HOT NEWS
Main menu
adv

"အစိုးရပိုင်းက ကိုယ့်ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို ပုတ်ခတ် ၊ အသရေဖျက်တာကို ဘာကြောင့် အရေးမယူလဲ ဆိုတာကို အံ့အားသင့်တယ်" ကိုကိုကြီး

တောင်ဥက္ကလာပမြို့နယ်၌ ဗိုလ်ချုပ်ကြေးရုပ် ထားရှိ ရေးအတွက် တောင်ဥက္ကလာပ မြို့နယ်သူ မြို့နယ်သားများ၏ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီနှင့် တောင်ဥက္ကလာပမြို့ နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင် ဦးဆောင်သည့်ကော်မတီဟု အဖွဲ့ နှစ်ဖွဲ့ ကွဲလွဲနေပါသည်။ ထိုအထဲမှ တောင်ဥက္ကလာပ မြို့နယ်သူ မြို့နယ်သားများ၏ ဗိုလ်ချုပ်အောင် ဆန်းကြေးရုပ်ဖြစ်မြောက်ရေးကော်မတီမှ နာယကဖြစ်သူ ဦးကိုကိုကြီးနှင့် ကော်မတီ၏ ဆောင်ရွက်ချက်များ၊ ကော်မတီတွင် ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ပြီး နာယကအဖွဲ့တွင် ပါဝင်ဖြစ်ပုံ၊ ဒေါက် တာ စောနိုင်နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိချက်များကို ရန်ကုန်တိုင်းမ်ဂျာနယ်မှ တွေ့ဆုံမေးမြန်းထားပါသည်။

Read more...

NCA လက်မှတ် မထိုးရသေးတဲ့ လက်နက်ကိုင် အဖွဲ့တွေ ဦးဆောင်ကျင်းပဖို့ ကိစ္စကိုတော့ အစိုးရဘက်က သဘောမတူပါဘူး

ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ထဲထဲဝင်ဝင်ပါဝင်ကာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူး အဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူ ဆောင်ရွက်နေသော ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD  တွဲဖက်အတွင်းရေးမှူး(၁) ဦးစိုင်းကျော်ညွန့်အား ဆက်သွယ်၍ ဖလားဝါးနယူးစ်ဂျာနယ်မှ ငြိမ်းချမ်းရေးဖြစ်စဉ်များကို တွေ့ဆုံမေးမြန်းထားပါသည်။

 

အခု UPDJC က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်ခင်ဗျာ။ ဘယ်ဒေသတွေမှာ အရင်ဆုံးကျင်းပသွားဖို့ရှိပါသလဲ ဘယ်လိုပုံစံမျိုးတွေနဲ့ ကျင်းပသွားမှာပါလဲ။

NCA လက်မှတ်ထိုးထားပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တည်ရှိရာဒေသများအနက် အဆင်သင့်ဖြစ်သည့်နေရာဒေသများတွင် ကျင်းပသွားရန်ဆိုတဲ့ UPDJC အစည်းအဝေး သဘောတူညီချက် ရှိတယ်။ ဒါပေမဲ့ UPDJC အတွင်းရေးမှူးကတစ်ဆင့် ဒုဥက္ကဋ္ဌသုံးဦးရဲ့ အတည်ပြုချက်ကိုတော့ ယူရပါမယ်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို လူမျိုးအလိုက်၊ ဒေသအလိုက်နဲ့ အကြောင်းအရာအလိုက်ဆိုပြီး ပုံစံသုံးမျိုးနဲ့ ကျင်းပသွားဖို့ရှိပါတယ်။

Read more...

အသိဉာဏ်ရှိတဲ့သူတွေ တီထွင်တဲ့ အရာအားလုံးနီးပါးကို အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်အရ အကာအကွယ်ပေးတယ်

Blue Ocean, Operation  Management မှ Executive Director  ဦးမင်းတေဇညွန့်တင်နှင့် တွေ့ဆုံခြင်း

 

မြန်မာနိုင်ငံတွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် နှင့်ပတ်သက်ပြီး သိရှိမှု အလွန်နည်းပါးနေ သည်။ အချို့သောသူများအနေဖြင့်လည်း မူပိုင်ခွင့်ကို နားလည်သော်လည်း ယင်းတို့၏ လစဉ်ဝင်ငွေပေါ် အခြေခံကာ လေးစားလိုက် နာမှုမရှိဖြစ်နေသည်ကို တွေ့ရသည်။ အဆိုပါ အနေအထားများနှင့်ပတ်သက်ပြီး ရန်ကုန် တိုင်းမ်ဂျာနယ်မှ Blue Ocean, Operation  Management   မှ Executive Director  ဦးမင်းတေဇညွန့်တင်နှင့် ယခုလို တွေ့ဆုံ မေးမြန်းထားပါသည်။

Read more...

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့(ဗဟို) မဘသ၏ ဥက္ကဋ္ဌဆရာတော် ဦးတိလောကဘိဝံသနှင့် တွေ့ဆုံခြင်း

______________________________________________________________________

"ဆန္ဒပြခြင်းကြောင့် ဘာမှ ဝိနည်းအပြစ်မရှိဘူး။
ဝိနည်းသိက္ခာပေါ် ချိုးဖောက်တဲ့လုပ်ရပ်မျိုးဆိုရင်တော့
ဝိနည်းတော်နဲ့ မညီဘူးပေါ့"

______________________________________________________________________

လက်ရှိ မဘသအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို အကျဉ်းချုံးသိပါ ရစေဘုရား။

ဂိုဏ်းပေါင်းစုံ သံဃအဖွဲ့အစည်းကြီးက သာသနာတော် သန့်ရှင်းရေး၊ တည်တံ့ရေး၊ ပြန့်ပွားရေးဆိုပြီး ချမှတ်ထားတဲ့ အချက်သုံးချက်ရှိတယ်။ သာသနာတော်သန့်ရှင်းရေးကတော့ လက်ရှိ သံဃအဖွဲ့အစည်းတွေက အဓိကဆောင်ရွက်ကြတယ်။ တည်တံ့ရေးနဲ့ ပြန့်ပွားရေးက ဘုန်းကြီးတို့က တစ်တပ်တစ်အားအနေနဲ့ ခေတ်အခြေ အနေပေါ်မှာ မူတည်ပြီးတော့ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာနဲ့အညီ ရဟန်းသံဃာတို့ရဲ့ ကျင့်ဝတ်ခြောက်ပါးနဲ့အညီ ဆောင်ရွက်နေပါတယ်။

Read more...

ရသေ့တောင်မြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေနှင့် တွေ့ဆုံခြင်း

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းခြင်းအကြောင်းအရာတွေကို လွှတ် တော်မှာ ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက် လို့ အန်တီရဲ့အမြင်လေးကို အရင်ဆုံး ပြောပြပေးပါရှင့်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်မှာ နိုင်ငံခြားသား သုံးဦးပါဝင်တာနဲ့ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ ပေါက်တောမဲဆန္ဒနယ်က ဦးအောင် ကျော်ဇံက လွှတ်တော်မှာ အဆိုတစ်ခု တင်သွင်းခဲ့တယ်။ ဒီကော် မရှင်မှာ နိုင်ငံ ခြားသားသုံးဦး ပါဝင်ဖွဲ့စည်းမယ်လို့ သိရ တဲ့အတွက်ကြောင့် ဒီနိုင်ငံခြားသားသုံးဦးအစား ကိုယ့်နိုင်ငံထဲက တတ်သိပညာ ရှင်တွေနဲ့ ဖွဲ့စည်းပေးပါဆိုတဲ့အဆို တင်သွင်းတယ်။ အဲဒီအဆိုကို အန်တီတို့ ပါဝင် ဆွေးနွေးခဲ့တယ်။ အန်တီတို့ရဲ့ ရခိုင်ဒေသမှာ မောင်တော၊ ဘူးသီးတောင်ဒေသတွေက တကယ်ကို ထိလွယ်ရှလွယ်ဖြစ်တဲ့ဒေသ တွေပါ။

Read more...
adv

adv

FacebookG+TwitterRSS