Main menu
HOT NEWS
adv
ကမ္ဘောဇဘဏ်၏   အကြီးတန်းအတိုင်ပင်ခံပုဂ္ဂိုလ်   ဦးသန်းလွင်နှင့်   တွေ့ဆုံခြင်း

ကမ္ဘောဇဘဏ်၏ အကြီးတန်းအတိုင်ပင်ခံပုဂ္ဂိုလ် ဦးသန်းလွင်နှင့် တွေ့ဆုံခြင်း

ဗဟိုဘဏ်ကချမှတ်ထားတဲ့  မူဝါဒတွေနဲ့  ပြည်တွင်း ပုဂ္ဂ လိကဘဏ်လုပ်ငန်းတွေ  လုပ်ငန်းရပ်တည်နေရတဲ့  အခြေ အနေကို   ပြောပြပေးပါ။

ပြည်တွင်းဘဏ်တွေအနေနဲ့ အစိုးရရဲ့ စသူငခပ အပေါ်မှာလည်း မူတည်တယ်။ အ ခုက ဘဏ်လုပ်ငန်းအပေါ်မှာ အစိုးရအနေ နဲ့ သိပ်စိတ်ဝင်စားမှု မရှိဘူးလို့ ယူဆတယ်။ ဒါပေမဲ့ တစ်လောက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဘဏ်လုပ်ငန်းဥက္ကဋ္ဌတွေ ခေါ်တွေ့ တယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ ဘဏ်ရဲ့အ ရေးကြီးပုံကို နည်းနည်းလေး မီးမောင်းထိုး ပြနေတယ်ဆိုတာ ယူဆနေတယ်။ ဒါကတော့ ကောင်းတဲ့အချက်ပါ။ ဘဏ်လုပ်ငန်း မတိုး တက်ဘဲနဲ့တော့ တိုင်းပြည်စီးပွားရေး မတိုး တက်နိုင်ဘူးဆိုတာ နိယာမတရားက ရှိပြီး သားပဲ။ ဘဏ်လုပ်ငန်းက ငွေပေးချေမှုမှာလည်း အဓိကကျတယ်။ ပြည်တွင်းရော နိုင်ငံတကာ ရော ငွေလွှဲပြီပြုပြီဆိုရင် ဘဏ်ကပဲတစ်ဆင့် သွားရတာ။ ငွေစုတာ၊ ငွေချေးတာဆိုတာ ဒီလုပ်ငန်းနဲ့ သွားနေတာလေ။ အရင်ခေတ်တုန်း ကတော့ ဘဏ်လုပ်ငန်း ပြုပြင်ပြောင်းလဲမှု တွေမှာ ဗဟိုဘဏ်ဟာ သီးခြားလွတ်လပ်တဲ့ ဗဟိုဘဏ် တည်ထောင်ရေးကိစ္စတို့၊ နောက် နိုင်ငံခြား ငွေလဲလှယ်နှုန်းတစ်ပြေးညီဖြစ်ရေး ကိစ္စတို့ အောင်မြင်စွာလုပ်ခဲ့ပြီးပြီလေ။ အဲဒါ တွေက ဘဏ်လုပ်ငန်းတွေ တစ်ရှိန်ထိုးတက် သွားတာတွေလည်း ပါတာပေါ့။ အစိုးရပိုင်း ကအားပေးလို့ တက်လာတဲ့ သဘောတော့ရှိ တယ်။ အခုနောက်ဆုံး နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်နဲ့ ဘဏ်လုပ်ငန်းရှင်တွေတွေ့ပြီး နောက် ပိုင်းကျတော့လည်း အားရစရာဖြစ်လာတယ်။ ဒါပေမဲ့ တိုင်းပြည်မှာ စီးပွားရေးအရှိန်ကျနေ တဲ့၊ တုံ့ဆိုင်းမှုဖြစ်နေတဲ့အချိန်မှာ ဘဏ်လုပ် ငန်းဆိုလည်း အထိုက်အလျောက် ထိခိုက်တာ ပေါ့။ သူ့ရဲ့ အကျိုးအမြတ်မရှိတာတော့ မ ဟုတ်ဘူး။ ထင်သလောက် အဆင်မပြေဘူး ပေါ့။ အိမ်ခြံမြေဈေးကွက်တွေကလည်း နည်း နည်းလေး ထိုင်းနေတဲ့အချိန်မှာ လုပ်ငန်းအ သစ်တွေကလည်း ချဲ့ထွင်တဲ့အပိုင်းမှာ နည်း နည်းလေး တုံ့ဆိုင်းသွားတဲ့သဘော ရှိတာကိုး။ အဲတော့ ဘဏ်ချေးငွေပိုင်းမှာလဲ ထင်သ လောက် မဖြစ်ထွန်းဘူးဆိုတဲ့ သဘောတော့ ရှိတယ်။ ဒါပေမဲ့ အရင်တုန်းကလည်း စီးပွား ရေးလုပ်ငန်းတွေ လည်ပတ်မှုနဲ့ လုပ်နေတာ တွေရှိတဲ့အတွက် အရှိန်လေးကတော့ရှိသေး တယ်။

အခုနှစ်မှာလည်း  အိမ်ခြံမြေက  နာလန်ထူဖို့  သိပ်မရှိဘူး ဆိုတော့  ဘဏ်တွေရဲ့  အတိုင်းအတာမှာရော  ဘယ်လိုရိုက် ခတ်နိုင်ပါသလဲ။

အိမ်ခြံမြေကလည်း ချေးငွေချေးတဲ့အပိုင်းမှာ အပေါင်ပစ္စည်းယူတဲ့အခါမှာ အိမ်ခြံ မြေကို အဓိကထား ယူတာပေါ့။ ဒါပေမဲ့ အ ခြားနည်းလမ်းနဲ့ ယူတာတွေလည်းရှိတာပေါ့။ ဥပမာ- ကောက်ပဲသီးနှံတို့၊ နောက် ကိုယ့်ရဲ့ ပိုက်ဆံ ရွှေ၊ ငွေတို့ ပိုင်ဆိုင်မှုတွေကိုလည်း အာမခံထားလို့ ရတာတွေရှိတယ်။ နောက်ပိုင်းဆို ဒီထက်တောင် ကျယ်ပြန့်လာဖို့ရှိတယ်။ ဆိုတော့ဘဏ်က အဆင်မပြေဘူးဆိုတာတော့ မဟုတ်ဘူး။ နောက်တစ်ခုကလည်း အိမ်ခြံ မြေက လောလောဆယ် တန့်သွားတဲ့သဘော ရှိတာက အခွန်တိုးကောက်တဲ့အတွက် လုပ်ငန်းတွေက အရှိန်အဟုန်ကျသွားတဲ့သဘော ရှိတာလေ။ နိုင်ငံတော်အစိုးရအနေနဲ့ အခွန်ကို တိုးကောက်မယ့်အစား ရှိသင့်ရှိထိုက်တဲ့ အခွန်နှုန်းထားနဲ့သာ ကောက်ခံမယ်ဆိုရင် အိမ်ခြံမြေလည်း ပြန်ပြီးတော့ ရှင်သန်လာဖို့ အလားအလာရှိတယ်။ အန်ကယ်တို့လည်း အကြံပေးတယ်လေ။ အခွန်နှုန်းထားကိုလျှော့ပါ။ အစိုးရအနေနဲ့ ဝင်ငွေနည်းမယ့်သဘော တော့ ရှိပေမယ့်လို့ ရေရှည်မှာ သူက ရှင်သန်လာမယ့် အခြေအနေအရဆိုရင်တော့ ဝင် ငွေတိုးလာဖို့ အလားအလာရှိတယ်။ အဲဒီပေါ်မှာ တစ်ခါ တိုင်းပြည်ရဲ့ စီးပွားရေးကလည်း ပြန်တက်မယ်။ ဘဏ်လုပ်ငန်းမတက်ရင် တိုင်း ပြည်စီးပွားရေးကလည်း တက်မှာမဟုတ်ဘူး။ အခွန်ရဲ့စနစ်ကို ပြန်ပြီးပြင်ရင် အိမ်ခြံမြေလည်း ပြန်ပြီးရှင်သန်လာစရာ အကြောင်းရှိတယ်။

အရင်နှစ်တွေက  ပြည်တွင်းဘဏ်အချို့မှာ  အမြတ်အစွန်း နည်းတာတွေ  ရှိတယ်။  ဘာ့ကြောင့်ပါလဲ။

အချက်တွေက အများကြီးပါ။ အိမ်ခြံ မြေမှာ ဖြစ်သွားတဲ့ကိစ္စကတော့ ချေးငွေပိုင်းမှာ နည်းနည်းလေးပြန်ပြီးတော့ အရှိန်အဟုန်နဲ့ မတက်လာတာက တစ်ပိုင်းလည်း ပါရင်ပါမှာပေါ့။ နောက် ဒီတိုင်းပြည်မှာ စီးပွားရေးက တုံ့ဆိုင်းသွားလို့ရှိရင် ရပ်တန့်သွားတာမဟုတ်ဘူး။ အရှိန်အဟုန်ကျသွားတဲ့သဘောရှိတယ်။ ဒါပေမဲ့ အရှိန်အဟုန်က တက်သင့်ပါလျက်နဲ့ မတက်ဘူးဆိုရင် ငွေကြေးလည်ပတ်မှုလို့ခေါ်တဲ့ money creation လည်း အရှိန်အဟုန် လျော့သွားမယ်။ တိုင်းပြည်စီးပွားရေး မှာလည်း သွားပြီးထိတာပေါ့။ အဲဒါကြောင့်မို့ ဝင်ငွေကို ထိခိုက်တာလည်းပါတယ်။ နိုင်ငံခြားက ဘဏ်တွေ ဝင်လာတော့လည်း အပြည်ပြည် ဆိုင်ရာ ဘဏ်လုပ်ငန်းမှာတော့ နိုင်ငံခြားက လာတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုရင် သူတို့ပိုင်းကနေ မှရတာ။ အန်ကယ်တို့က သူတို့နဲ့ယှဉ်နိုင်အောင် ဗဟိုဘဏ်ကို တောင်းထားတယ်။ ကျွမ်းကျင် မှုအပိုင်းမှာတော့ သူတို့က အများကြီးအား သာတာပေါ့။ နောက်အပ်ငွေပေါ်မှာ သူတို့ က အတိုးပေးတယ်။ အန်ကယ်တို့ဘဏ်တွေ က အတိုးပေးခွင့်မရှိဘူး။ အဲဒီမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အကုန်လုံးက သူတို့ဆီပဲ ထားတော့မှာပေါ့။ အတိုးရတာကိုး။ အန်ကယ် တို့က ပေးပါဆိုတော့ နောက်ပိုင်းပေးတော့ ပေးမယ်။ အဲဒါဆိုရင်တော့ အန်ကယ်တို့လည်း ပြန်ပြီး ယှဉ်နိုင်မယ်။ နောက် လူမှုရေး၊ နိုင်ငံ ရေး၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ အပစ် အခတ်ရပ်စဲတာလည်း အခြေအနေက သိပ် ပြီးတော့ မပြီးသေးတဲ့အချိန်မှာ ပြည်တွင်းမှာ လည်း မငြိမ်မသက်မှုတွေ၊ ရှုပ်ထွေးမှုတွေရှိ နေတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကလည်း ထင်သလောက် မဝင်လာဘူး။ ဥပဒေပိုင်းဆိုင် ရာ ပြည့်စုံမှုမရှိတာလည်းပါမယ်။ ရင်းနှီးမြှုပ် နှံမှု ထင်သလောက်ဝင်လာမှုမရှိရင် တိုင်းပြည် စီးပွားရေးမှာလည်း တိုးတက်မှုအတွက်က ဘဏ်လုပ်ငန်းဖြစ်စေ၊ အခြားစီးပွားရေးလုပ် ငန်းဖြစ်စေ အရှိန်အဟုန်ကတော့ ကျနေမှာပဲ။

ဘဏ်လုပ်ငန်းကဏ္ဍနဲ့  ပတ်သက်ပြီး  ဖြည့်စွက်ပြောကြား ပေးပါ။

ပြည်တွင်းဘဏ်လုပ်ငန်းအနေနဲ့ကတော့ ခုလည်းဝန်ဆောင်မှုတွေ တဖြည်းဖြည်းနဲ့ချဲ့ နေတာပဲ။ ဘဏ်ခွဲတွေ၊ ဝန်ဆောင်မှုတွေလည်း ချဲ့လာတယ်။ လုပ်ငန်းတွေလည်း ကျယ်ပြန့်လာတယ်။ ကျွမ်းကျင်မှုအပိုင်းမှာလည်း တ ဖြည်းဖြည်းနဲ့ တိုးတက်လာတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရင်တော့ လက်ရှိနိုင်ငံခြား ဘဏ်တွေကို ယှဉ်နိုင်တဲ့အားတော့ မရှိသေးဘူး။ ဒါကြောင့်လည်း ဗဟိုဘဏ်က သူတို့ကို လောလောဆယ် ဘဏ်ခွဲပဲ ဖွင့်ခွင့်ပေးထား သေးတယ်။ နောက်ပြီး ပြည်တွင်းမှာရှိတဲ့ ကျပ် ငွေနဲ့ သူတို့ချေးငွေမရသေးဘူး။ တစ်ဆင့်ချင်း ဖြေလျှော့ပေးမယ့် သဘောတော့ ရှိတာပေါ့။ အဲဒီမှာ အခက်အခဲတစ်ခုက ဘာလဲဆိုတော့ အစိုးရအနေနဲ့က ပေါ်လစီလေးတွေက နည်း နည်းလေး ရှုပ်ထွေးနေတယ်။ သူကပြည်တွင်း ဘဏ်ကို အကာအကွယ် မပေးတော့ဘူးတဲ့။ စီးပွားရေးလုပ်ငန်းတွေအတွက် ကာကွယ်မ ပေးတော့ဘူးတဲ့။ ဒါပေမဲ့ သူတို့ကိုတော့ ကူ ညီပေးမယ်ဆိုတော့ ဘာကိုဆိုလိုလဲ။ နိုင်ငံ ခြားကနေ စီးပွားရေးလုပ်ငန်းတွေ ဖြစ်စေ၊ ဘဏ်တွေ ဝင်လာရင်တော့ ဖြေလျှော့မှုပေး တဲ့အခါ ဗဟိုဘဏ်ပိုင်းဖြစ်စေ၊ နိုင်ငံတော်အ စိုးရပိုင်းဖြစ်စေ တစ်ဆင့်ချင်း တစ်ဆင့်ချင်း လျှော့တာ ပိုကောင်းတယ်။ လုံးလုံးလျားလျား ကြီး ခွင့်ပေးလိုက်ရင်တစ်ခါ တို့တိုင်းပြည်က တက်သစ်စရှိသေးတာပဲ။ တိုင်းပြည်က နှစ် ၅ဝ နောက်ကျလာတယ်ဆိုတဲ့ အသိတရား လေးကလည်း ခေါင်းထဲမှာ ထည့်ထားဖို့လိုမယ်။ အစိုးရအနေနဲ့ နားလည်မှာပါ။ အဲတော့ချက် ချင်းလက်ငင်းကြီး ဖွင့်ပေးဖို့တော့ မသင့်တော် ဘူး။ ပြန်ပြီးစဉ်းစားဖို့လိုတယ်။ ဘဏ်လုပ်ငန်း ဖြစ်စေ၊ အခြားလုပ်ငန်းဖြစ်စေ စီးပွားရေးလုပ် ငန်းတွေဆိုတာ တစ်ဆင့်ချင်းသွားတာ ပိုအ ဆင်ပြေမယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191