HOT NEWS
Main menu
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၊   အတွင်းရေးမှူး ဦးကျော်ဝင်း( ဦးထုံရွှေဆိုင်)နှင့်   တွေ့ဆုံခြင်း

မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး ဦးကျော်ဝင်း( ဦးထုံရွှေဆိုင်)နှင့် တွေ့ဆုံခြင်း

တစ်နှစ်လုံးအတိုင်းအတာအရ ရွှေဈေးက အရင်နှစ်တွေနဲ့ယှဉ်ရင် ဘယ်လိုကွာခြားမှုရှိပါသလဲ။
ဒီနှစ်မှာ အကြမ်းဖျင်းအားဖြင့် တစ်နှစ်လုံးနီးပါး အတက်ဘက် ကိုသွားတယ်။ ဒေါ်လာငွေလဲလှယ်နှုန်းတွေ တက်တော့ နောက် ကမ္ဘာ့ရွှေဈေးနဲ့လည်း ဆိုင်တယ်။ ဆိုတော့ တွက်လိုက်ရင် ပြည်တွင်း ရွှေဈေးက ကျပ်ရှစ်သိန်းကျော်၊ ကိုးသိန်းနီးပါးလောက် ဖြစ်နေတယ်။ နောက်တစ်ခု ကမ္ဘာ့ရွှေဈေးကျလည်း ဒေါ်လာငွေလဲနှုန်းက တက်နေ တော့ တောက်လျှောက်က အတက်ဘက်မှာပဲ ရှိနေတယ်။

လာမယ့်နှစ်မှာရော ရွှေဈေးကွက်အနေအထားက ဘယ်လိုအပြောင်း အလဲတွေ ဖြစ်ပေါ်နိုင်ပါသလဲ။
လောလောဆယ်တော့ ရွှေဈေးကွက်အနေအထားက အတက် ဘက်မှာပဲ အနည်းငယ် လှုပ်ရှားပြောင်းလဲနေပါတယ်။ နိုင်ငံတကာ ဈေးကွက် မပြောင်းလဲဘူး။ ဒေါ်လာငွေလဲနှုန်းကလည်း သိပ်မပြောင်း ဘူးဆို ဒီမှာ ပြောင်းလဲစရာမရှိဘူး။ ဒှီနခအသမ တွေ ပြောင်းရင်တော့ ဒီမှာ လိုက်ပြောင်းနေဦးမယ်ပေါ့။ နိုင်ငံခြားငွေလဲနှုန်းတွေနဲ့ ကမ္ဘာ့ ရွှေဈေးအပေါ်မှာပဲ မူတည်သွားမှာပါ။ အမေရိကန်သမ္မတတက်တဲ့ အခါကျတော့လည်း အမေရိကန်ဗဟိုဘဏ်အဖွဲ့အစည်း အပြောင်း အလဲရှိတဲ့အခါ နည်းနည်းအပြောင်းအလဲဖြစ်နိုင်တယ်ပေါ့။ ဒါပေမဲ့ ဒီနိုင်ငံမှာ လက်ရှိ ဒေါ်လာငွေလဲနှုန်းကလည်း နည်းနည်းမြင့်နေ တော့ ပြည်တွင်းမှာ ခုဈေးပေါက်နေတဲ့ဝန်းကျင်မှာပဲ ရှစ်သိန်း အထက်မှာပဲရှိမယ်လို့ ထင်ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံတကာအဆင့်မီတဲ့ဈေးကွက် တော့ လုပ်သင့်တယ်လို့ ထင်တယ်။ ဒီလိုလုပ်ဖို့ လိုအပ်တဲ့ Criteria က ကျွန်တော်တို့နိုင်ငံမှာ ထွက်တဲ့ရွှေတွေ က နိုင်ငံတကာအဆင့်မီ တဲ့ ရွှေဖြစ်ရမယ်။ ဒုတိယတစ်ချက်က ချိန်တာ၊ တွယ်တာ International မီရမယ်။ ဒီမှာ ချိန်တွယ်လိုက်တဲ့ တစ်ကျပ်သားက ဒေသတစ်ခုနဲ့ တစ်ခုမှာ နည်းနည်းစီကွာတယ်။ တကယ် လို့ International ဈေးကွက် ဆို ဘယ်နိုင်ငံမှာပဲချိန်ချိန် တစ်ခုပဲဖြစ်ရမယ်။ ချိန်တွယ်မှု Quality စံဖြစ်ဖို့ လိုပါတယ်။ ဒီမှာက ရောင်းဝယ်မှုဥပဒေတွေကလည်း အတိအကျပြဋ္ဌာန်းထားတာမရှိတော့ သတ်မှတ်အရည်အသွေးဆိုင်ရာ စံချိန်စံညွှန်းမပြည့်မီတဲ့ပြဿနာတွေ ဖြစ်ပေါ်နေတယ်။ နိုင်ငံတကာ ပုံစံအတိုင်းဖြစ်တဲ့ ရွှေဗဟိုဈေးကွက် ပေါ်ပေါက်လာရင်တော့ အဲဒီ ပြဿနာတွေ လျော့ပါးသွားနိုင်တယ်။

ရွှေဗဟိုဈေးကွက် ဖော်ဆောင်တဲ့အခြေအနေကို သိပါရစေ။
အဲဒါက Policy ဆွဲတုန်းပဲရှိသေးတယ်။ မပြီးသေးဘူး။ ရွှေဗဟို ဈေးကွက် ပေါ်ပေါက်လာရင် Online Trading Market ပေါ့၊ အွန်လိုင်းကနေ ဘဏ်တွေနဲ့ ချိတ်ဆက်ဝယ်ရောင်းလုပ်နိုင်မယ်။ တိကျ သေချာတဲ့ ရွှေဗဟိုဈေးကွက် ပေါ်ပေါက်လာရင် ရွှေဈေး မတည်ငြိမ်တာနဲ့ လိမ်လည်မှုတွေ နည်းသွားမှာဖြစ်ပါတယ်။ မူဝါဒပိုင်းက သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ညှိပြီးဆွဲနေပါတယ်။ အဓိက သယံဇာတ ဆုံးရှုံးမှုမရှိအောင် ရေးရပါတယ်။ ရွှေကို ထုတ်လို့၊ သုံးလို့ရပြီဆိုရင် သယံဇာတ ထိန်းလို့မရတော့ ရနိုင်တဲ့မူဝါဒတစ်ခု လိုပါတယ်။

နောက် ရွှေဗဟိုဈေးကွက်ပေါ်လာရင် အခုပြန့်ကျဲနေတဲ့ ရွှေလုပ်ငန်းတွေလည်း တစ်စုတစ်စည်းတည်းဖြစ်သွားမယ်။ နိုင်ငံမှာရှိတဲ့ အချောထည်ဈေးကွက် Value Added ကနေ ရွှေဈေးကွက်ကို မှီနေတဲ့ SMEs တွေပါ အများကြီးဖွံ့ဖြိုးလာစရာအကြောင်းရှိတယ်။ ရွှေသန့်စင်တဲ့ အသေးစား၊ အလတ်စားလုပ်ငန်းတွေ၊ အရောင်းအဝယ် လုပ်တဲ့ အသေးစားတွေကအစ အများကြီးတိုးတက်လာစရာရှိတယ်။

လက်ရှိမှာ ရွှေနဲ့ ဒေါ်လာက အတက်ဘက်မှာ ဆက်တိုက်ဖြစ်နေ တော့ ရွှေမှာ ရင်းနှီးမြှုပ်နှံမှုအလားအလာ ဘယ်လိုရှိနိုင်ပါသလဲ။
လောလောဆယ်တော့ ရွှေမှာ ရင်းနှီးမြှုပ်နှံမှုက မရှိသလောက် နည်းနေပါသေးတယ်။ ဒါက ကျွန်တော်တို့ အရင်တုန်းကတော့ မြေကွက်ဈေးပေါ့။ မြေဈေးကွက်နဲ့တုန်းက မြေဈေးကွက်ရတဲ့ ရပိုင်ခွင့် အမြတ်အစွန်း နဲ့ ရွှေရဲ့ရပိုင်ခွင့်အမြတ်အစွန်းမှာ ရွှေက ရပိုင်ခွင့်နည်းတယ်။ နည်းတဲ့အခါ ရွှေမှာ နည်းကျတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီက ရွှေဈေးကျရင် တရုတ်တို့၊ မဲဆောက်တို့က ပြန်ပြီးတော့ ဒီကရွှေ ဟိုဘက်ကို ပြန်ထွက်သွား တယ်ပေါ့။ ကျွန်တော်တို့ဆီမှာ တအားမြင့်နေရင်လည်း ဟိုဘက်ကနေပြီး ဝင်လာတယ်။ အာဆီယံ ဈေးကွက်ကလဲ အခုဖွင့်လိုက်ပြီဆိုတော့ ရွှေဈေးက အာဆီယံနဲ့ တူညီမယ့်သဘောရှိ တယ်။ ပြုတ်ကျနိုင် တဲ့အခြေအနေ မရှိဘူး။ ပုံမှန် လေးတော့သွားမယ်။ နောက်ပြီးတော့ ရွှေက အိမ်ခြံမြေလို ဈေးကစား သွားမယ်ဆိုတာမျိုးလည်း မတွေ့ဘူး။ International မှာရှိနေတဲ့ ရွှေဈေးအနေအထားနဲ့ ဒီနိုင်ငံကဈေး အနေအထားနဲ့ ညှိပြီးတော့ သူ့ဟာသူ ဒီလိုပဲ ဈေးအပြောင်းအလဲနဲ့ အရောင်းအဝယ်လုပ်သွား မှာပါ။ ရွှေကတော့ ဘယ်အချိန်ပဲ ရင်းနှီးမြှုပ်နှံမြှုပ်နှံ အကုန်မရှုံးဘူး၊ ကောင်းပါတယ်။

ရွှေပြည်ပတင်ပို့မှုအလားအလာကို သုံးသပ်ပေးပါ။
ပြည်ပက ဝင်လာတာ လောလောဆယ် တရားဝင်တော့ မရှိ သေးဘူး။ ဥပဒေတွေ၊ နည်းဥပဒေတွေ ထွက်လာမှ စနစ်တကျ နိုင်ငံ တော်ရဲ့ခွင့်ပြုချက်နဲ့ ဘယ်လိုရောင်းဝယ်မလဲ ဆိုတာ ဖြစ်လာမှာ ပါ။ ဖြစ်ချင်တာက နိုင်ငံမှာ စည်းမျဉ်းစည်းကမ်းပေါ်လာရင် အရမ်းကောင်း သွားမယ်။ တစ်ခါတလေ ဒီနိုင်ငံမှာ ရွှေတွေ အများကြီးထွက်တယ်၊ ဝယ်သူမရှိဘူး။ Buyer မရှိတဲ့အခါမှာ ဈေးတွေက အရမ်းပြုတ်တယ်။ အဲဒီအချိန်မျိုးမှာ ပေါ်လာတဲ့ရွှေကို စနစ်တကျ International ဈေးရအောင် ဘယ်လိုရောင်းမလဲ။ တစ်ခါတလေကျတော့ နိုင်ငံမှာ ရွှေက တအားရှားတယ်။ Demand တအားများလာတယ်။ ရွှေဈေး တအားတက်ပြီး ဝယ်လို့မရတဲ့အခက်အခဲတွေကြောင့် ဒါကို နိုင်ငံ တကာကနေ ဘယ်လိုသွင်းပြီးရောင်းမလဲ။ စည်းမျဉ်းစည်းကမ်းနဲ့ ရောင်းတာ။ ဒီလိုလေးတော့ ဖြစ်ချင်တာပေါ။ ဒါဆို ရွှေဈေးကွက်က ပိုတည်ငြိမ်မယ်။ ရွှေဈေးကွက် တည်ငြိမ်သွားရင် အခြားကုန်ဈေးနှုန်းမှာလည်း အထိုက်အလျောက်တော့ တည်ငြိမ်စေမယ်။ ဒါကြောင့်မို့ ဒီလို Market ပေါ်စေချင်တယ်။ အရင်တုန်းကတော့ ရွှေကို အထူး ကုန်စည်အနေနဲ့ ကန့်သတ်ပြီးေ တာ့ ရွှေ့တာ ပြောင်းတာ သွင်းကုန် ရော၊ ပို့ကုန်ရောကို ခွင့်မပြုတဲ့သဘောပေါ့။ ရွှေကို ကန့်သတ်ပို့ကုန် စာရင်းမှ ပယ်ဖျက်လိုက်မှ ဗဟိုဘဏ်ဥပဒေ၊ နိုင်ငံခြားငွေကိုင်ခွင့် ဥပဒေ၊ သတ္တုတွင်းဥပဒေတို့နဲ့အညီ ပြည်ပကို တင်ပို့ခွင့်ရရှိမှာပါ။ ဟိုတစ်လောကတော့ သူတို့က ပြန်ပြီးတော့ ဖြေလျှော့ပေးတဲ့အနေနဲ့ ပို့တာ၊ သွင်းတာကို ခွင့်ပြုပေးပြီး အခွန်နှုန်းထားတစ်ရပ်နဲ့ ကောက် မယ်ဆိုပြီး လုပ်ထုံးလုပ်နည်းရေးဆွဲဖို့ ဆွေးနွေးနေတာ ရှိပါတယ်။ လုပ်ထုံးလုပ်နည်း ရေးဆွဲပြီးတော့ သူတို့ သက်ဆိုင်ရာကိုတင်မယ်။ ဝန်ကြီးကနေပြီးတော့မှ ပြည်သူ့လွှတ်တော်ပေါ့။ အဲဒါပြီးသွားရင် တော့ တဖြည်းဖြည်းကောင်းသွားမှာပါ။ နောက်ပိုင်းတော့ တဖြည်း ဖြည်းနဲ့ ဝင်ခွင့်၊ ထွက်ခွင့် ပေးမယ်ထင်ပါတယ်။ ကြိုးစားလုပ်ဆောင် နေတာတော့ ရှိပါတယ်။

ရွှေဈေးကွက်နဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောကြားပေးပါ။
ဒီနိုင်ငံက ရွှေလဲထွက်တယ်။ ရွှေကို တအားလည်း ကြိုက်ကြ တယ်။ ရွှေဈေးကွက်က တောက်လျှောက်ကောင်းဖို့ပဲရှိပါတယ်။ စနစ်ကျတဲ့ရွှေဈေးကွက်ကိုတော့ လိုချင်ပါတယ်။              

Rate this item
(0 votes)

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS