M Bwe

M Bwe

နယူးဒေလီ၊ အောက်တိုဘာ ၁၉

 

အိန္ဒိယနိုင်ငံတွင် ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝလီပွဲတော်ပြီး သည့်နောက်တစ်နေ့ အောက်တိုဘာ ၁၉ ရက်တွင် နိုင်ငံအရှေ့ပိုင်းရှိ တရားမဝင်မီးရှူးမီးပန်းထုတ် လုပ်သည့် စက်ရုံမီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် စက်ရုံအလုပ် သမားခုနစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့သည်ဟု ဒေသအာဏာပိုင်များက ပြောသည်။ အိန္ဒိယတွင် ဒီပါဝလီပွဲတော်ကျင်းပသည့်နေ့တွင် နိုင်ငံအနှံ့ မီးရှူးမီးပန်းများပစ်ဖောက်ကြသော်လည်း နယူးဒေလီမြို့တော်တွင် လေထုညစ်ညမ်းမှုကြောင့် အာဏာပိုင်များက မီးရှူးမီးပန်းမရောင်းချရန် တားမြစ်ပိတ်ပင်ထားသည်။

 

ရစ်ခ်ျမွန်း၊ အောက်တိုဘာ ၁၉

လပေါင်းများစွာ မထင်မရှားနေထိုင်ခဲ့ပြီးနောက် ဘားရက်အို ဘားမားသည် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံရေးပြိုင်ပွဲ ပွဲခင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ သူသည်သမ္မတထရန့်နှင့် ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားနေခဲ့သည်။  အသက် (၅၆) နှစ်ရှိ သမ္မတဟောင်းသည် နယူးဂျာစီနှင့် ဗာဂျီးနီး ယားတို့တွင် စည်းရုံးလှုံ့ဆော်ပွဲကို အောက်တိုဘာ ၁၉ ရက်၌ တက်ရောက် မည်ဖြစ်ပြီး ဒီမိုကရက်တစ်ပြည်နယ်အုပ်ချုပ်ရေးမှူးများကို ထောက်ခံသွားမည်ဖြစ်သည်။

 

 

ဘန်ကောက်၊ အောက်တိုဘာ ၁၉

စစ်အစိုးရနှင့်ဘာသာရေး အဖွဲ့အစည်းများ၏ ကြီးထွားလာ သော ဖိအားများအရ ထိုင်းနိုင်ငံတွင် ဗုဒ္ဓဘာသာသာသနာတော်သန့် ရှင်းရေးအတွက် ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်နေပြီဖြစ် ကြောင်း အောက်တိုဘာ ၁၉ ရက်ရိုက်တာသတင်းကဆိုသည်။ ထိုင်းနိုင်ငံလူဦးရေ၏ ၉ဝ ရာခိုင်နှုန်းကျော်မှာ ဗုဒ္ဓဘာသာကိုးကွယ်ကြသည်။ သို့သော်ဘုန်းတော် ကြီးများပါဝင်နေသော လိင်အရှုပ် တော်ပုံများ၊ နာမည်ကျော်ဘုန်း ကြီးတစ်ပါး၏ ငွေကြေးခဝါချမှုစွပ် စွဲချက်များ စသည်တို့ကြောင့် သာသနာတော်ညှိုးနွမ်းခဲ့ရသည်။

 

လန်ဒန်၊ အောက်တိုဘာ ၁၈

 

ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်တွင် အိမ်ခြံမြေဈေးနှုန်းများ အလွန်မြင့်မားနေ သောကြောင့် တိုက်တစ်လုံးတွင် စုပေါင်း စပ်ပေါင်းနေထိုင်သူ များပြားလာလျက်ရှိ ကြောင်း အောက်တိုဘာ ၁၈ ရက် AFP သတင်းကဆိုသည်။

 

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၁၈

 

အော်စကာဆုရှင် ဂျနီဖာလောရင့်စ်က မိမိထိပ်တန်းမင်းသမီးမဖြစ်ခင်တွင် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်းခံခဲ့ရကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်ဟု အောက်တိုဘာ ၁၈ ရက် AP သတင်းကဆိုသည်။ အမျိုးသမီးရုပ်ရှင်ထုတ်လုပ်သူတစ်ဦးသည် လုပ်ငန်းနှင့်သက်ဆိုင်ခြင်းမရှိဘဲ မိမိကိုဝတ်လစ်စားလစ်ဓာတ်ပုံများရိုက်ခိုင်းခဲ့ကြောင်း၊ မိမိမှာ ထိုစဉ်က နာမည်မကြီးသေးသည့်အတွက် လိုက်နာခဲ့ရကြောင်း၊ ထိုသို့မလုပ်လိုကြောင်း၊ အလုပ်နှင့်မသက်ဆိုင်ကြောင်း စောဒကတက်သော်လည်း ထုတ်လုပ်သူက စာနာနားလည်မပေးခဲ့ကြောင်း ဂျနီဖာလောရင့်စ်ကဖွင့်ဟသည်။

 

နယူးယောက်၊ အောက်တိုဘာ ၁၈

 

ဂျနီဖာလိုပက်ဇ်သည် ခင်ပွန်းဟောင်း မာ့ခ်အန်ထော်နီ၊ လက်ရှိချစ်သူ အဲလက်စ်ရိုဒရီဂွေ့ဇ်တို့နှင့်အတူ ပွာတိုရီကိုကျွန်းမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ဒေါ်လာ ၃၅ သန်းကျော် စုပေါင်းလှူဒါန်းခဲ့ကြောင်း အောက်တိုဘာ ၁၈ ရက် AP သတင်းကဆိုသည်။ အဆိုတော်နှစ်ဦးနှင့် ဘတ်စကက်ဘောကြယ်ပွင့်ဟောင်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်လှူဒါန်းငွေများ၊ အခြားသူများ၏လှူဒါန်းငွေများနှင့်အတူ မုန်တိုင်းဒဏ်သင့်ပြည်သူများကို ဒေါ်လာ ၃၅ သန်းကျော် ကူညီနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကရှင်းလင်း ပြောကြားသည်။

 

ဒါကာ

ဘင်္ဂလားဒေ့ရှ်ပြဋ္ဌာန်းစာအုပ်က ဘင်္ဂါလီများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ မူဝါဒဖြန့်မှုကို ထောက်ခံအတည်ပြုခဲ့သည်ဟုသိရသည်။  မြန်မာနိုင်ငံက ရိုဟင်ဂျာကို ဘင်္ဂါလီဟု ခေါ်ဝေါ်၍ အဆိုပါဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများဖြစ်သည်ဟု ရေးသားထားသည်။

 

ကိုလံဘီယာ

 

လူများနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ် အတွင်း ၎င်းခန္ဓာကိုယ်နှင့် ဦးနှောက်တွင် ဘာတွေဖြစ်နေသည်ဟူသည့်အမေးကို ကိုလံဘီယာတက္ကသိုလ် ဆေးပညာဆိုင်ရာဌာနမှ ပါမောက္ခကားလ်ဘာဇီးလ်က အိပ်ပျော်နေစဉ်အတွင်း ဦးနှောက်သည် နားနေခြင်းမရှိဘဲ အလွန်နိုးကြားဖျတ်လတ်စွာ အရေးပါသည့် အရာများကို လုပ်ဆောင်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

လန်ဒန်

 

ပြီးခဲ့သည့်နှစ်ပေါင်း ၄ဝ အတွင်း ကလေးငယ်နှင့် ဆယ်ကျော်သက်အရွယ်များ အဝလွန်မှုပမာဏမှာ ၁ဝ ဆခန့် မြင့်တက်လျက်ရှိ ကြောင်းသိရသည်။ အဆိုပါပမာဏအရ ကမ္ဘာတစ်လွှားရှိ ယောက်ျားလေးနှင့် မိန်းကလေး ၁၂၄ သန်းမှာ အဝလွန်နေကြောင်း သုတေသနပြုမှုအသစ်တွင် ဖော်ပြထားကြောင်း သိရသည်။ သုတေသီတို့က နိုင်ငံပေါင်း ၂ဝဝ ကျော်ရှိ အဝလွန်နေသည့် ကလေးငယ်နှင့် ဆယ် ကျော်သက်တို့ကို လေ့လာဆန်းစစ်၍ ပြော ကြားခဲ့ခြင်းဖြစ်သည်။

 

မန်ချက်စတာ

 

မျိုးဗီဇစမ်းသပ်စစ်ဆေးမှုက ရင်သားကင်ဆာကြောင့် ခွဲစိတ်ကာ ဖယ်ရှားသည့် အမျိုးသမီး အရေအတွက်ကို လျှော့ချပေးနိုင်ကြောင်း မန်ချက်စတာသုတေသီတို့က ပြောကြားခဲ့ကြသည်။  သွေး သို့မဟုတ် တံတွေးကို စမ်းသပ်စစ်ဆေးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပွားစေသည့် မတူကွဲပြားသော မျိုးဗီဇ ၁၈ မျိုးကို ကြည့်ရှုစစ်ဆေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

 

Page 2 of 13