M Bwe

M Bwe

ဝါရှင်တန်၊ နိုဝင်ဘာ ၂၃

 

လက်တင်အမေရိကနွယ်ဖွား လမ်းသရဲအဖွဲ့တစ်ဖွဲ့သည် အမေရိကန်ပြည် ထောင်စု မြို့တော်ဝါရှင်တန်အနီးတွင် အမျိုးသားတစ်ဦးကို ခေါင်းဖြတ်ခဲ့ပြီး အ လောင်းကို ပန်းခြံထဲ မမြှုပ်နှံမီ နှလုံးကို ထုတ်ယူထားခဲ့ကြောင်း နိုဝင်ဘာ ၂၃ ရက် AFP သတင်းကဆိုသည်။ အလွန်တရာ ရက်စက်ဆိုးသွမ်းသော ထိုအဖွဲ့ကို ဖယ်ရှားရှင်းလင်းမည်ဟု သမ္မတ ဒေါ်နယ်ထရန့် ကိုယ်တိုင်ကပင် ကြုံးဝါးထားသည်။

နေပြည်တော်၊ နိုဝင်ဘာ ၂၃

 

နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abul Hassan Mahmood အား နိုဝင်ဘာ ၂၃ ရက် နံနက် ၁ဝ နာရီတွင် နေပြည် တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၂၃

 

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းသည် မှားယွင်းစွာ ထောင်ဒဏ်အပြစ်ပေးခံရသော ခရိတ်ရစ်ချတ်ကို လေး (၇ဝ)နှစ်ကို ပြန်လွှတ်ပေးခဲ့ကြောင်း နိုဝင်ဘာ ၂၃ ရက် ဆင်ဟွာသတင်းကဆိုသည်။ ၎င်းသည် ၁၉၈ဝ ပြည့်နှစ်တွင် လူသတ်မှုဖြင့် မှားယွင်းစွာ အပြစ်ပေးခံခဲ့ရ ပြီး ထောင်ထဲတွင် ၃၈ နှစ် နေထိုင်ခဲ့ရသည်။

အဆိုတော်လီယန်းပိန်းသည် One Direction အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့စဉ်အခါက စိတ်ကျန်းမာရေး ချို့တဲ့သည့်ဝေဒနာဖြင့် ကြိုးစားရုန်း ကန်ခဲ့ရကြောင်းနှင့် တစ်ခါတစ်ရံ အပြုံးကိုပင် ဝတ်ဆင်ရသောအင်္ကျီ တစ်ခုကဲ့သို့ ခံစားခဲ့ရကြောင်းပြော ကြားခဲ့သည်။ 

မင်းသမီးဂျန်နီဖာလောရန့်စ်၏ကိုယ် ပိုင်အကောင့်များ အဟက်ခံရပြီးနောက် ၎င်း၏ဓာတ်ပုံအချို့မှာ အွန်လိုင်းပေါ်တွင် ပေါက်ကြားလာခဲ့သည်။ ပရိသတ်များသည် ၎င်း၏ ဝတ်လစ်စားလစ်ဓာတ်ပုံများကိုမြင်တွေ့ခဲ့ရကြသည့်အကြောင်းနှင့်ပတ်သက်၍ပြောကြားရာတွင် ယင်းကိစ္စသည် မယုံကြည်နိုင်လောက်သောချိုးဖောက်မှုကြီးတစ်ခုဖြစ်သည်ဟု ဆိုခဲ့သည်။ "The Hunger Games" ရုပ်ရှင်သရုပ်ဆောင်ဂျန်နီဖာ၏ ကိုယ်ပိုင် Apple နှင့် iCloud အကောင့်တို့မှာ အဟက်ခံခဲ့ရပြီးနောက် အွန်လိုင်းပေါ်တွင် ဓာတ်ပုံများပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ 

မနီလာ နိုဝင်ဘာ ၂၄

 

ဖိလစ်ပိုင်သမ္မတရိုဒရီဂို ဒူတာတေးသည် ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်ခဲ့သော်လည်း ရန်လိုမုန်းတီးမှုများသာ ဆက်တိုက်မြင့်တက်လာခဲ့သည့်အတွက် မော်ဝါဒီတို့ဦးဆောင်သော သူပုန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်ကိစ္စကို ရပ်ဆိုင်းလိုက်ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ရာစုနှစ်ထက်​၀က်နီးပါး ကြာမြင့်ခဲ့ပြီး လူပေါင်း ၄ သောင်းကျော်သေဆုံးခဲ့ရပြီးဖြစ်သော ပဋိပက္ခကို အဆုံးသတ်ခြင်းသည် လွန်ခဲ့သောနှစ် ဇွန်လတွင် သမ္မတတာဝန်ယူစဉ်ကတည်းက သမ္မတဒူတာတေး၏ ဦးစားပေးလုပ်ငန်းများထဲမှတစ်ခုဖြစ်သည်။ 

တိုရွန်တို

 

ကနေဒါကျန်းမာရေးဌာနက လက်ဖက်စိမ်းအဆီအနှစ်ပါဝင်သော ထုတ်ကုန်များက အသည်းထိခိုက်မှုအလားအလာရှိကြောင်း ပြင်းထန်စွာ သတိပေးခဲ့သည်ဟု သိရသည်။ ဈေးကွက်စုံစမ်းစစ်ဆေးမှုတွင် တွေ့ရှိချက်အရ ကမ္ဘာတစ်ဝန်းရှိ အသည်းအားနည်းယိုယွင်း မှုဖြစ်ပွားသည့် အမှု ၆ဝ ကျော်ခန့်တွင် ကိုယ်အလေးချိန်ကျဆင်းစေသည့် လက်ဖက်စိမ်း အဆီအနှစ်ပါဝင်သော ဖြည့်စွက်စာတို့ကြောင့်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

ဂလက်စကို

အလိုလိုက်သော အဘိုးအဘွားများ ကြောင့် ကလေးများ၏ ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်ဖွယ်ရှိကြောင်း သုတေသီတို့က ပြောကြားခဲ့ကြသည်။ ဂလက် စကိုတက္ကသိုလ်မှ သုတေသီတို့က သူတို့၏ လေ့လာတွေ့ရှိချက်ကို PLOS One ဂျာနယ်တွင် ထုတ်ဖော်ရေးသားခဲ့ခြင်းဖြစ်သည်။

ဆိုးလ်၊ နိုဝင်ဘာ ၂၂

တောင်ကိုရီးယားနိုင်ငံရှိ နာမည်ကျော်ရုပ်သံလိုင်း tvN မှ ထုတ်လွှင့်မည့် 'Livin' the Double Life'  အစီအစဉ်တွင်ပါဝင်သူများဖြစ်သည့် CL၊ ထယ်ယန်းနှင့် အိုယော့တို့သည် ယင်းအစီအစဉ် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂၂ ရက်တွင် ပြုလုပ်ခဲ့သည်။ ယင်းပွဲတွင်  CL က ထိုကဏ္ဍစုံအစီအစဉ်မှတစ်ဆင့်ပြသသွားမည့်အရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ဒါရိုက်တာ - ဂျိုးရိုက်
ဇာတ်ညွှန်း - အန်တိုနီမက်ကာတင်း
သရုပ်ဆောင် - ဂယ်ရီအိုးလ်မန်း၊ လီလီဂျိမ်းစ်၊ ခရစ္စတင်း စကော့သောမတ်စ်
ပြသချိန် - ၁၂၅ မိနစ်
နိုင်ငံ - အမေရိကန်

Page 1 of 31