မကွေး၊ စက်တင်ဘာ ၂၆-ရခိုင် ပြည်နယ် အမ်းမြို့နယ်တွင် ဆူပူအုံ ကြွမှုများပြုလုပ်ပေးရန် ငွေကျပ် ငါးသိန်းပေးကာ စည်းရုံးစေခိုင်းသူ တစ်ဦးကို မကွေးတိုင်းဒေသကြီး တွင် တွေ့ရှိထားသည်ဟု မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက် တာအောင်မိုးညိုက ပြောသည်။ ယင်းနှင့်ပတ်သက်ပြီး စက် တင်ဘာ ၂၆ ရက်ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးခန်းတွင် ဝန်ကြီးချုပ်ကမီဒီယာ များအား သတင်းစာရှင်းလင်းပွဲပြု လုပ်ပြောကြားခဲ့ခြင်းဖြစ်သည်။စည်းရုံးသူနှင့် စည်းရုံးခံရသူ တို့၏အမည်များကို သိရှိသော် လည်း လုံခြုံရေးအရထုတ်ဖော်ပြော ကြားလိုခြင်းမရှိကြောင်း မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြော ကြားသည်။

Published in Political