Main menu
HOT NEWS
adv
ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်အောင်နှင့် တွေ့ဆုံခြင်း

ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်အောင်နှင့် တွေ့ဆုံခြင်း

၂၀၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်း၌ ဧပြီ ၁ ရက်ကလစ်လပ်မဲဆန္ဒနယ်များ၌ တစ်ပြိုင်တည်းကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ၌ ရွေးချယ်ခံခဲ့ရသော မုံရွာမဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးညွန့်အောင်နှင့် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဦးအောင်ကြည်သိန်း တို့အား တွေ့ဆုံမေးမြန်းခဲ့သည် များကို ဖော်ပြပေးလိုက်ပါသည်။

(အယ်ဒီတာ)

""အပြောင်းအလဲက ဘာတွေလဲဆိုတာကို ပြည်သူတွေသိအောင် ထပ်လုပ်သွားမယ်""

++++++++++++++++++++++++++++++++++++++++++++

မေး - မဲအပြတ်အသတ်နဲ့အနိုင်ရအောင် ဆန္ဒမဲပေး ခဲ့ကြတဲ့ မုံရွာကပြည်သူတွေကို ပထမဆုံးဘာများပြော ချင်ပါသလဲခင်ဗျာ။

ဖြေ - မှန်မှန်ကန်ကန်နဲ့ ရဲရဲဝံ့ဝံ့တာဝန်ကျေကျေ နိုင်ငံသားတစ်ယောက်ပီသစွာမဲပေးမှုတာဝန်ကျေခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။

မေး - မဲပေးခွင့်ရှိသူရဲ့ထက်ဝက်ခန့်သာ ဆန္ဒမဲလာ ပေးမှုအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ - ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီအနေနဲ့လည်း တောင်းပန်စရာရှိတယ်။ စည်းရုံးရေးပိုင်းပြည့်ပြည့်စုံစုံ မလုပ်နိုင်ဘူး။မဲပေးဖို့ကတော့ နိုင်ငံသားတိုင်းရဲ့အခွင့် အရေးရပိုင်ခွင့်လို့မြင်ပါတယ်၊ ဒါလေးကိုတော့နိုင်ငံသား တိုင်းလုပ်သင့်တယ်လို့မြင်ပါတယ်။ တချို့ရွာတွေဆို နှစ်ခေါက်သုံးခေါက်သွားခဲ့တယ်၊ ဒါပေမဲ့တချို့လည်း အပြောင်းအလဲကို သေသေချာချာသဲသဲကွဲကွဲမမြင်နိုင် သေးလို့ ကျွန်တော်တို့အပေါ်အားမရတာရှိနေတယ်၊သူတို့မြင်နိုင်အောင် ကျွန်တော်တို့ကမဖော်ဆောင်နိုင် သေးတာပေါ့လေ။ ဒါပေမဲ့ ကျွန်တော်တို့ကအပြောင်း အလဲ ဘာတွေလဲဆိုတာပြည်သူတွေ သိအောင်ဆက်လက် ကြိုးစားသွားမှာပါ။

မေး - အခု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာ ပြီဆိုတော့ လွှတ်တော်မှာပထမဆုံးမေးခွန်းကဘာဖြစ် လာမလဲခင်ဗျာ။

ဖြေ - ကျွန်တော်တို့ ၁၅ ရက်အတွင်း ဘာတွေကွန် ပလိန်းတက်လာ မလဲစောင့်ကြည့်ရဦးမယ်။ လွှတ်တော် မှာကိုယ်စားလှယ်အဖြစ်ကျမ်းသစ္စာကျိန်ဆိုပြီးမှ သေချာ ပေါက် ကျွန်တော်မေးမယ့်မေးခွန်း ကိုပြောလို့ရမယ်၊ အစကတည်းက ရပ်ရွာအခြေပြုဒေတာတွေကိုစုဆောင်း ထားပါတယ်။ အဲဒီဒေတာတွေအပေါ်မူတည်ပြီးမေးခွန်း မေးနိုင်အောင်ကြိုးစားသွားမှာပါ။ တစ်နိုင်ငံလုံးနဲ့ပတ် သက်တဲ့အဆိုကိုဖြည်းဖြည်းချင်းမှ ကျွန်တော်လုပ်သွား မယ်။ မီဒီယာတွေနဲ့ကတော့ကျွန်တော်ပွင့်ပွင့်လင်းပြော ပါမယ်။ အားလုံးကိုမီဒီယာကနေတစ်ဆင့်ပြောပေးသွား မယ်။

မေး - မုံရွာမှာက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်နှစ်ကြာအောင် လစ်လပ်နေတော့ပြည်ထောင်စုအဆင့် ချုပ်ထားတဲ့စာချုပ်တွေမှာ တိုင်းဒေသကြီးအမတ်တွေ ကတိုင်းလွှတ်တော်မှာတင်ပြီးလုပ်နေရတယ်။ ဥပမာ-အရင်ခေတ်ကလူကြီးတွေနဲ့ပေါင်းပြီး လုပ်ငန်းရှင်တွေ လက်ထဲမတရားစာချုပ်ချုပ်ရောက်နေတဲ့ မြေတွေကိုရော ပြန်တောင်းပေးနိုင်ဖို့ရှိလားဗျ။

ဖြေ - ကျွန်တော်က ပြည်ထောင်စုတာဝန်ကိုထမ်းဆောင် ရတော့ တာဝန်ကိုကျေကျေပွန်ပွန်ထမ်းဆောင်သွားမှာ ပါ။ မုံရွာမြို့သူမြို့သားပြည် သူတွေအတွက်နိုင်ငံသား အခွင့်အရေးပြတ်ပြတ်သားသားရအောင် တတ်နိုင် သမျှ ကာကွယ်ပေးသွားမှာပါ။

မေး - အန်ကယ်အနေနဲ့နိုင်ငံသားအခွင့်အရေးရအောင် လုပ်သွားမယ်ဆိုတာယေဘုယျခြုံပြောတာပေါ့နော်။ အန်ကယ် အနေနဲ့ လွှတ်တော်ကိုယ်စား လှယ်သက်တမ်းမှာဘာတစ်ခု ကိုတော့ဖြင့်ရအောင်လုပ်ပေးသွားမယ်လို့ ရည်မှန်းချက် ရှိလားဗျ။

ဖြေ - ရအောင်ကတော့ ကျွန်တော်က ပါတီမူဝါဒ နဲ့အညီ နိုင်ငံသားတွေရဲ့ရပိုင်ခွင့်ကိုဆုံးရှုံးမှုမဖြစ်ရ အောင် ဒီတစ်ခုပဲဆုံးဖြတ်ထားပါတယ်။

မေး - အန်ကယ်အတွက်လွှတ်တော်မှာ မေးခွန်းတွေ မေးနိုင်ဖို့၊ ဒေသလိုအပ် ချက်တွေကိုထောက်ပံ့ကူညီပေး မယ့်အဖွဲ့ဖွဲ့ပြီးပြီလားဗျ။

ဖြေ - မဲဆွယ်စည်းရုံးရေးလုပ်ကတည်းက ဒေတာ အချက်အလက်တွေစုနေတာပါ။ ရွာတွေတိုင်းနီးပါးလောက် က ဒေတာတွေရှိတယ်။

မေး - အဲဒီဒေတာတွေက ရာနှုန်းပြည့်အမှန်လို့ ဘယ်လိုစိစစ်မလဲဗျ။

ဖြေ - ကျွန်တော်ကိုယ်တိုင် အဲဒီနေရာတွေကိုကွင်းဆင်း သွားလည်းသွားမယ်။ အဲဒီဒေတာတွေကတစ်ဦးတစ်ယောက် ကိုအခြေခံထားတာမဟုတ်ပါဘူး။ အစကတည်းက အများနဲ့ဆိုင်တာဖြစ်ဖို့မေတ္တာရပ်ခံထားပါတယ်။ ဒေသ တစ်ခုနဲ့တစ်ခုအနေအထားမတူဘူးပေါ့။ မုံရွာကတောင် ပိုင်းနဲ့မြောက်ပိုင်းမတူဘူး။ ရွာပေါင်းက ၂၀ဝ နီးပါးရှိ တယ်။ မြို့ပေါ်ကရပ်ကွက် ၃၁ ရပ်ကွက်ရှိတာ။ ဘာတွေ ကူညီနိုင်မလဲဆိုတာ စစ်တမ်းတွေလုပ်ထားတယ်ပေါ့၊လိုအပ်ချက်ကတော့ တစ်နေရာနဲ့တစ်နေရာမတူဘူး။

မေး- အန်ကယ်ဆီဒေတာတွေလည်းရောက်နေတယ် ဆိုတော့ ပြည်သူတွေထဲကပြဿနာတွေကဘာတွေအများ ဆုံးလဲဗျ။

ဖြေ - ပြဿနာတွေကတော့ ကျွန်တော်တို့နိုင်ငံက ဆင်းရဲတော့ဆင်းရဲမှုနဲ့ပတ်သက်တဲ့ ပြဿနာတွေအများ စုပေါ့။

မေး - မုံရွာကအရင်ငါးနှစ်တာမှာ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ရဲ့စွမ်းဆောင်မှုတွေကို ပြည်သူတွေ မသိရဘူး။

ခုဒီဘက်မှာလည်းရွေးလိုက်တဲ့ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်က ပြည်ထောင်စုဝန်ကြီးဖြစ်သွား တယ်။ အခုကြားဖြတ်ကနေပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တစ်ယောက်ရလိုက်ပြီ။ အန်ကယ်တို့ပါတီဘာ စွမ်းဆောင်နိုင်လဲဆိုတာပြရတော့မယ်ပေါ့။ ပြည်သူတွေ နဲ့အနီးစပ်ဆုံးရှိအောင် ဘယ်လိုအိုင်ဒီ
ယာတွေနဲ့စွမ်းဆောင် သွားမလဲ။လိုအပ်ချက်တွေဘယ်လိုကြည့်သွားမလဲသိချင် ပါတယ်။

ဖြေ - ပြည်သူတွေကို ကျွန်တော်အွန်လိုင်းကနေလည်း ထိတွေ့ဆက်ဆံသွားမယ်။ ဒီမှာလည်းရဲဘော်ရဲဘက် တွေရှိပါတယ်။ အောင်နိုင်ရေးကာလတစ်လျှောက်မှာ ပြည်သူတွေကယုံယုံကြည်ကြည်စိတ်ချရတဲ့လူတွေပါတယ်။

အဖွဲ့အစည်းတွေကလည်း သိက္ခာရှိတဲ့အဖွဲ့အစည်း တွေရှိတယ်။ မီဒီယာတွေနဲ့လည်းတွေ့မယ်။ ပြည်သူထဲ ကအဖွဲ့တွေနဲ့လည်းတွေ့မယ်။ ကိုယ်တိုင်လည်းကွင်းဆင်း သွားမယ်ပေါ့။

မေး - အန်ကန်ရဲ့ကိုယ်ပိုင်မူဝါဒက ဘာရှိမလဲ။

ဖြေ - ပါတီရဲ့မူဝါဒက ကျွန်တော့်မူဝါဒပါပဲ။ ပါတီမူဝါဒ ကြိုက်လို့ကျွန်တော်ပါတီကိုဝင်ခဲ့တာပါ။ ဒီမူဝါဒတွေ အကောင်အထည်ဖော်ချင်လို့ ဝင်ပြိုင်ခဲ့တာပါ။

မေး - မဲပေးတဲ့အခါမှာပါတီကိုကြိုက်လို့လား၊ အန်ကယ် ကိုကြိုက်လို့လား ဘယ်လိုယူဆသလဲဗျ။

ဖြေ - ပါတီကိုလည်းကြိုက်တယ်။ ကျွန်တော့်ကိုလည်း လက်ခံလို့မဲပေးတယ်လို့ယူဆပါတယ်ဗျ၊

မေး - ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သက်တမ်းလေး နှစ်မှာမဲဆန္ဒရှင်တွေအတွက် တာဝန်ကိုဘယ်နှခုလောက် စွမ်းဆောင်နိုင်မလဲ။

ဖြေ - အဲဒါကတော့ပြောလို့မရဘူး။ အချက်အလက်တွေ ကမမျှော်မှန်းနိုင်တာလည်းရှိလို့တွက်လို့မရဘူး။ ကျွန်တော်ကတော့ မြို့လူထုနဲ့တိုင်ပင်ပြီးတော့ကိုယ့်မြို့အတွက် အကောင်းဆုံးလုပ်သွားမှာပါ။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ။

#Democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191