Main menu
HOT NEWS
adv
၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ တိုင်းရင်းသားရေးရာ တာဝန်ခံဦးမြအေး နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကြောင်း တွေ့ဆုံမေးမြန်းခြင်း

၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ တိုင်းရင်းသားရေးရာ တာဝန်ခံဦးမြအေး နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကြောင်း တွေ့ဆုံမေးမြန်းခြင်း

၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ တိုင်းရင်းသားရေးရာ တာဝန်ခံဦးမြအေး အား တွေ့ဆုံကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်နိုင်သလား၊ မည်သို့ ရှုမြင်သုံးသပ်မိသလဲ၊ အရင်အစိုးရနှင့် ယခုအစိုးရဆောင်ရွက်မှု ဘာတွေကွာခြားသလဲ၊ ညီလာခံမှ လက်မှတ်မထိုးအဖွဲ့များ ပါဝင်ခွင့်မရရင် ဘယ်လိုဖြစ်နိုင်သလဲ စသည့်အကြောင်းအရာများကို ဖလားဝါးနယူးစ်ဂျာနယ်မှ မေးမြန်းထားသည်။

လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်နေတဲ့အပိုင်းမှာ ဘာတွေလို အပ်နေလဲ။ ဘယ်လိုပုံစံ သွားသင့်တယ်လို့ မြင်ပါသလဲ။

ကျွန်တော့်သဘောပြောရရင် အားမနားတမ်း ဝေဖန်ရရင်ပေါ့ဗျာ။ ဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က မအောင်မြင် နိုင်ဘူးလို့ ကျွန်တော်မြင်တယ်။ ဒီလိုပြော တာက ခက်တာက ဒီဘက်မှာ ပြဿနာ ဘာလဲဆိုတော့ ကာလက တော်တော်ကွာ တာကို။ အခြေအနေ ကွာဟတာတွေရှိ တယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ ပြီးခဲ့ တဲ့ အစိုးရလက်ထက်မှာ ဝေဖန်တဲ့အခါ သိပ်ပြီးတော့ ပြဿနာ မရှိဘူးဗျာ။ ဒါ ဘာ လို့ဆို အားလုံးက ဒီအစိုးရ(ဦးသိန်းစိန် အစိုးရ)ဆိုရင် ဝေဖန်ဖို့ဆိုရင် မတွန့်ဆုတ် ကြဘူးပေါ့ဗျာ။ ဘယ်လိုခေါ်မလဲ ရဲရဲတင်း တင်းပဲ ဝေဖန်ကြတယ်။ ခု ဒီဘက်ခေတ် အစိုးရမှာကျတော့ အချင်းချင်းဆိုတဲ့စိတ်၊ နောက်တစ်ခုကဘာလဲဆိုတော့ တစ်လျှောက် လုံး လက်တွဲလာကြတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ အတူတူ လက်တွဲလာကြတဲ့ လူတွေဖြစ်တယ်ဆိုတဲ့ အခါကျတော့ တော် ရုံတန်ရုံ ဆိုလို့ရှိရင် ဝေဖန်ဖို့၊ အပြစ်ပြော ဖို့ တွန့်ဆုတ်ကြတယ်။ ဒါပေမဲ့ အဲဒါက ရေရှည်မှာ ကောင်းတဲ့ အလားသဏ္ဌာန် မဟုတ်တော့ဘူးဗျ။ ဘာလို့လဲဆိုတော့ ဒီလို ဝေဖန်မှုမှ မရှိဘူးဆိုလို့ရှိရင် ကျွန်တော်တို့ အာဏာရှင်စနစ်တစ်ခုကို ပြန်မွေးဖွားသ လိုပဲ ဖြစ်လိမ့်မယ်။ ဒါ တစ်ချက်ပေါ့နော်။

အဲဒီတော့ အခြေခံအကျဆုံး ကတော့ ကျွန်တော်တို့ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးကို အစိုးရဘက်က စပြီး ကြေညာပေးရမယ်။ တပ်မတော်ဘက်က စပြီး ကြေညာပေးရမယ်လို့ ကျွန်တော် မြင်တယ်။ ဒါ အခြေခံအကျဆုံး အချက် ပဲ။ အဲဒါပြီးမှ ကျွန်တော်တို့ စောစောက ပြောသလို တားဆီးပိတ်ပင်ခံထားရတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘာ ကြောင့် မကြိုက်သလဲ ဆိုတဲ့အပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေ တစ်ဖွဲ့ ချင်းရော၊ အဖွဲ့လိုက်ရော၊ ဆွေးနွေးမှုတွေ လုပ်ရမယ်လို့ ကျွန်တော်မြင်တယ်။ အခု မဆွေးနွေးလို့ ပြောတာမဟုတ်ဘူးနော်။ ဒါပေမဲ့ ခုနကပြောသလို လာပါ လာပါ၊ လုပ်ပါ လုပ်ပါ၊ ဆွေးနွေးပါ ဆွေးနွေးပါ ဆိုလို့ရှိရင် ဗမာပြည်ငြိမ်းချမ်းရေးက အဲဒီ လောက် မလွယ်ဘူးဗျာ။

အဲဒီတော့ တိုင်းရင်းသား အ ရေးကို ဆောင်ရွက်မယ်ဆိုရင် တိုင်းရင်း သားတွေရဲ့ စိတ်နေစိတ်ထား၊ သဘာဝ၊ အကျင့်စရိုက်၊ သူတို့ရင်ထဲက ခံစားချက် တွေကို မြင်အောင်ကြည့်တတ်ဖို့ လိုမယ် လို့တော့ ကျွန်တော်က မြင်တယ်။ ဒါ ကျွန် တော်ဖြတ်သန်းခဲ့တဲ့ဟာ၊ ကျွန်တော်ထိ တွေ့ခဲ့ရတဲ့ ဟာတွေနဲ့ ကျွန်တော့်အတွေ့ အကြုံတွေကှို့မေန လုပ်တာပါ။ အခု လုပ်နေတဲ့ အစိုးရအနေနဲ့တော့ဗျာ မခေါ် ဘူးမဟုတ်ဘူး၊ ခေါ်တယ်။ ဒါပေမဲ့ လာ လို့မရတဲ့ ဟန့်တားထားတဲ့ အကြောင်း အရာတွေကို အစိုးရက ဘာမှ တာဝန်ယူ ထားတာ မရှိဘူး။ ဥပမာအားဖြင့် ခေါ် တယ်။ ဒါပေမဲ့ စစ်တွေဖြစ်နေတယ်။ အဲဒီ တော့ အစိုးရပြောရမှာ ဒီစစ်တွေရပ် ဒီ ဘက်က ထိုးစစ်တွေရပ်ဆိုတာလည်း ပြော ရမယ်။ အဲဒီနေရာမျိုးတွေမှာ အစိုးရက ထွက်ပြောတာ ကျွန်တော်တစ်ခုမှ မတွေ့ ဘူး။ အခြေခံအကျဆုံးကတော့ နံပါတ် (၁) အချက်ကတော့ တစ်နိုင်ငံလုံး အပစ် အခတ်ကို အစိုးရအနေနဲ့ တစ်ဖက်သတ် ရပ်စဲတာကို ကြေညာလိုက်တာ အကောင်း ဆုံးပဲလို့ ကျွန်တော်ကမြင်တယ်။ ပြီးတော့ မှ ကျန်တဲ့ဆွေးနွေးပွဲတွေလုပ်၊ ဘယ်အ ဖွဲ့အစည်းကိုမှ ကျန်မထားခဲ့စေချင်ဘူး။ ဟိုအဖွဲ့အစည်းက ဖြူလို့၊ ဒီအဖွဲ့အစည်း ကတော့ မဲလို့၊ အဲဒီလိုဆိုတဲ့ စိတ်မျိုးတွေ နဲ့ မဟုတ်ဘဲနဲ့ သဘောထားကြီးပေးလိုက် စေချင်တယ်။

 ဆွေးနွေးပွဲမှာ သဘောတူခြင်း၊ မတူခြင်း တစ်ပိုင်းပေါ့ဗျာ။ ဒါကတစ်ပိုင်း ဆွေးနွေးပွဲ ဆိုတာကလည်း ခဏလေး ပြီးသွားတာမျိုး မဟုတ်ဘူး ရေရှည်သွား ရမယ့်ဟာ။ အဲဒီလိုမျိုးရှိတယ်။ ဒီဖြစ်စဉ် တွေကို အစိုးရအနေနဲ့ လုပ်ခဲ့တာ၊ ဆောင် ရွက်ခဲ့တာ ကျွန်တော်မတွေ့ဘူးဗျာ။ မတွေ့ တဲ့အခါကျတော့ ခင်ဗျားတို့ သိတဲ့အတိုင်း ပဲ။ အခုဆိုလို့ရှိရင် ထပ်ပြီးတော့မှ လက် မှတ် ထိုးထားပြီးတဲ့ အဖွဲ့တွေထဲက အသံ တွေ ထွက်လာတာ သွားတွေ့တယ်။ ဃငြ်္ ဆိုလိုတာပေါ့။ သဘောတစ်ခုက အဲဒီလို မျိုးဟာတွေ သွားတွေ့တယ်။ အဲဒီတော့ ဘယ်လိုလုပ် အောင်မြင်နိုင်မလဲ။ ငြိမ်း ချမ်းရေးဆိုတာ ကိုယ်ကနေပြီးမှ အားလုံး ကို သဘောထားကြီးပြီး ခေါ်ပြီးတော့မှ အားလုံး စားပွဲခုံပေါ်မှာ အားလုံးတက် လာနိုင်တဲ့ အခွင့်အလမ်းတွေ ဖန်တီးပေး ရမှာလေ။ ဒီလို အခွင့်အလမ်းတွေ ဖန်တီး မပေးနိုင်ပဲနဲ့ ပိတ်ဆို့ထားတဲ့ အကာအရံ တွေ ကြားထဲကနေပြီးတော့မှ လာခဲ့ပါလို့ ခေါ်ရင်တော့ သေချာတယ်။ တိုင်းရင်း သားလက်နက်ကိုင်တွေ လာမှာ မဟုတ် ဘူး။ လာလည်း အောင်မြင်မှာ မဟုတ် ဘူးလို့ ကျွန်တော်ကတော့ မြင်တယ်။ ကျွန် တော်မြင်တာ အခုလက်ရှိလုပ်နေတဲ့ ငြိမ်း ချမ်းရေးဖြစ်စဉ်ကို အပြစ်တင်တာ မဟုတ် ဘူး။ ကျွန်တော် အပြုသဘောဝေဖန်တာ၊ အကောင်းပြောတာ၊ ကျွန်တော်က အောင် မြင်နိုင်တယ်လို့ မမျှော်လင့်ဘူး။

အောင်မြင်နိုင်မယ်လို့ မမျှော်လင့်ဘူးဆို တော့ အောင်မြင်နိုင်အောင်ဆိုရင် ဘယ် လိုချဉ်းကပ်မှုမျိုးတွေ လုပ်ဆောင်သွားဖို့ လိုမလဲ။

ဟုတ်တယ်။ ကျွန်တော် ခုနက ပြောသလိုပဲလေ။ နံပါတ်(၁)က တပ်မ တော့်အနေနဲ့ ခုနကပြောသလိုမျိုး တစ် နိုင်ငံလုံး အပစ်အခတ် တစ်ဖက်သတ် ရပ် စဲတယ်ဆိုတဲ့ကြေညာချက်၊ ထိုးစစ်ဆင် မှုကို ရပ်စဲတယ်ဆိုတဲ့ ကြေညာချက်ဆို တဲ့ဟာကိုလုပ်ပါ။ အစိုးရအနေနဲ့ကလည်း တပ်မတော်ရဲ့ ထိုးစစ်ဆင်တာတွေ တိုက် ခိုက်တာတွေကို ရပ်ပေးဖို့ အစိုးရအနေနဲ့ ပြောသင့်ပါတယ်။ ဒါက ပထမဦးဆုံး လုပ် ရမယ့် အလုပ်ပါ။ ပြီးလို့ရှိရင် အရင်တုန်း က ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တော်တော် များများ အခြေအနေကောင်းတစ်ခုကို ရောက်ခဲ့ပြီးမှ ပြန်လည် ထွက်သွားတာ လည်ထွက်သွားတဲ့အခါမှာ အဓိကအား ဖြင့် အဖွဲ့သုံးဖွဲ့ ပါရေး၊ မပါရေး ဆိုတဲ့ဟာ က အဓိကအချက်ထဲမှာ ပါနေပါတယ်။ြီဗဗ၊ ဗဗ၊ြွှူဗ ပေါ့နော်။ အဲဒီ အဖွဲ့အစည်းတွေလည်း ပါလာအောင် အ စိုးရက ဆွေးနွေးပါ။ ကျွန်တော်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး အောင်မြင်မှုဆို တဲ့ အတိုင်းအတာဟာ မြန်မာပြည် ပြည် ထောင်စုကြီးကို ဘယ်လိုခွဲဝေမလဲဆိုတဲ့ အဖြေနဲ့ ဆိုင်တယ်ဗျာ။ ဆွေးနွေးပွဲတွေက ထွက်လာမယ့်အဖြေတွေနဲ့ ဆိုင်မယ်။ အဲဒါ က အရှည်ကြီး သွားရမယ်လို့မြင်တယ်။

အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအပိုင်း ယုံကြည်မှုတွေ အ ရင် အစိုးရလက်ထက်ထက် လျော့နည်း လာတယ်လို့ ပြောဆိုနေကြတယ်။ ဒီလို မဖြစ်အောင် ဘယ်လိုကိစ္စရပ်တွေ ရှောင်ဖို့ လိုအပ်မလဲ။

ဟုတ်ပါတယ်။ အစိုးရက တာ ဝန်ယူမှု ရှိရမယ်လို့ ကျွန်တော်ပြောပြီးပြီ လေ။ ဆိုလိုတာက အရင်ခေတ်ကဆိုလို့ ရှိရင်လည်း တပ်မတော်က လိုက်နာခြင်း၊ မလိုက်နာခြင်းကတစ်ပိုင်း။ ထိုးစစ်ဆင်မှု တွေ၊ တပ်မတော်ကို ထိုးစစ်ဆင်မှုတွေရပ် ဖို့ ပြောခဲ့တာတွေ ရှိတယ်လေ။ အခုက တော့ အစိုးရက ဘာမှမပြောဘူး။ ပြဿ နာက ဒီကြားထဲမှာ။ အခုဟုတ်လား၊ မဟုတ် ဘူးလား မသိဘူးပေါ့ဗျာ။ တိုင်ပင်ဆွေးနွေး ပြီးတော့မှ ထိုးစစ်ဆင်တယ်ဆိုတဲ့ အသံ တွေ ထွက်နေတယ်။ အထူးသဖြင့် ဒေါ် အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြီးတော့ ပြောကြတယ်။ သတင်းတွေက ဟုတ်ချင် လည်း ဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ် ဘူးပေါ့ဗျာ။ ဆိုတော့ အဲဒါတွေ ထွက်လာ တယ် ဆိုတဲ့အခါကျတော့ အခြေအနေ က ဒါကြီးက ပိုပြီးတော့ တိုင်းရင်းသား တွေအနေနဲ့က ယုံကြည်မှု ပိုပြီးတော့မှ လျော့နည်းလာတာပေါ့။

ကျွန်တော် တစ်ခုပြောချင်တာ တိုင်းရင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အရမ်း မျှော်လင့်တာ။ တကယ်ကို မျှော်လင့်ချက်ကြီးထားတာ။ ဒေါ်အောင်ဆန်းစုကြည် တက်လာလို့ရှိရင် ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးကိစ္စ၊ NCA လက်မှတ်ထိုးမယ့် ကိစ္စတွေ က တော် တော်များ များ ပြေလည်သွားခဲ့မယ်လို့ သူ တို့က အရမ်းမျှော်လင့်ခဲ့တာ။ မျှော်လင့်ချက် ကြီးတယ်ပေါ့ဗျာ။ ရည်မှန်းချက်ကြီးတယ်။ ဒါပေမဲ့ လက်တွေ့မှာကျတော့ အဲဒီ လို ဖြစ်မလာခဲ့ဘူး။ ဖြစ်မလာတဲ့အပြင် ဘာမှ မပြောတဲ့အခါကျတော့ ပိုဆိုးလာ တယ်။ အထင်အမြင် လွဲမှားမှုတွေ နောက် တစ်ခါ အစက အားကိုးသလောက် အခု ငါတို့ကို ပြစ်လိုက်တယ်ဆိုတဲ့ စိတ်ခံစား မှုတွေက ပိုများလာတယ်။ နောက်ဆုံးတော့ ငါတို့အလုပ် ငါတို့ လုပ်မှရမယ်ဆိုတဲ့ အ တွေးတွေ ပိုပြီး ဝင်လာကြတယ်။

ဟုတ်ကဲ့ ဆရာပြောတဲ့အထဲမှာ တိုင်းရင်း သားလက်နက်ကိုင်တွေက ဒေါ်အောင်ဆန်း စုကြည်ကို တအားမျှော်လင့်ထားတယ် ဆို တော့ ဒေါ်အောင်ဆန်းစုကြည် လက်ထက် မှာ အခုလက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ကျန်နေဦးမယ်ဆိုရင် ငြိမ်းချမ်းရေးက ဘယ် လို ပြောင်းလဲသွားနိုင်သလဲ။

အဲဒါကတော့ ရှင်းတယ်ဗျာ။ လက်မှတ်မထိုးတဲ့ အဖွဲ့တွေရှိနေမှတော့ စစ်ဆိုတာ ရှိနေမှာပဲ။ အရင်တုန်းက မဆလ ခေတ်က၊ စစ်အစိုးရခေတ်ကနဲ့ မတူတော့ ဘူးဗျာ။ အရင်တုန်းက အဲဒီနားမှာ စစ် ဖြစ်လို့ ဖြစ်မှန်းတောင် ပြည်မကလူတွေ သိတာမဟုတ်ဘူးဗျာ။ အခုကတော့ စစ် ဖြစ်ပြီဆိုတာနဲ့ အားလုံးသိတဲ့အတိုင်းပဲ လူမှု ကွန်ရက် စာမျက်နှာအပေါ် ဝုန်းဒိုင်းဆို တက်လာကြတယ်။ တစ်နိုင်ငံလုံး မြင်ရ တယ်။ သိရတယ်။ အဲဒီအကျိုးဆက်က ကောင်းတာလည်း ရှိတယ်၊ ဆိုးတာလည်း ရှိတယ်။ နိုင်ငံရေး အသွင်သဏ္ဌာန်ကနေ ပြီးတော့ လူမျိုးရေး အသွင်သဏ္ဌာန်ကို ပြောင်းလဲသွားနိုင်တယ်။ အဲဒါက ကောင်း တဲ့ အလားသဏ္ဌာန် မဟုတ်ဘူး။ အဲဒီတော့ မလိုလားအပ်တဲ့ အစွန်းရောက်တဲ့ လူမျိုး ရေး အတွေးအခေါ်တွေ နှစ်ဖက်စလုံးမှာ ပါသွားနိုင်တယ်။
ယခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။       

Flower News Journal

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616