HOT NEWS
Main menu
adv

နိုင်ငံရေးက ဘုန်းကြီးတို့နဲ့ မဆိုင်ဘူးလေ ၊ ဘုန်းကြီးဆိုတာ စာသင်ရင်သင် ၊ မသင်ရင် တရားအားထုတ်ပေါ့

**********************************************

မဟနအဖွဲ့ဝင် ဒေါက်တာအရှင်တေဇောသာရာဘိဝံသနှင့် တွေ့ဆုံခြင်း

**********************************************

မင်းဗညား ၊ ညီတူး - တွေ့ဆုံမေးမြန်းသည်။

သံဃမဟာနာယက ဆရာတော်ကြီး ၄၇ ပါး စုံညီအစည်းအဝေးနဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကို ဘာ တွေဆွေးနွေးဖြစ်ခဲ့၊ ဆုံးဖြတ်ဖြစ်ခဲ့ပုံလေး တွေ မိန့်ကြားပေးပါဘုရား။

Read more...

မဟန အဖွဲ့ဝင် ဒေါက်တာ အရှင်တေဇောသာရာဘိဝံသနှင့် တွေ့ဆုံခြင်း

"နိုင်ငံရေးက ဘုန်းကြီးတို့နဲ့ မဆိုင်ဘူးလေ

ဘုန်းကြီးဆိုတာ  စာသင်ရင်သင် ၊ မသင်ရင်

တရားအားထုတ်ပေါ့"


သံဃမဟာနာယက ဆရာတော်ကြီး ၄၇ ပါးစုံညီအစည်းအဝေးနဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကို ဘာ တွေဆွေးနွေးဖြစ်ခဲ့၊ ဆုံးဖြတ်ဖြစ်ခဲ့ပုံလေး တွေ မိန့်ကြားပေးပါဘုရား။   

သံဃာကွဲမှာကို ဆရာတော် ကြီးတွေကလည်း မလိုလားဘူးလေ။ သူတို့ကလည်း စိတ်ထဲမှာ မခံစားနိုင်လို့ ထုတ် ပြန်လိုက်တာက အမှားဖြစ်နေတယ်။ ဂိုဏ်း ပေါင်းစုံ သံဃာ့အစည်းအဝေးလုပ်တာကလည်း ၂ဝ၁၄ ခုနှစ်မှာလုပ်တာ။ သူတို့ ပြောတာက ၂ဝ၁၃ ခုနှစ်မှာ ရန်ကုန်မြို့ မဟာပါသာဏလိုဏ်ဂူတော်ကြီးမှာ လုပ်သွားတဲ့ ဂိုဏ်းပေါင်းစုံ သံဃာ့ညီလာခံကြီးကနေ ပေါက်ဖွားလာတယ်လို့ဆိုတယ်။ မဟနကို တင်ပြခြင်း၊ ဆုံးဖြတ်ခြင်း၊ ဆွေး နွေးခြင်း မရှိပါဘူး။ ဒီလိုသံဃာအရေးတွေ ပေါ်လာ တယ်ဆိုတော့ ပြောရမယ်ဆိုရင် မြန်မာ နိုင်ငံမှာ ဂိုဏ်းကြီး ၉ ဂိုဏ်းပဲရှိတာပေါ့။ ၉ ဂိုဏ်းကလွဲပြီးတော့ ကျန်တဲ့အဖွဲ့အစည်း ဆိုတာမရှိဘူး။ မဘသဆိုတာကလည်း မဖြစ်မနေ ငါတို့မလုပ်နိုင်တာကို သူတို့ တွေလုပ်ရတာကိုး။

Read more...

မြေပြင်မှ ဝေဟင်သို့ ပျံသန်းခဲ့သော ငှက်တစ်ကောင်

အနောက်တိုင်းဝတ်စုံကို သေသပ်စွာဝတ်ဆင်ထားပြီး မိုက်ခရို ဖုန်းကိုင်ကာ လူအများရှေ့တွင် ပြုံးရွှင်စွာစကားပြောနေ သည့် အသက် ၃၅ နှစ်ခန့်ရှိလူတစ်ဦး။ အနောက်တိုင်းဝတ်စုံ ကိုဝတ်ဆင်ထားသော်လည်း ထိုသူက နားထောင်နေသူများကို မြန်မာ စကားဖြင့် ပြောကြားနေသည်။ သူ၏မျက်နှာပြင်မှာ ဝိုင်းစက်သည့် သဏ္ဌာန်ရှိပြီး အသားဖြူသည့်အတွက် မြန်မာစကားပြောဆိုခြင်းမရှိ လျှင် တရုတ်လူမျိုးဟု ထင်မြင်စရာရှိသော်လည်း သူသည် မြန်မာ လူမျိုးပင်ဖြစ်သည်။

Read more...

ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမြသန်းနှင့် တွေ့ဆုံခြင်း

ရခိုင်ပြည်နယ်တွင် AA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားရာမှ တစ်ဆင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသူများ ရှိသည့်အတွက် ၎င်းတို့၏ လက်ရှိအခြေအနေများ၊ ပြည်နယ်အစိုးရမှ ကူညီစောင့်ရှောက်မှုများ လုပ်ပေးခြင်းရှိ မရှိ အခြေအနေများ၊ ရခိုင်ပြည်နယ်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီမှ ပြည်နယ်အစိုးရကို ဘတ်ဂျက်ချပေးထားတဲ့ အခြေအနေ များ၊ ပြည်နယ်အစိုးရနှင့် လွှတ်တော် မည်သို့ပူးပေါင်းဆောင်ရွက်သွားမည်နည်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီးရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြသန်းအား ဆက်သွယ်မေးမြန်း ထားသည်ကို ပြန်လည်တင်ပြလိုက်ပါသည်။

Read more...

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခြင်း

ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည်နှင့်အညီ လူဦးရေလည်း အလွန်ထူထပ်များပြားသည့် မြို့တော်ကြီးတစ်ခုဖြစ်သည်။ ထိုသို့လူ ဦးရေ အလွန်ထူထပ်များပြားလာခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ယခုအခါ နေထိုင်ရေးအခက်အခဲများက ယခင်ထက်ဖြစ်ပေါ်လျက်ရှိနေသည်။ ယင်းအပြင် တစ်ဖက်တွင် လည်း ယာဉ်ကြောကျပ်တည်းမှုပြဿနာများ၊ ကျူးကျော်ပြဿနာများ၊ မှုခင်းဖြစ်ပေါ်မှုများနှင့် မိုးတွင်းကာလတွင် ကြုံတွေ့နေရသည့် ရေကြီးရေလျှံပြဿနာများကလည်း နှစ်စဉ်ဖြစ်ပေါ် လျက်ရှိနေသည်။ လက်ရှိအချိန်ကာလသည် မြန်မာနိုင်ငံတွင် ပြည်သူက ရွေးချယ်တင်မြှောက်လိုက်သည့် အစိုးရသစ်တစ်ရပ်ပေါ်ထွက်လာပြီဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေ သကြီးတွင် ကြုံတွေ့နေရသည့်အခက်အခဲများအနက် ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်း စဉ်များအပေါ် ပြည်သူများသိရှိစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဒီမိုကရေစီတူဒေးသတင်းစာက သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။

Read more...
adv

adv

FacebookG+TwitterRSS