ဝါရှင်တန် စက်တင်ဘာ ၂၇

စစ်အေးခေတ်ရန်သူတော် နှစ်နိုင်ငံအကြား တင်းမာမှုများမြင့်တက်နေချိန်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်သည် ကျုးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂုဇ်နှင့် ဒေသစံတော်ချိန် အင်္ဂါနေ့နှောင်းပိုင်းတွင် တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားသည်။

ဝါရှင်တန်မြို့တွင် ပြုလုပ်မည့် ၄င်းတို့နှစ်ဦး၏ အစည်းအဝေးသည် ဟာဗားနားရှိ အမေရိကန်သံရုံးမှ ဝန်ထမ်းများတွင် အကြားအာရုံချို့ယွင်းပြီး ဦးနှောက်နှင့် ပတ်သက်သည့် ရောဂါများ ဖြစ်ပွားခြင်း ကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေး တိုက်ခိုက်မှု များဖြစ် ပွားခဲ့မှုကို တုန့်ပြန်သည့်အနေဖြင့် ယင်းမြို့ရှိ သံရုံးကို ပိတ်ပစ်ရန် အမေရိကန်က စဉ်းစားနေကြောင်းဝန်ကြီးတေလာဆန်က ပြောကြားခဲ့ပြီး ၁၀ ရက်အကြာတွင် ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။ ကျူးဘားက မြောက်ဘက်ရှိ အိမ်နီး ချင်းနိုင်ငံနှင့် ဆက်ဆံရေးကို ပြိုပျက်သွားစေမည့် ဖြစ်ရပ်များတွင် ပါဝင်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် ဝန်ကြီး ရိုဒရီဂုဇ်က ယင်းဖြစ်ရပ်ကို နိုင်ငံရေးအရပုံမဖော်ရန်နှင့် စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်ကိုတိုက်တွန်းထားသည်။

Published in World News