Main menu
HOT NEWS
adv
ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု  ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့်  ဦးပဏ္ဍဝံသ(ပြည်ကျော်)ဆရာတော်အား  လျှောက်ထားမေးမြန်းခြင်း

ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် ဦးပဏ္ဍဝံသ(ပြည်ကျော်)ဆရာတော်အား လျှောက်ထားမေးမြန်းခြင်း

မြန်မာပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်အား  တွန်းလှန်ခဲ့သည့်  လှုပ်ရှားမှုများစွာထဲတွင် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုသည်လည်း  သမိုင်းဖြစ်ရပ်အဖြစ်  တစ်ခုအပါအဝင် ဖြစ်သည်။ ယခုလာမည့် စက်တင်ဘာလသည်  ရွှေဝါရောင်သံဃာ့ လှုပ်ရှားမှု ဖြစ်ပေါ်ခဲ့သည့် ၁ဝ နှစ်ပြည့် ကာလလည်းဖြစ်ပေသည်။  ထို ၁ဝ နှစ်ကာလအတွင်း ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု အမှတ်တရ ပုံရိပ်အချို့အပြင်  လက်ရှိတိုင်းပြည်၏  အခြေအနေများနှင့် ပတ်သက်၍  ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု  ဦးဆောင် ဆရာတော်တစ်ပါးဖြစ်သည့်  ဦးပဏ္ဍဝံသ (ပြည်ကျော်)  ဆရာတော်ကို လျှောက်ထား  မေးမြန်းထားသည်များအား ဖော်ပြလိုက်ပါသည်။

ရွှေဝါရောင်  သံဃာ့လှုပ်ရှားမှု  ၁ဝ နှစ်ပြည့်မှာ   အမှတ်တရ စကားလေး  ပြောကြားပေးပါဘုရား။

လွန်ခဲ့တဲ့ ၁ဝ နှစ်က တိုင်းပြည်ဟာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အစရှိတဲ့ အရေး တွေအားလုံး ပြည်သူတွေရဲ့အကျိုးတွေအားလုံး အောက်ဆုံးအဆင့်ကို ရောက်ရှိလာ တယ်။ အဲဒီအချိန်မှာ နိုင်ငံရေးအင်အားစုလို့ ခေါ်တဲ့ ဗကသ၊ တကသတွေ ၈၈ ကျောင်း သားတွေက ကုန်ဈေးနှုန်းကျဆင်းရေး ဆိုတဲ့ လှုပ်ရှားမှုတွေနဲ့ လမ်းပေါ်ထွက်လာခဲ့တယ်။ အဲဒီလို ဖြစ်တဲ့နေရာမှာ သံဃာအချို့လည်း ပါဝင်လာတယ်။ စက်တင်ဘာ ၅ ရက်မှာ ပခုက္ကူက သံဃာတွေကိုဖမ်းပြီးတော့ ရိုက်တာ တွေကြောင့် ရွှေဝါရောင်ရဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်တဲ့ ဦးဂမ္ဘီရတို့က နေပြီးတော့မှ သံဃာတွေကို ဖမ်းဆီးနှိပ်စက်တာ ဖြစ်တာ ကြောင့် ပတ္တနိက္ကုဇနကံထဲမှာပါတဲ့ အချက် တွေနဲ့ ညီညွတ်နေတယ်။ ဒါကို အာဏာရှင် အစိုးရအနေနဲ့ သံဃာတွေကို ဝန်ချတောင်းပန် ပေးပါ ဆိုတဲ့ တောင်းဆိုချက်တွေ တောင်းဆိုတယ်။ အဲဒါကို အာဏာရှင်တွေကနေ မထီ မဲ့မြင် ပြုပြီးတော့ နေလိုက်တဲ့အခါမှာ တစ်နိုင်ငံ လုံးမှာရှိတဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်အရ စာသင်တိုက်တွေမှာ သီတင်းသုံး နေထိုင်တဲ့ သံဃာငယ်တွေဟာ စက်တင်ဘာ ၁၈ ရက်မှာ လမ်းပေါ်စထွက်လာတယ်။ ထွက်လာတဲ့အခါမှာ ဝိနည်းစည်းကမ်းနဲ့အညီပဲနေတယ်။ မေတ္တသုတ်ကိုရွတ်တယ်။ ပြည်သူတွေတကယ် လိုအပ်နေတဲ့ အချက်သုံးချက်ကို တောင်းဆို တာ ဖြစ်တယ်။ ကုန်ဈေးနှုန်း ကျဆင်းရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးပုဒ်မ နဲ့ ထောင်ကျနေတဲ့ ဘုန်းကြီး၊ ကျောင်းသား နိုင်ငံရေးအကျဉ်းသားတွေအတွက် တောင်းဆိုတယ်။ နောက်တစ်ခုက စစ်ပွဲတွေ ဖြစ်နေတာ ရပ်ပြီးတော့ အမျိုးသား ပြန်လည်သင့် မြတ်ရေးပေးပါဆိုပြီး တောင်းဆိုတာပါ။ ရွှေ ဝါရောင် လှုပ်ရှားမှုမှာပါဝင်တဲ့ သံဃာတော် တွေကို အကြမ်းဖက် နှိမ်နင်းတယ်၊ ဖမ်းဆီး တယ်။ အဲဒီလောက်တင်မကဘူး။ ရန်ကုန်မှာ ဆိုရင် ပထမဆုံး ၂၅ ရက် ညမှာဆိုရင် မဂ္ဂင် နဲ့ ငွေကြာရံကျောင်းတို့ကို စပြီးဝင်ရောက်စီး နင်းတယ်။ နောက် အဲဒီကနေပြီးတော့ မိုး ကောင်းစာသင်တိုက် မင်္ဂလသုခ ရန်ကုန်မြို့ မှာရှိတဲ့ စာသင်တိုက်တွေကို တစ်ည နှစ် ကျောင်းနှုန်းနဲ့ စီးနင်းဝင်ရောက်ပြီး ဖမ်းဆီး လိုက်တယ်။ နောက်နေ့တွေမှာ သံဃာတော် တွေက ကျိုက္ကဆံမြင်းကွင်းထဲမှာ မြင်မကောင်း အောင် ဖြစ်နေတယ်။ နေပူကြီးထဲမှာ၊ ရေ မတိုက်၊ သွားစရာ ကုဋီမရှိဘဲ ဖြစ်နေတယ်။ တချို့ဆွှိုဃ ကျောင်းထဲကို ထည့်ထား တယ်။ ဆွမ်းဆိုရင်တော့ ဝေးပေါ့။ အဲဒီတုန်း က ပျံလွန်တော်မူတဲ့သံဃာတွေရှိသလို ချောင်း တွေထဲမှာ သေဆုံးနေတဲ့ ပုံရိပ်တွေ မြင်ခဲ့ရတယ်။ ငွေကြာရံကျောင်းကို အကြမ်းဖက်လိုက်တဲ့အခါမှာ သွေးကွက်တွေ နောက်မှန်တွေကွဲနေတာ။ စာအုပ်တွေ ဖရိုဖရဲ ဖြစ်နေတာ တွေ မြင်တွေ့ရတယ်။ မျက်စိထဲကမထွက်ဘူး။ ပြန်လည်မြင်ယောင်နေသေးတယ်။ အဲဒီတုန်းက သံဃာတပ်ပေါင်းစုရဲ့နောက်ကနေ သြဝါဒ ပေးတဲ့အနေနဲ့ ဘုန်းကြီးရယ် ဦးဇဝန ခေါ် မုတ်ဆိတ်ရယ် အခုပြည်ပရောက်နေတဲ့ ဦး ပညာဇောတ၊ ပြီးတော့ မဂ္ဂင်ဆရာတော်ကြီး တွေက ရွှေဝါရောင်တော်လှန်ရေးမှာ သြဝါဒဆရာတော်ကြီးတွေအနေနဲ့ နောက်ကနေပြီး တော့ စီမံပေးတယ်ပေါ့နော်။ အကျိုးဆက်တွေ အကြောင်းဆက်တွေကြောင့် ဒီလိုမျိုး ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးဖြစ်တယ် ဆိုတာ တစ်စိတ်တစ်ဒေသ မှတ်မိသလောက် ပြောရတာ ဖြစ်ပါတယ်။

အခုအချိန်  ဒီစနစ်ဆိုးတွေအပေါ်မှာ  ဘယ်လိုသင်ခန်းစာ တွေ  ယူသင့်လဲဘုရား။

၆၂ ခုနှစ်ကတည်းက ဘုန်းကြီးတွေ ကျောင်းသားတွေ ပြည်သူတွေက ဒီစနစ်ဆိုး ရဲ့အောက်မှာ အများကြီး ပေးဆပ်ခဲ့ရတဲ့အခြေ အနေပေါ့။ ရဟန်း၊ ကျောင်းသား၊ ပြည်သူ တွေ ကျဆုံးလာတဲ့မြင်ကွင်းတွေက အများကြီး တွေ့ခဲ့ရတယ်။ ဒီနေရာမှာ ဘာသင်ခန်းစာ ရှိလဲဆိုရင် အဲဒီတုန်းက ဆန္ဒပြခဲ့တဲ့ပုံရိပ်တွေနဲ့ မတူတဲ့အချက်က ဘာလဲဆိုရင် ရွှေဝါရောင် သံဃာတော်တွေ လမ်းကြောင်းပေါ် မတက် ခင်မှာ မီဒီယာတွေအပေါ် ဘယ်လိုရောက် သွားလဲဆိုတာ အရေးကြီးတယ်။ သံဃာတွေ က ကမ္ဘာ့မီဒီယာပေါ်မှာ ၂ဝဝ၇ ရွှေဝါရောင် ကနေ စပြီးတော့ စနစ်ဆိုးကြီးရဲ့အောက်မှာ ဆက်သွယ်ရေးနဲ့ ကြေးနန်းလိုင်းတွေ တယ် လီဖုန်းလိုင်းတွေကို လက်ဝါးကြီးအုပ်ထားတဲ့ အခြေအနေကို ရိုက်ချိုးပြီးတော့ ထိုးဖောက် လိုက်တယ်လို့ ပြောရင်လည်း ရတယ်။ အဲဒါ ကြောင့် သတင်းတွေ အချိန်မှန် ပြန့်ခဲ့တယ်။ အင်တာနက်လိုင်းတွေ သုံးလို့မရအောင်လုပ် ခဲ့တယ်။ ဂြိုဟ်တုဖုန်းတွေ သုံးခဲ့လို့ ရတယ်။ ပြည်သူတွေအနေနဲ့လည်း ဒီလိုနည်းပညာပိုင်း မှာ အသိပညာ ရရှိစေချင်တယ်။


သံဃာ့လှုပ်ရှားမှု  ၁ဝ နှစ်တာ  ပြည့်ပြီးကာလမှာ  တိုင်းပြည်ရဲ့ အရွေ့အခြေအနေကို  အရှင်ဘုရားတို့  ဘယ်လိုများသုံးသပ် လဲ  ဘုရား။

အခု NLD အစိုးရက ပြည်သူ တင် မြှောက်ထားတဲ့ အစိုးရလို့ဆိုတယ်။ သို့သော်လည်း ရွေးကောက်ပွဲမတိုင်မီပေးခဲ့တဲ့ ကတိသုံးမျိုးထဲက တစ်ခုမှ နင်လားငါလား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသေးဘူး။ အဲဒီသုံးခုက ငြိမ်းချမ်းရေး၊ ဥပဒေပြုရေး၊ စီး ပွားရေး ဖွံ့ဖြိုးတိုးတက်မှု။ ဒီနေ့ တွေ့ရတာ တော့ ၂၁ ပင်လုံ ဆိုပြီး ခေါင်းစဉ်တပ်ပြီးတော့ ဖော်ဆောင်နေတယ်။ ဥပဒေပြုရေး အနေနဲ့ အားနည်းနေတယ်။ စီးပွားအနေနဲ့ကလည်း ဆန်ရှင်တွေ ပွင့်သွားတယ်။ ကြီးကြီးမားမား က နိုင်ငံတကာ အကူအညီတွေ ရလာတယ်။ ချေးငွေကိစ္စတွေ တွေ့ရတယ်။ ဒါပေမဲ့ နဂို အစိုးရလက်ထက်က စီမံကိန်းကြီးတွေတော့ ယနေ့ထက်ထိ စိစစ်ဆဲကာလပဲ ဖြစ်နေတယ်။ တိတိကျကျ အကောင်အထည်ဖော် ဆောင် ရွက်သေးတာ မတွေ့ရသေးဘူး။ ရွှေဝါရောင် သံဃာတော်တွေရဲ့ မူလတောင်းဆိုချက်နဲ့ ယှဉ် ကြည့်မယ်ဆိုရင်လည်း ရာခိုင်နှုန်း ၁ဝဝ မှာ ၃၅ ရာခိုင်နှုန်းလောက်ပဲ လုပ်နိုင်သေးတယ် လို့ ပြောလို့ရမယ်။ ဒါကြောင့်မို့ လက်ရှိအချိန် ကတော့ ဘာသာရေးပဋိပက္ခ၊ လူမျိုးရေးပဋိ ပက္ခ၊ စီးပွားရေး စတာတွေကတော့ စိန်ခေါ်မှု တစ်ရပ်အနေနဲ့ ယနေ့အချိန်အထိ ရှိနေသေး တယ်လို့ သုံးသပ်ပြီး ပြောဆိုလို့ ရပါတယ်။

 

အရှင်ဘုရားတို့  ရွှေဝါရောင်သံဃာတွေအနေနဲ့  အစိုးရကို ဘာတွေများ  တိုက်တွန်းချင်တာရှိပါလဲ  ဘုရား။

အဓိက,ကတော့ မြန်မာနိုင်ငံမှာ ဆင်းရဲ မွဲတေမှုပြဿနာပါ။ အဲဒီတော့ ဘာသာရေး၊ လူမျိုးရေးတွေက ဒုတိယအဆင့်မှာရှိပါတယ်။ နိုင်ငံတစ်ခုမှာ ဆင်းရဲသားလူအများစုက ရာခိုင်နှုန်း ၉ဝ လောက် ဖြစ်နေတော့ အဲဒီပြည် သူတွေအပေါ်မှာ စေတနာကြီးစွာဖြင့် ပြန် လည်ဦးမော့လာအောင် စီးပွားရေးကို နံပါတ် တစ်အနေနဲ့ ပြန်လည်ဆောင်ရွက်စေချင်ပါ တယ်။ ဒုတိယ၊ တတိယတွေကတော့ ငြိမ်း  ချမ်းရေး၊ ဥပဒေပြုရေးတွေကို ဆက်လက်လုပ် ဆောင်သင့်ပါတယ်။ လူအများစု ဖြစ်နေတဲ့ ဆင်းရဲသားပြည်သူတွေအတွက် အစိုးရတစ် ရပ်အနေနဲ့ သတ္တိရှိရှိ မေတ္တာကြီးမားစွာဖြင့် အမြန်ဆုံး အကောင်အထည်ဖော် ဆောင် ရွက်ပေးပါလို့ ဘုန်းကြီးတို့ တိုက်တွန်းမေတ္တာ ရပ်ခံအပ်ပါတယ်။


ဒီအချိန်မှာ  ပြည်သူတွေအနေနဲ့ရော  ဘာတွေသတိထားဖို့ လိုအပ်ပါလဲဘုရား။

ပြည်သူတွေ နားတွေ မျက်စိတွေ ဖွင့် ထားဖို့ လိုတယ်။ သတိတရား လက်ကိုင်ထား ဖို့ လိုအပ်ပါတယ်။ မိမိတို့တွေ တစ်လျောက် လုံး လွတ်လပ်ရေး ရပြီးကတည်းက ကိုယ့် အလုပ် ကိုယ်လုပ်ခဲ့ကြတယ်။ အတူတကွနေ ထိုင်လာကြတယ်။ အဲဒီ ဒီဘာမဟုတ်တဲ့ မြင် ခြင်း၊ ကြားခြင်း၊ ယုံမှားသံသယဖြစ်ခြင်းနဲ့ တစ် ယောက်နဲ့တစ်ယောက် အမုန်းမပွားကြပါနဲ့ လို့ ပြည်သူလူထုတွေကို ပြောချင်ပါတယ်။


နောက်ဆုံးအနေနဲ့  ဖြည့်စွက်ပြောပေးပါဦး  ဘုရား။

အဓိက,ကတော့ အမုန်းပွားလာမယ်ဆိုရင် တည်ငြိမ်မှု မရှိတော့ဘူး။ တိုင်းပြည်မှာ စီးပွားရေး၊ နိုင်ငံရေး စတဲ့အားလုံးက တည် တည်ငြိမ်ငြိမ်ဖြစ်နေဖို့ လိုအပ်တယ်။ ဒါ့ကြောင့် ကမ္ဘာ့အလယ်မှာ မြန်မာက မျက်နှာမငယ်မှာ ဖြစ်ပါတယ်။ ဘာသာရေးပဋိပက္ခတွေ ဖြစ်မယ် ဆိုရင် ပြည်ပမှာရောက်နေတဲ့ မိမိတို့ရဲ့ သားသမီးတွေ၊ လူမျိုးတွေအတွက် သတိရသင့်ပါတယ်။ သတိတရား လက်ကိုင်ထားပြီး ဆင် ခြင်တုံတရားနဲ့ ဘာသာရေးပဋိပက္ခ ဖန်တီးမှု တွေ၊ လူမျိုးရေးပဋိပက္ခ ဖန်တီးမှုတွေကို အခြား အခြားသော တိုင်းပြည်ကိုဆူပူအောင်၊ မတည် ငြိမ်အောင် အဖျက်အမှောင့်လုပ်ငန်းတွေကို ငွေကုန်ကြေးကျကုန်ခံပြီး လုပ်နေတဲ့  လူတစ်စု ရဲ့ မသမာမှုတွေကို သတိထားပြီး ရှောင်ရှား ကြပါလို့ ပြောချင်ပါတယ်။      

#YangonTimesJournal

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191