Main menu
HOT NEWS
adv
ရှေးဟောင်းသုတေသနအဖွဲ့အစည်းမှ Yangon Heritage Trust  ၏  စီမံကိန်းအရာရှိ ဦးကြံတိုင်းအောင်နှင့်  တွေ့ဆုံခြင်း

ရှေးဟောင်းသုတေသနအဖွဲ့အစည်းမှ Yangon Heritage Trust ၏ စီမံကိန်းအရာရှိ ဦးကြံတိုင်းအောင်နှင့် တွေ့ဆုံခြင်း

နိုင်ငံပိုင်အဆောက်အအုံများထဲမှသက်တမ်းကြာမြင့် နေသော အချို့ရှေးဟောင်းအဆောက်အအုံများအား ပုဂ္ဂလိကအဖြစ် ပြောင်းလဲလုပ်ကိုင်ခွင့်ပြုခဲ့သည်။ ထိုသို့ပြောင်းလဲလုပ်ကိုင်ခွင့်ပြုရာတွင်စီးပွားရေးလုပ်ငန်းသုံးအဆောက်အအုံအဖြစ်ပြောင်းလဲခြင်းများရှိခဲ့ပြီး ယခုနောက်ပိုင်းတွင် ဟိုတယ်အဖြစ် ပြောင်းလဲခြင်းများပါဖြစ်လာသည်ကိုတွေ့ရသည်။ ထိုသို့ပြောင်းလဲလုပ်ကိုင်ခြင်းအပေါ်မည်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်ပါက ပိုမိုသင့်တော်မည်ဆိုသည်ကို ရှေးဟောင်းသုတေသနအဖွဲ့အစည်းမှ Yangon Heritage Trust ၏စီမံကိန်းအရာရှိ ဦးကြံတိုင်းအောင်နှင့် ယခုလိုတွေ့ဆုံမေးမြန်းသည်။

သက်တမ်းအားဖြင့် ကြာမြင့်နေပြီဖြစ်တဲ့မြန်မာ့မီးရထားရုံးအဟောင်းကို ဟိုတယ်အဖြစ် ပြုပြင်ပြောင်းလဲလုပ်ကိုင်ခွင့်ပြုတဲ့အပေါ်ရှေးဟောင်း အမွေအနှစ်ထိန်းသိမ်းစောင့်ရှာက်ရေးအဖွဲ့ရဲ့အမြင်ကို သိပါရစေ။

ရှေးဟောင်းအဆောက်အအုံတိုင်းကိုပြတိုက်သာ ဖွင့်ရမယ် လို့တော့ မဟုတ်ပါဘူး။ ပြန်လည်အသုံးချလို့ရပါတယ်။ ဒီဆူးလေ ဘုရားလမ်း၊အရှေ့ဘက်ကွေ့နားက New Law Courts ကို ဟိုတယ် အဖြစ် ပြန်ပြုပြင်ပြီးလုပ်နေပြီ။ တကယ်တမ်းတော့ကျွန်တော့်အမြင် အရ နည်းစနစ်မှန်မှန်နဲ့ ပြန်လည်ပြုပြင်ထိန်းသိမ်းတာဆိုရင်တော့ အကောင်းဆုံးပေါ့။

 

ရှေးဟောင်းအဆောက်အအုံတွေကိုပုဂ္ဂလိက လုပ်ကိုင်ခွင့်ပေးလိုက် တဲ့အခါမှာ စီးပွားရေးစင်တာအဖြစ် လုပ်ကိုင်ခွင့်ပေးတာနဲ့ဟိုတယ် အဖြစ် လုပ်ကိုင်ခွင့်ပေးတာ ထိခိုက်ပျက်စီးမှုမှာ ဘယ်ဟာက ပိုများ ပါသလဲ။

ဟိုတယ်အဖြစ် ပြန်လုပ်တာကမကောင်းဘူးတော့မဟုတ်ဘူး။ သက်တမ်းအားဖြင့် အရမ်းကြာမြင့်နေပြီဖြစ်တဲ့အတွက် သေချာလေးတကယ့်နည်းမှန်လမ်းမှန်နဲ့ လုပ်သွားနိုင်ရင်တော့ အကောင်းဆုံးပေါ့။ သူတို့စီအန်ဘီတွေလည်းဆွဲတယ်လို့တော့ ပြောတယ်။ စီအန်ဘီ ဆိုတာလည်း မျိုးစုံရှိတယ်။ အဖြစ်ဆွဲတဲ့စီအန်ဘီလည်းရှိသလို သေချာစနစ်တကျဆွဲလို့လည်းရတယ်။ သက်တမ်းကြာတဲ့ ရှေးဟောင်း အဆောက်အအုံတွေမှာဆိုရင်တော့အဆင့်တွေရှိတာပေါ့။ အဓိက အရေးပါတဲ့နေရာမျိုးတွေဆိုရင်တော့ ဒီအတိုင်းထားတာ အကောင်း ဆုံးပေါ့။အဲဒါမျိုးတွေကို မပြုပြင်တာက ပိုကောင်းတယ်။ ကျန်တဲ့ နေရာမျိုးတွေကျတော့ လိုအပ်ချက်နဲ့အညီအတိုင်းအတာတစ်ခုအထိ ပြန်ပြုပြင်တာတို့၊ အသစ်ပြန်အစားထိုးတာတွေကိုတော့ လုပ်လို့ ရပါတယ်။

 

အခုနောက်ပိုင်းမှာရှေးဟောင်းအဆောက်အအုံတော်တော်များများကို စီးပွားရေးစင်တာအဖြစ် ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပြုတာကိုရှေးဟောင်း အထူးလေ့လာနေတဲ့အဖွဲ့အစည်းအနေနဲ့ ဘယ်လိုများမြင်ပါသလဲ။

 အရင်အဆောက်အအုံတွေကို ပြန်ပြုပြင်တဲ့အခါမှာ နဂိုအသုံးချခဲ့တဲ့ပုံစံအတိုင်း ပြန်အသုံးချနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အသစ် တွေ လုပ်စရာမလိုဘူး။အရင်တုန်းက ဆေးရုံဆိုပါတော့။ အသုံးမပြု တာကြာတဲ့ဆေးရုံကို ပြန်ပြုပြင်ပြီး ဆေးရုံအဖြစ်ပြန်အသုံးချတာတော့ အကောင်းဆုံးပေါ့။ တကယ်လို့ ဆေးရုံကနေ တခြားကုမ္ပဏီ ရုံးခန်း၊ ဟိုတယ်တို့လုပ်မယ်ဆိုရင်တော့ ဖွဲ့စည်းပုံတွေ အကုန်ပြောင်းပစ် ရတော့မယ်။ အခန်းတွေကအစ ပြောင်းလဲရတော့မယ်။အသစ်တွေ လည်း ထပ်ထည့်ပြီး မျိုးစုံလုပ်ရတော့မယ်။ ဒါကြောင့် အရင်ရှိပြီး သားတွေကိုပြင်ရတာ လည်းရှိတဲ့အတွက် မူလအတိုင်းတော့ မဖြစ် နိုင်တော့ဘူး။

 

အစိုးရအနေနဲ့ ပုဂ္ဂလိကကိုငှားရမ်းလုပ်ကိုင်ခွင့်ပေးတဲ့အခါမှာ ရှေး ဟောင်းအဆောက်အအုံတွေက မူလလက်ရာအတိုင်း ပြန်ဖြစ်နိုင်ပါ့မလား။

လက်တွေ့မှာ အရင်အတိုင်းဖြစ်ဖို့ကတော့မလွယ်လောက် ဘူး။ အဆောက်အအုံတိုင်းကို ထိန်းသိမ်းသင့်တယ်ဆိုတဲ့ပြောစကား ကတော့ လွယ်တယ်။ဘယ်သူမှ ငွေကြေးစိုက်ထုတ်ပေးမယ့်သူ မရှိ ပါဘူး။ အစိုးရမှာလည်း ထိန်းသိမ်းဖို့အတွက်ဘတ်ဂျက်မရှိဘူး။ တခြားနိုင်ငံတကာအဖွဲ့အစည်းက လှူတယ်ဆိုတာလည်း မရှိတဲ့ အတွက် ရင်းနှီးမြှုပ်နှံတဲ့သူတွေကိုပေးပြီးလုပ်ကိုင်ခွင့်ပြုခဲ့တယ်။ အဲဒီလိုလုပ်ကိုင်ခွင့်ပေးတဲ့အခါမှာလည်း သူ့အကျိုးစီးပွားကိုသာကြည့်တဲ့ ရင်းနှီးမြှုပ်နှံတဲ့သူ မဖြစ်ရဘူးပေါ့။

 

အခု ရှေးဟောင်းအဆောက်အအုံတွေကိုလုပ်ကိုင်ခွင့်ရတဲ့သူတွေ အနေနဲ့ အများပြည်သူအတွက် ဘယ်လိုဆောင်ရွက်ပေးသင့်တယ်လို့ ထင်ပါသလဲ။

လုပ်ကိုင်ခွင့်ရတဲ့သူတွေအနေနဲ့သုံးထပ်ရှိရင် တစ်ထပ်ကို တော့ အများပြည်သူအတွက် ပြန်ပြီးအသုံးချတာမျိုးတော့ ဖြစ်သင့်တယ်။ ပြခန်းဆိုလည်း ပြခန်းလေးတစ်ခုဖြစ်ဖြစ်၊ အများပြည်သူ မည်သူမဆို ဝင်ရောက်ကြည့်ရှုခွင့်ရရမယ်။နေရာတိုင်းတော့မဟုတ် ဘူး။ ပြည်သူကိုလည်း အကျိုးပြုတာတစ်ခုတော့ ထားပေးသင့်တယ်။ အဆောက်အအုံတစ်လုံးဘယ်လောက်ရာခိုင်နှုန်းကို ပြည်သူအတွက် ပြန်အသုံးချခွင့်ပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့သွားမှသာပုဂ္ဂလိကကဏ္ဍမှာ အောင်မြင်နိုင်မယ်လို့ ယုံကြည်တယ်။ အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံ မယ့်သူကိုမဖိတ်ခေါ်ဘူးဆိုရင်တော့ ဒီရှေးဟောင်းအဆောက်အအုံ တွေကို ဘယ်လိုမှ ပြုပြင်ထိန်းသိမ်းနိုင်မှာမဟုတ်ဘူး။ဒီလိုရင်းနှီး မြှုပ်နှံမယ့်သူ၊ ရင်းနှီးမြှုပ်နှံချင်တဲ့သူ၊ ပြည်သူအတွက်လည်း စဉ်းစားပေးမယ့် သမာသမတ်ကျတဲ့ ရင်းနှီးမြှုပ်နှံသူတွေကတော့ ရှိသင့်တယ်။

 

ရန်ကုန်မှာ ရှေးဟောင်းအဆောက်အအုံပေါင်းဘယ်လောက်ရှိပါ သလဲ။

ကျွန်တော်တို့အဖွဲ့အစည်းမှာရှေးဟောင်းအဆောက်အအုံ စာရင်းကို လိုက်ပြုစုတဲ့လုပ်ငန်းတစ်ခုရှိတယ်။ အခုလောလောဆယ် ဆိုရင်တော့မြို့ထဲခြောက်မြို့နယ် ပြီးသွားပြီ။ မြို့ထဲခြောက်မြို့နယ်ကို ပြုစုထားတဲ့စာရင်းအရတော့ရှေးဟောင်းအဆောက်အအုံပေါင်း ၃ဝဝဝ နီးပါးရှိပါတယ်။ စည်ပင်ရဲ့စာရင်းကတော့ ရန်ကုန်မြို့ရဲ့ရှေးဟောင်းအဆောက်အအုံပေါင်းက ၁၈၉ လုံးပဲ ထုတ်ပြန်ထားတယ်။ သူတို့ထုတ်ပြန်တာက အဆောက်အအုံအကြီးတွေကိုပဲထုတ်ပြန်ထား တာပါ။ ဥပမာပြောရရင် ဝန်ကြီးများရုံး၊ အစိုးရအထက်တန်းကျောင်း၊ ဆေးရုံကြီးတို့၊သာသနိကအဆောက်အအုံတွေ စေတီတို့၊ ဘုရား ကျောင်းတို့ကို ပြောထားတာပါ။ တစ်နည်းပြောရရင်အများပြည်သူ ပိုင်တဲ့စာရင်း မပါဘူး။ ကျွန်တော်တို့ပြုစုထားတဲ့စာရင်းကတော့  အကုန်ပါပါတယ်။ မြို့တွင်းခြောက်မြို့နယ်ဖြစ်တဲ့ပန်းဆိုးတန်းအလယ် ဘလောက်မှာဆိုရင် အစိုးရရုံးအသေးလေးတွေလည်းရှိတယ်။ သုံး လေးထပ်တွေရှိတယ်။တခြားလမ်းတွေလည်း အများကြီးရှိပါတယ်။

 

အဖွဲ့အစည်းအနေနဲ့ရှေးဟောင်းအဆောက်အအုံနဲ့ပတ်သက်ပြီး လက်ရှိ မြို့တွင်းခြောက်မြို့နယ်ကို စာရင်းပြုစုပြီးပြီဆိုတော့ဒုတိယဆောင် ရွက်မယ့်မြို့နယ်တွေကိုလည်း သိပါရစေ။

ကျွန်တော်တို့က မြို့တွင်းခြောက်မြို့နယ်ပြီးသွားပြီ။ အခုက ဦးဝိစာရဘက်က ဒဂုံမြို့နယ်တို့၊ ဗဟန်းမြို့နယ်တို့ကို စပြီးလုပ်နေပါပြီ။ ကျွန်တော်တို့က ဒီအလုပ်ကိုပဲ တစိုက်မတ်မတ် လုပ်နေတာ မဟုတ်ဘူး။ တခြားအလုပ်တွေလည်းရှိသေးတဲ့အတွက် စာရင်းပြုစု တဲ့အဖွဲ့ကလည်း လေးငါးယောက်ပဲရှိတယ်။ အဆောက်အအုံတွေ ကိုဓာတ်ပုံရိုက်ရတာလည်း ရှိတဲ့အလုပ်က နှောင့်နှေးနေတယ်။ တခြားအလုပ်တွေကလည်း ကြားထဲဝင်ကူရတာကြောင့်တစိုက် မတ်မတ် မလုပ်ဖြစ်သေးဘူး။

 

ရှေးဟောင်းအဆောက်အအုံဆိုပြီးသတ်မှတ်တာနဲ့ပတ်သက်ပြီး ဘယ်လိုများ တွက်ချက်သတ်မှတ်တာလဲဆိုတာ သိပါရစေ။

နှစ်တစ်ခုတည်းကိုတော့အခြေခံတာ မဟုတ်ဘူး။ တချို့က နှစ် ၁ဝဝ မှ သတ်မှတ်တာလည်းရှိတယ်။ ကျွန်တော်တို့သတ်မှတ်တာကတော့ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်မတိုင်မီက အဆောက်အအုံ မျိုးတွေကို သတ်မှတ်တာ။ နောက်တစ်ခုကဒီအဆောက်အအုံရဲ့ တန်ဖိုးပါ။ တန်ဖိုးဆိုတာက အဲဒီအဆောက်အအုံရဲ့ သမိုင်းတန်ဖိုး ကို သတ်မှတ်တာပါ။ဒီအဆောက်အအုံထဲမှာ တစ်ချိန်က ဘာတွေ ဖြစ်ခဲ့သလဲ။ မြန်မာနိုင်ငံရဲ့ခေါင်းဆောင်တွေက သူတို့ရဲ့လှုပ်ရှားမှုတွေနဲ့ ဒီအဆောက်အအုံတွေ ဘယ်လိုဆက်သွယ်မှုရှိခဲ့သလဲ။ ဗိသုကာ ပိုင်းဆိုင်ရာနဲ့ ပုံပန်းသဏ္ဌာန်ကဘယ်လိုပတ်သက်မှုရှိသလဲ။ ဒီအ ဆောက်အအုံမှာ တခြားလူမှုရေးနဲ့ပတ်သက်တဲ့အချက်တွေအပေါ်  မှာ အသေးစိတ်တွက်ချက်ပြီး သတ်မှတ်တာပါ။ အဆောက်အအုံတိုင်းအဆောက်အအုံတိုင်းကတော့ အကုန်လုံး အဲဒီအချက်နဲ့ ပြည့်စုံတယ် ဆိုတာမရှိပေမယ့် အဲဒီထဲကအချက်အလက်တွေနဲ့ကိုက်ညီရင်တော့ သတ်မှတ်ပါတယ်။

 

ဒီရှေးဟောင်းအဆောက်အအုံတွေကိုဟိုတယ်အဖြစ် ပြောင်းလဲလိုက် မယ်ဆိုရင် ပြည်သူတွေရောက်ဖို့က အလှမ်းဝေးသွားတဲ့အတွက် ဒီလိုပုဂ္ဂလိကတစ်ခုကဆောက်လိုက်မယ်ဆိုရင် ရှေးဟောင်းလေ့ လာချင်တဲ့သူတွေအနေနဲ့ ဘယ်လိုလုပ်ပေးသင့်သလဲ။

အရင်အစိုးရလက်ထက်ကပေးပြီးသားကိစ္စတွေကတော့ ဘာမှ လုပ်လို့မရတော့ဘူး။ ကျွန်တော်တို့အဖွဲ့ကလည်း ရိုးရိုးအင်န်ဂျီအိုအဖွဲ့ပါ။ ကျွန်တော်တို့ရှေးဟောင်းသုတေသနအဖွဲ့အစည်းအနေနဲ့ ဘာလုပ်ပေးနိုင်သလဲဆိုရင်တော့အရင်က အစိုးရရုံးတစ်ခုကို အခု နောက်ပိုင်း ပုဂ္ဂလိကဟိုတယ်အဖြစ် လုပ်ပြီဆိုရင်တော့ပြောင်းလဲမှု တစ်ခု လုပ်ရတော့မယ်။ အရင်တုန်းက ရှေးဟောင်းလက်ရာတွေကို တတ်နိုင်သရွေ့ မထိခိုက်အောင်၊မပျက်စီးအောင် ထိခိုက်တယ် ဆိုရင်လည်း အနည်းဆုံးသာ ထိခိုက်အောင် ကူညီပေးတယ်။ သူတို့လာလေ့လာတယ်ဆိုရင်လည်း အရင်တုန်းကအတိုင်း ပြန်မရနိုင် တော့ဘူး။ အနည်းငယ်သာ ကျန်ရှိတော့မယ်။ပြတိုက်လုပ်မယ်ဆိုရင် တောင် ဒီခေတ်အတိုင်းအတာနဲ့ ပြောင်းလဲမှုတစ်ခုကတော့ ရှိရ မယ်။ လုံးဝမပြောင်းရတဲ့အဆောက်အအုံလည်းရှိကောင်းရှိနိုင်ပါ တယ်။ ဒါပေမဲ့ အရင်တုန်းကပစ္စည်းအတိုင်း အစားထိုးဖို့ဆိုတာ ကတော့ရှိချင်မှ ရှိနိုင်မယ်၊ ရှားမယ်။ အဲဒါတွေကို အလားတူပုံစံမျိုး သာ အစားထိုးရမှာပေါ့။

 

 ယခုနောက်ပိုင်းမှာရှေးဟောင်းအဆောက်အအုံတွေကို ဟိုတယ်အဖြစ် ပြောင်း လဲလိုက်တဲ့အဆောက်အအုံ ဘယ်လောက်ရှိပါသလဲ။

ဟိုတယ်အဖြစ် ပြောင်းလဲလိုက်တာမြန်မာ့မီးရထားပိုင် အဆောက်အအုံ ရယ်၊ New Law Courts ကို ဟိုတယ်အဖြစ် ပြောင်းတာနဲ့ဆိုရင်ရှေးဟောင်း အဆောက်အအုံနှစ်လုံးကို ဟိုတယ်အဖြစ် လုပ်ခွင့်ပေးပြုထားတာ တွေ့ရတယ်။ ဒီဆူးလေအရှေ့ဘက်ထောင့်စွန်းနားက New Law Courts ဆိုရင် မဆလ ခေတ်က လွှတ်တော်လုပ်ခဲ့တယ်။ ဒီဘက်ခေတ်တွေကျတော့လည်းစုပေါင်းရုံး တို့၊ တရားရုံးတို့အဖြစ် ရှိခဲ့တယ်။ အရင်ခေတ်ကတည်းက ဟိုတယ်တော့မဟုတ် ဘူး။မီးရထားရုံးဆိုလည်း အရင်ခေတ်ကာလက မီးရထားနဲ့ ပတ်သက်တဲ့ရုံး ကိစ္စတွေသာ လုပ်ခဲ့တယ်။ ဒီဘက်အစိုးရခေတ်ကာလမှသာ ဟိုတယ်အဖြစ် ပြောင်းလဲလုပ်ကိုင်ခွင့် ချထားပေးခဲ့တာပါ။

 

ရင်းနှီးမြှုပ်နှံသူရဲ့အသုံးချမယ့်လုပ်ငန်းက အရင်အသုံးပြုခဲ့တဲ့လုပ်ငန်းနဲ့ မအပ် စပ်ဘူးဆိုရင် အဲဒီအဆောက်အအုံကိုဘယ်လိုပြုပြင်ထိန်းသိမ်းဖို့ လိုအပ်ပါ သလဲ။

ဒါကတော့ အင်ဂျင်နီယာအပိုင်းနဲ့ဆိုင်တယ်။ စစချင်းမှာတော့ တည် ဆောက်ထားတဲ့အဆောက်အအုံရဲ့ ကြံ့ခိုင်မှုကို အရင်စစ်ဆေးရမယ်။အရင်က ဒီအဆောက်အအုံကို ဘာအဖြစ်အသုံးချခဲ့သလဲ။ ဒီအထဲမှာထားတဲ့ ပစ္စည်းတွေ ရဲ့ သက်ရောက်မှုကဘယ်လောက်ရှိသလဲ။ အခုပြောင်းလဲအသုံးချမယ့် ပုံစံနဲ့ ဆို ထားမယ့်ပစ္စည်း၊ ပြန်လည်ဖွဲ့စည်းမယ့်ပမာဏကို ခံနိုင်ဝန် ရှိ၊ မရှိကို စစ် ဆေးတွက်ချက်ရမယ်။ ခံနိုင်ဝန်မရှိဘူးဆိုရင် နည်းပညာပိုင်းဆိုင်ရာတွေနဲ့အား ဖြည့်လုပ်ရတာတွေလည်း ရှိမယ်။ ဒီလိုမှ ရေရှည်အတွက် အသုံးပြုမယ့်အ ဆောက်အအုံရဲ့ ခိုင်ခံ့မှုအတွက်စိတ်ချရပါမယ်။                 

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191