အစိုးရတုန်းက ဆောင်ရွက်ခဲ့တဲ့ အချို့ကို ပြောပြချင်တယ်။ အရင်အစိုးရလက် ထက်မှာ တိုယိုထိုင်းကုမ္ပဏီနဲ့ ပထမတစ်ဆင့် MoU နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးခဲ့တယ်။ ၂ဝ၁၅ ဧပြီမှာ MOA သဘောတူ စာချုပ်လက်မှတ် ရေးထိုးခဲ့တယ်။ ကျွန်တော် တို့ဒေသခံတွေနဲ့ ကွန်ရက်အားလုံးရဲ့ အား ကောင်းတဲ့ကန့်ကွက်မှုတွေကြောင့်သာ ဆိုင်းငံ့တဲ့သဘောဖြစ်ခဲ့တာပါ။ စာချုပ်တွေက ပျက် ပြယ်မသွားသေးဘူး။ ဒီအတွက် တိုယိုထိုင်းကုမ္ပဏီအနေနဲ့ အကောင်အထည်ဖော်ဖို့ အချိန်မရွေး ကြိုးစားနေမှာပါ။ ဘာလို့လဲဆိုတော့ သူ့ ရဲ့ရင်းနှီးမြှုပ်နှံမှုကလည်း ဒီဒေသမှာ အထိုက် အလျောက်ရှိနေတယ်ဆိုတာကို သိထားရလို့ ပါ။ ယခုအစိုးရလက်ထက်မှာ လျှပ်စစ်မူဝါဒ အရ လိုအပ်နေတဲ့လျှပ်စစ်စွမ်းအင်ကို ဖြည့် ဆည်းဖို့ ကျောက်မီးသွေးဟာ ဈေးအသက် သာဆုံး၊ အမြန်ဆုံးဆိုတဲ့ပုံစံနဲ့ အကောင်အ ထည်ဖော်ဖို့ ကြိုးစားလာတာကို တွေ့ရပါတယ်။ NLD က ဦးဝင်းထိန်ရဲ့ ပြောစကားရယ်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ ကျွန်တော်တို့ မွန် ပြည်နယ်ဝန်ကြီးချုပ်တို့ရဲ့ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းတွေ လုပ်လိုတဲ့ပြောစကားတွေဟာ သူတို့အစိုးရရဲ့ မူဝါဒလို့ မြင်မိတာပဲ။ ဒါဟာ လုံးဝမဖြစ်သင့်ဘူး၊ လျှပ်စစ် စွမ်းအင်လိုအပ်ချက်တစ်ခုတည်းကိုကြည့် ပြီး ပြည်သူ့ဆန္ဒနဲ့ ဆိုးကျိုးတွေကို ဥပေက္ခာပြု လုပ်ဆောင်လာရင်တော့ ကျွန်တော်တို့အနေ နဲ့ ဒေသခံတွေနဲ့အတူ ဆက်လက်ကန့်ကွက် သွားမှာပါ။ ဘယ်လိုနည်းနဲ့မှ အဖြစ်မခံနိုင် သလို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ကန့်ကွက် သွားမှာပါ။

သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး အဆင့်မြင့်နည်းပညာနဲ့ လုပ်မယ်လို့ ဆိုနေကြ တဲ့အပေါ်မှာ ဆရာ့အမြင်လေး သိပါရစေ။

နည်းပညာနဲ့ ပတ်သက်လို့ရှိရင်တော့ ကျွန်တော်တို့အနေနဲ့ ပညာရှင်တွေမဟုတ်တဲ့အတွက် အသေးစိတ်ပြောဖို့က ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အဖွဲ့မှာရှိတဲ့ ဆရာအချို့ ရဲ့ ထဲထဲဝင်ဝင်လေ့လာထားမှုတွေနဲ့ နိုင်ငံတကာအသိအမှတ်ပြုပညာရှင်တွေ၊ ပြည်သူ တွေအားကိုးရတဲ့ နည်းပညာဆိုင်ရာ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင် တွေရဲ့ လေ့လာတင်ပြမှုတွေအရ ကျွန်တော် တို့ သိထားတာက ဒီနည်းပညာဟာ လိမ်လည်မှုတစ်ခုလို့ပဲ မြင်ပါတယ်။ အကောင်းဆုံးနည်းပညာကို တီထွင်အသုံးပြုနေတယ်ဆိုတဲ့ ဂျပန် နည်းပညာအရဆိုရင် ကျောက်မီးသွေးကထုတ် တဲ့ လျှပ်စစ်ဓာတ်အားဟာ ဈေးနှုန်းအရ မသက် သာပါဘူး။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနဲ့ ကျန်းမာရေးကဏ္ဍမှာ ပြန်လည် အသုံးပြုရတဲ့စရိတ်စကတွေနဲ့ဆိုလို့ရှိရင် ကုန် ကျစရိတ် အရမ်းမြင့်မားတယ်လို့ လေ့လာ သိရှိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံ မှာ ဒီနည်းပညာကို သုံးစွဲမယ်ဆိုတာနဲ့ပတ် သက်လို့လည်း ယုံကြည်မှုမရှိပါဘူး။ လက် လည်း လက်မခံပါဘူး။

အံဒင်ဒေသမှာ စီမံကိန်း စတင်ဝင်ရောက်စဉ် ကာလကတည်းက ဖြစ်ပေါ်ခဲ့တဲ့ ဒေသခံတွေ ရဲ့အနေအထားက ဘယ်လိုများရှိနေပါသလဲ။

အံဒင်ဒေသဟာ ဒီစီမံကိန်းလုပ်မယ်ဆိုတာ ရောက်မလာခင်က သယံဇာတပေါများပြီး တကယ့်ကို လှပအေးချမ်းတဲ့ဒေသတစ်ခုပါ။ ပြောရရင် သီးသန့်လည်းဆန်တဲ့နေရာ တစ်ခုလည်းဖြစ်ပါတယ်။  အဲဒီနောက်ပိုင်းမှာ တော့ စီမံကိန်းနဲ့ပတ်သက်တဲ့ လေ့လာမှုတွေ၊ ဆောင်ရွက်သူ တွေ အဝင်အထွက်များလာပြီး ရှုပ်ထွေးမှုတွေ စဖြစ်တော့တာပါပဲ။ စီမံကိန်း အတွက် မြေယာစုဆောင်းဝယ်ယူမှုတွေရှိလာ တယ်။ ပိုင်ဆိုင်မှုအငြင်းပွားမှုတွေဖြစ်လာတယ်။ စီမံကိန်းကို ကန့်ကွက်သူတွေနဲ့ ထောက်ခံသူ လူနည်းစုတွေကြားထဲမှာ ပဋိပက္ခအသွင်ဆောင် တဲ့ လူမှုရေးပြဿနာတွေ ဖြစ်ပေါ်လာတယ်။ စည်းလုံးမှုတွေ ပြိုကွဲလာကြတယ်။ ဒါနဲ့တစ် ပြိုင်တည်းမှာပဲ အများစုဖြစ်တဲ့ စီမံကိန်းဆန့် ကျင်သူတွေအနေနဲ့ စနစ်တကျ ကန့်ကွက်နိုင် ဖို့အတွက် လေ့လာမှုတွေ၊ ပူးပေါင်းဆောင် ရွက်မှုတွေ၊ ကြိုးစားရုန်းကန်မှုတွေ လုပ်ကိုင် ရင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာ တွေ မြင့်မားလာသလို မိမိဒေသအပေါ် ချစ် ခင်မြတ်နိုးတဲ့စိတ်နဲ့အတူ စုရုံးမှုအားကောင်း လာတယ်လို့ မြင်မိတယ်။

ဥပမာအနေနဲ့ပြောရရင် သူတို့ဒေသရဲ့ သယံဇာတပြေါ<ွကယ်ဝမှုကို ဒေသခံများကိုယ် တိုင် စစ်တမ်းကောက်ယူပြီး လူမှုစီးပွားဖြစ် ထွန်းပုံ သုတေသနစာတမ်းတစ်စောင် ထုတ် ဝေနိုင်တဲ့အဆင့်အထိ ဖြစ်လာတယ်။ အလား တူ လူမှုအဖွဲ့အစည်းကွန်ရက်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ပါ ချိတ်ဆက်ပြီး ဆောင် ရွက်နိုင်တဲ့အနေအထားအထိ ဖြစ်နေပြီဆိုတာ တွေ့ရတယ်။ ဒီစီမံကိန်း ပြန်လည်စတင်မယ်လို့ ကြားနေရတာနဲ့ပတ်သက်လို့လည်း ဒေသခံ တွေက စနစ်တကျ ကန့်ကွက်နိုင်ဖို့ ပြင်ဆင် နေကြပြီလို့ သိရတယ်။

လက်ရှိ အံဒင်ဒေသမှာလုပ်မယ့် စီမံကိန်းအပေါ် နောက်ဆုံးကြားသိခဲ့ရသမျှတွေကို ပြောပြပေးပါ။

ဒီသတင်းက မေလလောက်ကစပြီး ပြည် နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတွေရဲ့ မူဝါဒ အချို့ ထုတ်ဖော်ခဲ့ရာကစပြီး သတိထားမိခဲ့ တယ်။ နောက်ပြီးတော့ တိုယိုထိုင်းကုမ္ပဏီရဲ့ မွန်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမယ့်သတင်းတစ်ခု နဲ့ပတ်သက်လို့ ထိုင်းနိုင်ငံအခြေစိုက် နေးရှင်း သတင်းစာရဲ့ ဇွန်လ ၁ဝ ရက် သတင်းတစ်ပုဒ် မှာ စီမံကိန်းနဲ့ပတ်သက်တဲ့အစီအစဉ်ကို တိတိ ကျကျ ဖော်ပြလာခဲ့တယ်။ ဒီမတိုင်ခင်တုန်း ဧပြီလကကျင်းပခဲ့တဲ့ တိုယိုထိုင်းကုမ္ပဏီရဲ့ ရှယ်ယာမန်ဘာအစည်းအဝေးမှာလည်း ဆက် လုပ်နိုင်မယ့်အလားအလာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့အချက်အလက်အချို့ကိုလဲ ရထား ပါတယ်။ အဲဒီနောက်မှာတော့ ဒီစီမံကိန်း ပြန် လည်လုပ်ဆောင်မယ့်သတင်းက ကျယ်ပြန့်စွာ တွေ့လာရပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မိတ်ဆွေပညာရှင်တစ်ဦးဆီက ကြားရတဲ့သတင်း အရ တိုယိုထိုင်းဘက်က ဒေသခံတွေကပဲ သဘောတူသယောင်နဲ့ အမြန်ဆုံးအကောင် အထည်ဖော်မယ်ဆိုပြီး ပြင်ဆင်နေတယ်လို့ ကြားသိရတယ်။ ဒါ့အပြင် သူတို့မြေဝယ်ထား တယ်ဆိုတဲ့ အံဒင်ဒေသမှာလည်း လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က တရားမဝင် မြေယာရောင်းဝယ်မှု နဲ့ပတ်သက်ပြီး လူစုလူဝေးဖြင့် ကန့်ကွက်ခြင်း ခံရတာကို အမှုဖွင့်ခဲ့တဲ့ကိစ္စဟာ မပြီးပြတ်ဘဲ ငြိမ်နေခဲ့ရာက ယခုလမှာ ပြန်လည်အစဖော်ပြီး တရားစွဲတင်ဖို့ ဆောင်ရွက်လာတယ်။ ဒါဟာ ဒီဖြစ်စဉ်ရဲ့နောက်မှာ ဖိအား ဒါမှမဟုတ် လိုလား ချက်တစ်ခုခုရှိမယ်လို့ ကျွန်တော် ထင်တယ်။

ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်လို့ လျှပ်စစ်ဓာတ် အားလိုအပ်ချက်အပေါ် ကျောက်မီးသွေးမဟုတ် ဘဲ အခြားနည်းနဲ့ ရရှိလာနိုင်မယ့်အပေါ် ဆရာ တို့အနေနဲ့ အစိုးရကို ဘယ်လိုများအကြံပြုချင် ပါသလဲ။

ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ဒေသမှာရှိတဲ့ သဘာဝအရင်း အမြစ်တွေ ဥပမာ- ရေအား၊ လေအား၊ နေ ရောင်ခြည်၊ ဒီရေ စတဲ့အရင်းအမြစ်တွေကို သုတေသနပြုလေ့လာပြီး သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုအနည်းဆုံးနဲ့ ထုတ်နိုင်မယ့် လျှပ်စစ်စွမ်းအင်ရရှိရေးကို ပညာရှင်တွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ဆောင်ရွက်စေချင်တယ်။ ဒါ့အပြင် လူမှုဝန်းကျင်ဆိုင်ရာ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နိုင်မှုကိုလည်း သေချာလေ့လာစေချင်သလို ထိန်းသိမ်းနိုင်မယ့် ဥပဒေတွေ၊ စံနှုန်းတွေကိုလည်း စနစ်တကျ ရေးဆွဲပြင်ဆင်ထားစေချင်ပါတယ်။ ဒီအပေါ် ကရလာတဲ့အဖြေနဲ့ အကောင်းဆုံးဖြစ်နိုင် မယ့်နည်းလမ်းကိုသုံးပြီး လျှပ်စစ်ဓာတ်အား ရယူဖို့ ဆောင်ရွက်စေချင်တယ်။        

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191