Main menu
HOT NEWS
adv
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ  ဦးဉာဏ်ဝင်းနှင့်  တွေ့ဆုံခြင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံခြင်း

မကြာသေးမီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD)ရဲ့ ပြန်ကြားရေးအဖွဲ့အသစ်ကိုပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။ ဒါ့အပြင် NLD ပါတီမှာ အခြားအဖွဲ့အစည်းအသစ်တွေကို ဖွဲ့စည်းတာတွေရှိပြီးတော့ ယင်းအဖွဲ့အစည်းတွေရဲ့ ရှေ့လုပ်ဆောင်ချက်တွေ ပါတီရဲ့ လုပ်ဆောင်ချက်တွေအပြင် လက်ရှိ  ဖြစ်ပျက်နေတဲ့ ရခိုင်အရေးနဲ့ပတ်သက်ပြီးတော့ NLD ပါတီ ပြန်ကြားရေးဥက္ကဋ္ဌ ဦးဉာဏ်ဝင်းကို ရန်ကုန်တိုင်းမ်ဂျာနယ်မှ တွေ့ ဆုံမေးမြန်းထားပါတယ်။

မကြာခင်ကပြောင်းလဲလိုက်တဲ့ NLD ရဲ့   ပြန်ကြားရေး အဖွဲ့နဲ့ပတ်သက်ပြီး   ပြောပေးပါဦး။
အရင်ကဖွဲ့ထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့မှာ ပါတဲ့သူတချို့ ထဲက အစိုးရအဖွဲ့ထဲ ပါသွားတာရယ်၊ တချို့ က လွှတ်တော်ထဲ ပါသွားတာရယ်၊ တခြား အလုပ်တွေနဲ့ မအားတာတွေ ရယ်ကြောင့် တကယ်လုပ်နိုင်တဲ့သူတွေနဲ့ ပြန်ပြီးအသစ်ဖွဲ့ စည်းလိုက်ပါတယ်။ အရင်အဖွဲ့က မရှိတော့ ပါဘူး။ ဒီအဖွဲ့အသစ်ပဲ ရှိတော့တာပါ။ ဒါ ပေမဲ့ အရင်အဖွဲ့က ပါခဲ့တဲ့ ဦးကြည်တိုးတို့ မုံရွာအောင်ရှင်တို့လည်း ဒီအဖွဲ့အသစ်မှာ ပြန်လည်ပါဝင်လာပါတယ်။

NLD ပါတီအနေနဲ့  နောက်ပိုင်းမှာ  အဖွဲ့အစည်းတော် တော်များများကို  အသစ်ဖွဲ့စည်းထားတာ  တွေ့ရပါတယ်။ အဲဒီအဖွဲ့တွေက  ပါတီအတွက်  ဘယ်လောက် အထောက်အကူ  ဖြစ်စေလဲ။
ပါတီကနေ အဖွဲ့အစည်း အသစ်တွေ ဖွဲ့စည်းတာက အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ တို့၊ တောင်သူလယ်သမားရေးရာ အဖွဲ့တို့လို ပေါ့။ တစ်ခုခု ကိစ္စဖြစ်ပြီဆိုရင် သူတို့ဆီက အများကြီး အထောက်အကူ ရပါတယ်။ ဥပမာ တောင်သူလယ်သမားအရေး တစ်ခုခုဖြစ်ပြီ ဆိုရင် အဲဒီ သက်ဆိုင်ရာ ကော်မတီကနေပြီး တော့ လိုအပ်တာတွေ အကြံပြုတာတွေ အခြား တော်တော်များများ အထောက်အကူဖြစ်စေ ပါတယ်။

အခု  အသစ်ဖွဲ့လိုက်တဲ့အဖွဲ့အစည်းတွေနဲ့   ပြန်လည်ဖွဲ့စည်း တဲ့ အဖွဲ့အစည်းတွေနဲ့  ပတ်သက်ပြီး  ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေကိုလည်း  ပြောပေးပါဦး။
ပါတီကနေဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်း တွေအနေနဲ့ သက်ဆိုင်ရာကဏ္ဍတွေမှာ အ ကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ ပြန်ကြား ရေးအဖွဲ့အနေနဲ့လည်း တကယ်လုပ်နိုင်တဲ့ သူတွေနဲ့ ပြန်ဖွဲ့ထားပြီး အကောင်းဆုံး လုပ် ဆောင်သွားမှာပါ။

ရွေးကောက်ပွဲ  အနိုင်ရပြီးနောက်ပိုင်း  အစိုးရသစ်ရဲ့   လုပ် ဆောင်ချက်တွေနဲ့  ပတ်သက်ပြီး  အန်ကယ့်အနေနဲ့  ဘယ် လောက်ထိ  ကျေနပ်မှုရှိပါလဲ။
လက်ရှိအချိန် အစိုးရသစ်ရဲ့လုပ်ဆောင် ချက် တော်တော်များများကို ကျေနပ်ပါတယ်။ ဒါပေမဲ့ ကြိုက်တာတော့ မဟုတ်ဘူး။ လက်ရှိ အချိန်အထိ အစိုးရသစ် တက်လာတဲ့နောက်ပိုင်း အချိန်အတွင်းမှာ အကောင်းဆုံး လုပ် ဆောင်နေတာတွေ တွေ့ရတယ်။ တချို့ကိစ္စ မှာ အမှားလေးတွေ ရှိမယ်။ ဒါက အန်ကယ် တို့အနေနဲ့ နားလည်ပေးလို့ရတယ်။ ဒီအချိန် လေးအတွင်းမှာ အစိုးရရဲ့ လုပ်ဆောင်ချက် တော်တော်များများကိုတော့ ကျေနပ်တယ်။

လွှတ်တော်အမတ်တွေအနေနဲ့   ပြည်သူတွေနဲ့   နီးနီးစပ်စပ် မရှိဘူးဆိုတဲ့   ဝေဖန်သံတွေ   တော်တော်များများ  ကြားနေရ တယ်။   အဲဒါနဲ့ပတ်သက်ပြီး   ပြောပေးပါဦး။
ဟုတ်ပါတယ်။ အဲဒီဝေဖန်သံတွေ တော် တော်များများ ကြားနေရတာတော့ ဟုတ်ပါ တယ်။ ပါတီအနေနဲ့ အစည်းအဝေးလုပ်တိုင်း လည်း လွှတ်တော်ကိုယ်စားလှယ်တွေအနေ နဲ့ ပြည်သူတွေနဲ့ နီးစပ်အောင်နေဖို့။ ပြည်သူ တွေ ကြားထဲကို နားစွင့်ထားဖို့ ပြည်သူတွေ အသံကို နားထောင်ဖို့ အမြဲတမ်းပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ  တချို့နေရာတွေမှာ  ရှုံးနိမ့်ခဲ့တာ တွေရှိတယ်။  ဘာကြောင့်လို့  ထင်ပါသလဲ။
အဓိကကတော့ ကြားဖြတ်ရွေးကောက် ပွဲမှာ ရှုံးတာက စည်းလုံးမှုမရှိလို့ ဖြစ်တာပါ။

အစိုးရရဲ့လုပ်ဆောင်ချက်တွေထဲက  အဓိကဖြစ်တဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကရော   ဘယ်လောက်ထိ   တိုးတက်မှုရှိလာသလဲ။
သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်ကနေ စတင်လာတဲ့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး တစ်ဝက်လောက် မရောက်ခင်မှာ အန်ကယ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ပါဝင်လာခဲ့တယ်။ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့တယ်။ နောက်အစိုးရသစ်ဖွဲ့ပြီးနောက်ပိုင်းမှာလည်း ဒီငြိမ်းချမ်းရေးလမ်းစဉ်ကို အကောင် အထည် ဆက်ဖော်ခဲ့တယ်။ ဒါပေမဲ့ ဆိုးတာက ငြိမ်းချမ်းရေးရဖို့ဆိုတာက နိုင်ငံရေးဆွေး နွေးပွဲကြီး အောင်မြင်အောင်လုပ်နိုင်မှရတာ။ အခုက အဲဒီကို မရောက်နိုင်ဘူး ဖြစ်နေတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အဆင်မပြေဘူး။ လက်မှတ် လေး ရှစ်ဖွဲ့လောက် ထိုးရုံနဲ့လည်း တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး မရနိုင်ဘူး။ အဖွဲ့အစည်း အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးအတွက် ဆွေး နွေးပွဲကြီး လုပ်နိုင်အောင်မြင်ပြီဆိုမှ ငြိမ်းချမ်း ရေးက အစစ်အမှန်ရမှာ။

ငြိမ်းချမ်းရေးမရရှိတဲ့အတွက်   နိုင်ငံအတွက်   အကျိုးဘယ် လောက်များများ   ထိခိုက်စေလဲ။
တော်တော်ထိခိုက်ပါတယ်။ ငြိမ်းချမ်း ရေး မရရှိခြင်းက နိုင်ငံရဲ့စီးပွားရေးနဲ့ အခြား ရင်းနှီးမြှုပ်နှံရေး ကဏ္ဍတော်တော်များများကို ထိခိုက်စေတယ်။ တခြားနိုင်ငံတွေကိုပဲကြည့် ငြိမ်းချမ်းရေးရပြီဆိုတာနဲ့ နိုင်ငံက ချက်ချင်း တိုးတက်လာတယ်။ တော်တော်များများ သိ သာ ပြောင်းလဲလာတယ်။ ဒီမှာလဲ ငြိမ်းချမ်း ရေး ရပြီဆိုတာနဲ့ နိုင်ငံရဲ့ပြောင်းလဲမှုက ပိုပြီး မြန်ဆန်သွားလိမ့်မယ်။

လက်ရှိ   ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့   အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး   အန်ကယ့်အမြင်လေး   ပြောပေးပါဦး။
အကြမ်းဖက်မှုဆိုတာကတော့ ဒီနိုင်ငံမှာမှ မဟုတ်ဘူး ဘယ်နိုင်ငံမှာမှ မရှိသင့်တဲ့ အရာပါ။ ဒါပေမဲ့ ဒီမှာက ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ အများကြီးသက်ဆိုင်နေတာတွေ ရှိတယ်။ အဲဒီဥပဒေမှာကြ>ွပတ်သိပ်ပြီး ထည့် ထားတာ။ နောက်ပြီး ပဆောက်လိုပေါ့။ ပ ဆောက်ကို သွားပိတ်လို့ မရဘူး။ သွားပိတ် ရင် ထွက်ပေါက် မရှိတော့ဘူး။ အဲဒီတော့ အပေါက်တစ်ခုကိုတော့ ဖွင့်ပေးထားရမယ်။

အကြမ်းဖက်မှုတွေဖြစ်ပွားနေတဲ့   ရခိုင်ပြည်နယ်က   ကျေးရွာ အချို့ကိုြီူပါတီအနေနဲ့   ဘာတွေများ  ကူညီသွားဖို့ ရှိလဲ။
အဲဒီမှာ ဖြစ်နေတဲ့ နေရာတော်တော် များများကို ပါတီအနေနဲ့ ကယ်ဆယ်ရေးလုပ် ငန်းတွေ အစားအသောက်နဲ့ အခြားလိုအပ် ချက်တွေ တော်တော်များများကို လုပ်ဆောင် ပေးနေတာတွေ ရှိပါတယ်။ အစိုးရနဲ့ပူးပေါင်း ပြီး လုပ်ဆောင်ပေးနေတာတွေ အများကြီးပါ။ အဲဒီ အကြမ်းဖက်ခံရတဲ့နေရာက လူတွေကို အစိုးရနဲ့ ပါတီနဲ့ပူးပေါင်းပြီး ကူညီမှုတွေအများ ကြီး လုပ်ဆောင်ပေးနေပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက်   ကျေးဇူးတင်ပါတယ်။

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191