Main menu
HOT NEWS
adv
မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်း နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်း နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းအား တွေ့ဆုံကာ တရားမဝင်သစ်များ ဖမ်းဆီးရမိနေခြင်း အခြေအနေများအပါအဝင် မည်သို့အရေးယူ ဆောင်ရွက်သွားသင့်သနည်းနှင့် တရားမဝင်သစ်များ ပပျောက်ရေး မည်သို့ဆောင်ရွက်သင့်သနည်း၊ နိုင်ငံခြားသို့ တင်ပို့နေသော သစ်များကို မည်သည့်ပုံစံဖြင့် တင်ပို့သင့်သနည်း စသည့် အကြောင်းအရာများကို မေးမြန်းထားပါတယ်။

ညီတူး - တွေ့ဆုံမေးမြန်းသည်။

ရန်ကုန်မြို့က စက်မှုဆိပ်ကမ်းလို လုံခြုံ ရေးတင်းကျပ်တဲ့ နေရာမှာ သစ်တွေဘယ် လိုကြောင့် ဆက်တိုက်မိနေတယ်လို့ထင် ပါသလဲ။ ဘယ်လို လုပ်ကိုင်ကြပါသလဲ။
    နိုင်ငံခြားကို သစ်တင်ပို့မှုက အကြမ်းဖျင်း လုပ်ငန်းလုပ်တဲ့လူ သုံးစား ရှိတယ်။ တစ်ခုက စက်ရုံတည်ထားတယ်။ ကိုယ်ပိုင်စက်ရုံ တည်ပြီးတော့ အလုပ် သမားတွေအများကြီးနဲ့ တရားဝင်သစ် ကိုပဲ ရာနှုန်းပြည့် လုပ်တဲ့လူလည်း ရှိ တယ်။ နည်းတော့နည်းတာပေါ့။ နောက် တစ်မျိုးက စက်ရုံလည်း တည်ထားတယ်။ စက်တွေလည်း ရင်းနှီးထားတယ်။ တရား ဝင်သစ်လည်း ဝယ်သုံးတယ်။ အဆင်ပြေ ရင်ပြေသလို တရားမဝင်သစ်လည်းရော ပြီးတော့ တင်ပို့တဲ့လူလည်း ရှိတယ်။ တ တိယကတော့ ခေတ်စကားနဲ့ပြောရင် ဗြောင်စိန်ခေါ်ဝင်လာတာ။ ဘာမှ စက် ရုံလည်းမတည်ဘူး။ ဘာမှ ကိုယ်ပိုင်နေ ရာရော၊ စက်ရော မရှိဘူး။ ဂိုဒေါင်ကို ငှားရမ်းသုံးတာ။ မှောင်ခိုသစ်ကိုပဲ အ ရောင်းအဝယ်လုပ်ပြီးတော့ ခုလိုစာရွက် စာတမ်း အထောက်အထားလည်း သေ ချာမထားဘဲ ပို့တဲ့လူမျိုး။ အဲလိုလူမျိုးက သစ်လုပ်ငန်းမှာ ပိုပြီးတော့ ကြီးစိုးနေ တယ်။ ခုဖမ်းမိနေတာ အများစုက စက် ရုံ၊ အလုပ်ရုံပိုင်ရှင် ကုန်ထုတ်လုပ်နေတဲ့ လူထက်၊ ရောထည့်တာ ဆိုတာထက်၊ ဂို ဒေါင်ငှားပြီးတော့ တရားမဝင်သစ် တင် ပို့တာက အများဆုံးဖမ်းမိတာ တွေ့ရမယ်။ ဖမ်းမိတော့လည်း တကယ်လုပ်တဲ့လူ ကို ဖမ်းမမိဘဲ လက်ဝေခံ နှစ်ဆင့်ခံ၊ သုံး ဆင့်ခံ ဝန်ထမ်း၊ တပည့်တွေပဲ မိတယ်။ နောက်ကွယ်ကလူတွေကို ဖမ်းမိတာ သိပ်မတွေ့ရဘူး။


တရားမဝင်သစ်တွေကို ရန်ကုန်မှာ တန် ချိန်ထောင်နဲ့ချီ ဖမ်းဆီးရမိမှုတွေ ဖြစ်နေ တော့ တရားဝင် သစ်တင်ပို့တဲ့ လုပ်ငန်း ရှင်တွေကရော ခုဘယ်လို အခြေအနေရှိ ပါသလဲ။
    ရှိတာပေါ့။ သူတို့က ထစ်ခနဲရှိ စက်ရုံ၊ အလုပ်ရုံနဲ့လူတွေကို ပိုတင်းကျပ် တော့တာပဲ။ တစ်ခါဖြစ်ရင် စည်းကမ်း တစ်ခုတိုးလာတယ်။ တစ်ခါဖြစ်ရင် တစ်ခု တိုးတယ်။ စာရွက်စာတမ်းတွေ ပိုတိုးလာ တယ်။ နိုင်ငံခြားကို သစ်တင်ပို့တော့မယ် ဆိုရင် စာရွက်တွေ အများကြီးဖြစ်သွား တယ်။ ဟိုးအရင်က လူတစ်ယောက် လက် မှတ်ထိုးရင် အလုပ်လုပ်လို့ရတယ်။ ခုနောက် ပိုင်းကတော့ လက်မှတ်တွေ အများကြီး လိုတယ်။ မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင် ခက်သလားမမေးနဲ့ တရားမဝင်က လွယ် တယ်လေ အများကြီးမလိုဘူး။ ညှိလိုက် ရင် ရနေတာကိုး။ ဒီတော့ မှန်မှန်ကန်ကန် လုပ်တဲ့လူတွေက ပထမ တစ်ရာရှိရင် နောက် ၉ဝပဲ ရှိတော့တယ်။ နံပါတ်တစ် မှန်မှန်လုပ်ချင်တဲ့လူ နည်းသွားတယ်။ တရားဥပဒေစိုးမိုးမှုအားနည်းတာက လူ တွေရဲ့ စာရိတ္တကို ယိုင်သွားစေတယ်။

သစ်ခိုးတာပျောက်စေချင်ရင် ဖမ်းမိတဲ့လူကို တကယ်ပဲ တစ်ဝက်ပေးပါလို့၊ လူတွေဟာ မဖြစ်မနေ ဖမ်းလာပါလိမ့်မယ်၊ ရန်ကုန်တောင်  ရောက်လာမှာ  မဟုတ်ဘူး၊ လမ်းမှာတင်  ဖမ်းမိသွားပါလိမ့်မယ်


ရန်ကုန်ကို တရားမဝင်သစ်တွေ ဝင်ရောက် ဖို့ဆိုတာ ဂိတ်တွေအများကြီး ဖြတ်ရပါ တယ်။ ဘယ်ဒေသတွေက ဝင်လာတယ် လို့ ထင်ပါသလဲ။
    သစ်တွေက နေရာအနှံ့ကလာ တာပါ။ ဘယ်ဒေသကဆိုတာ ပြောလို့မရ ဘူး။ အဓိကက သစ်တွေ အားလုံးဟာ ကားနဲ့ သယ်လာရတာပဲ။ ရထားနဲ့ သယ် လာရတာပဲ။ သင်္ဘောနဲ့ သယ်လာရတာပဲ။ ဒီသစ်တွေ ဘယ်ဒေသက လာတယ်ဆို တာတော့ အတိအကျ ပြောရဖို့ ခက်ပါ တယ်။ တစ်ခုတော့ရှိတယ်။ သစ်ပုံကိုတွေ့ လိုက်ရင်တော့ ဒီသစ်မျိုးက ဘယ်ဒေသ က ပေါက်တာ။ ကျွန်းတောင် တစ်နေရာနဲ့ တစ်နေရာ မတူပါဘူး။ ဒါတွေက သစ် တောပညာရှင်တွေ ဒီလုပ်ငန်းကလူတွေ ကျွမ်းကျင်ပြီးသားပါ။
သစ်တန်ချိန် ၁၅ဝဝ ကျော် ဖမ်းမိတယ်။ အခုမှ ဘယ်လိုကြောင့် ဖမ်းဆီးရမိတယ် လို့ ထင်ပါသလဲ။
    သစ်တွေက ခြေထောက်ပါ လာတာ မဟုတ်ဘူး။ တာဝန်ရှိတဲ့လူမပါ ဝင်၊ မပတ်သက်ဘဲနဲ့ သစ်က အလုံးအ ထည် အကြီးကြီးတွေပဲ ရန်ကုန်ကို သယ် လာဖို့ဆိုတာ ဖြစ်နိုင်ခြေ တော်တော်ခဲယဉ်း တဲ့ကိစ္စပဲ။ ဒီလိုကိစ္စမျိုး ဖြစ်သွားတယ်ဆို တာ ဒီလူကို ကိုယ့်လူဖြစ်အောင် စည်းရုံး မှ ရမယ်လို့ပြောရမယ်။ ပြောရမယ်ဆိုရင် သစ်တောဝန်ထမ်းမှမဟုတ်။ အများပြည် သူများကလည်း တရားမဝင်သစ်များကို ဘယ်နေရာမှာရှိတယ်ဆိုတာ သတင်းပေး ရင် ဆုပေးမယ်ဆိုရင်လည်း တရားမဝင် သစ်တွေကို ဖမ်းဆီးရမိဖို့ ပိုအောင်မြင် လာမယ် ထင်ပါတယ်။

နိုင်ငံခြားကို သစ်တင်ပို့ထားမှု အခြေအ နေလည်း သိချင်ပါတယ်ခင်ဗျာ။
    တရားဝင်သစ်တင်ပို့မှုကတော့ တစ်နှစ်ကိုတော့ တန် နှစ်သိန်း၊ သုံးသိန်း ကတော့ သူတို့ တင်ပို့ခွင့်ပေးပါတယ်။ အကြမ်းထည်နဲ့ အချောထည် စုစုပေါင်း ပေါ့။ နိုင်ငံခြားကို လက်ရှိတင်ပို့နေတာ ကတော့ အချောထည်က နည်းတယ်။ အကြမ်းထည်က အရမ်းများနေဆဲပဲ။ ဒါ ကြောင့် သတင်းတွေ ထွက်လာတာပေါ့။ အကြမ်းထည်တင်ပို့တဲ့လူတွေကို အခွန် တိုးကောက်မယ်လို့။


အခွန် ၅ဝ ရာခိုင်နှုန်း တိုးကောက်မယ့် ကိစ္စကရော ဆရာ။
    ဗြုန်းစားကြီးပဲ။ အခွန် ငါးရာ ခိုင်နှုန်း ကောက်နေတာကနေ ၅ဝ ရာ ခိုင်နှုန်း တိုးကောက်ဖို့ အမိန့်တစ်ခု တိုး ကောက်လိုက်တယ်ဆိုရင် ပွင့်လင်းမြင်သာ မှု ရှိရမယ်။ ဠငျငသည ရှိရမယ်။ ဏူညေ ရှိရ မယ်။ ဖြစ်သင့်တာက မြန်မာပြည်ကသစ် တွေ ဘာကြောင့် ပြုန်းတီးသွားတာလဲဆို ရင် သစ်တွေကို နိုင်ငံခြားတင်ပို့လို့ ပြုန်း တီးသွားတာ။ ဒီဘက်အစိုးရက သစ်အလုံး လိုက် နိုင်ငံခြားတင်ပို့တာကို ထိန်းချင် တယ်။ ဟိုးတုန်းက အနှစ် ၃ဝ အတွင်းမှာ တစ်နှစ်ကို တန်ချိန် သိန်း ၂ဝ ကနေ သိန်း ၃ဝ သစ်လုံးတွေကို ပြည်ပကို တရားဝင် တင်ပို့ခဲ့တယ်။ တရားမဝင်တာ မပါသေး ဘူး။ တကယ်လို့ မြန်မာပြည်မှာ အချော ထည် လုပ်ပို့ရင် တန်ချိန်တစ်သိန်းလောက် ပဲ လိုတယ်။ ဒီစက်ရုံအင်အားနဲ့ပေါ့။ ပစ္စည်း တွေကို အချောထည်ပို့ရင် လူတွေအလုပ် အကိုင် ရတယ်။ သစ်တောလည်း ထိန်း သိမ်းရာ ရောက်တယ်ပေါ့။ ခုက ဗြုန်းစား ကြီး သစ်ခွဲသားတွေကိုထိန်းချင်တော့ ရာ ခိုင်နှုန်း ၅ဝ အခွန်ကောက်မယ်ဖြစ်တယ်။ ရုတ်တရက် အခွန်ပြောင်းလဲလိုက်တာက တော့ မကောင်းပါဘူး။ တက်မယ်ဆိုရင် တော့ စောစော လုပ်ငန်းရှင်တွေကိုပြော သင့်ပါတယ်။ ဒါမှ လုပ်ငန်းရှင်တွေက သစ် တင်ပို့မှုတွေကို ဘယ်လိုပို့မယ်ဆိုတာ ကြိုတင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

တရားမဝင် သစ်တင်ပို့မှုတွေ ပပျောက် အောင်လုပ်မယ်ဆိုရင် ဘယ်လိုဆောင် ရွက်သင့်ပါသလဲ။
    ဝန်ကြီးပြောထားတဲ့ သတင်း တစ်ပုဒ် ဖတ်လိုက်ရပါတယ်။ တရားမဝင် ပစ္စည်းတွေဖမ်းမိရင် ဖမ်းဆီးရမိတဲ့အဖွဲ့ ကို တစ်ဝက်ပေးမယ်၊ ရာခိုင်နှုန်း ၅ဝ ပေး မယ်လို့ ကြားလိုက်ပါတယ်။ မူးယစ်ဆေး ဝါးကလွဲရင် ပေးမယ်လို့ ပြောတယ်ပေါ့။ အန်ကယ် ထင်တာကတော့ ပေးလည်း ပေးသင့်ပါတယ်။ ပြောပြီးတော့မှ ဖမ်းမိ တာတွေ မပေးဘူးဆိုရင် အရင်လိုပြန်ဖြစ် နေဦးမှာပါ။ တရားမဝင်သစ်ပျောက်ဖို့က လွယ်ပါတယ်။ ဖမ်းဆီးရမိတာတွေကို တစ် ဝက်ပေးလိုက်ရင် နောက်ထပ်လည်း ထပ် ပြီးတော့ ဖမ်းဆီးမှုတွေ လုပ်လာဦးမယ် လို့ ထင်ပါတယ်။ အန်ကယ် ထင်ပါတယ်။ တရားမဝင်သစ်တွေဟာ ပပျောက်သွား လိမ့်မယ်လို့ ထင်ပါတယ်။

ဘာများ ဖြည့်စွက်ပြီးတော့ ပြောချင်ပါ သေးလဲ ခင်ဗျာ။
    သစ်ခိုးတာ ပျောက်စေချင်ရင် ဖမ်းမိတဲ့လူကို တကယ်ပဲ တစ်ဝက်ပေးပါ လို့။ လူတွေဟာ မဖြစ်မနေ ဖမ်းလာပါ လိမ့်မယ်။ ရန်ကုန်တောင်ရောက်လာမှာ မဟုတ်ဘူး။ လမ်းမှာတင် ဖမ်းမိသွားပါ လိမ့်မယ်။ တကယ်ပျောက်သွားမယ်ထင် ပါတယ်။                   Ò

Rate this item
(2 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616