M Bwe

M Bwe

လာဂိုးစ်၊ ဒီဇင်ဘာ ၃ 

နိုင်ဂျီးရီးယားနိုင်ငံအရှေ့ မြောက်ဘက်ရှိ Biu  မြို့လူစည် ကားရာဈေးအတွင်း ဘိုကိုဟာရမ် စစ်သွေြး<ွကနှစ်ဦးအသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၁၇ ဦးသေဆုံးခဲ့ရသည်ဟု ဒီဇင်ဘာ၃ ရက်နေ့သတင်းများအရသိရသည်။

အင်ချွန်း၊ ဒီဇင်ဘာ ၃

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၏အနောက်ဘက် အင်ချွန်းမြို့ ကမ်းရိုးတန်းတွင် တရားဝင်မှတ်ပုံတင်ထားသော ငါးဖမ်းလှေတစ်စင်းနှင့် လောင်စာဆီတင်ကုန်သင်္ဘောတစ်စင်းတိုက်မိရာ ၁၃ ဦး သေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ဒီဇင်ဘာ ၃ ရက်တွင် ပြောသည်။ တောင်ကိုရီးယားငါးဖမ်းလှေသည် ၁ဝ တန်နီးပါးအလေးချိန်ရှိပြီး သင်္ဘောသားနှစ်ဦးနှင့် ခရီးသည် ၂ဝ လိုက်ပါလာသည်။ ဒေသစံတော်ချိန် နံနက် ၆ နာရီကျော်တွင် အလေးချိန် ၃၃၆ တန်ရှိသော ကုန်သင်္ဘောနှင့် Yeongheung ကျွန်းအနီးတွင်ဝင်တိုက်မိပြီး တိမ်း မှောက်ခဲ့ခြင်းဖြစ်သည်။

ကိုင်ရို၊ ဒီဇင်ဘာ ၃

ဂျေရုဆလင်ကို အစ္စရေးနိုင်ငံ၏မြို့တော်အဖြစ် အမေရိကန်က တစ်နည်းနည်းဖြင့် အသိအမှတ်ပြုလိုက်ပါက အစွန်းရောက်ဝါဒနှင့် ပဋိပက္ခများ ပိုမိုကြီးထွားလာမည်ဖြစ်ကြောင်း အာရပ်အဖွဲ့ချုပ်၏ အတွင်းရေးမှူးချုပ် Ahmed About Gheit က သတိပေးပြောကြားလိုက်သည်ဟု ဒီဇင်ဘာ ၃ ရက် ရိုက်တာသတင်းကဆိုသည်။

ဝါရှင်တန် ၊ ဒီဇင်ဘာ ၎

အမေရိကန်နိုင်ငံအနေဖြင့် ရှေ့ဆက်၍ ကုလသမဂ္ဂဦးဆောင်သည့် "ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှု သဘောတူညီချက်"တွင် ပါဝင်သော သတ်မှတ်ချက်များကို လိုက်နာဆောင်သွားတော့မည်မဟုတ်ကြောင်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၃ ရက်နေ့၌ထုတ်ပြန်ကြေညာခဲ့သည်။

International Political

ဘာလင်၊ ဒီဇင်ဘာ ၁


ဂျာမနီဝန်ကြီးချုပ်အိန်ဂျလာမာကယ်နှင့် အဓိကအတိုက်အခံပါတီ ခေါင်းဆောင်မာတင်ရှုဇ်တို့ ညွှန့် ပေါင်းအစိုးရဖွဲ့စည်းနိုင်ရန် စတင် ဆွေးနွေးညှိနှိုင်းနေပြီးဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက် AFP သတင်းကဆိုသည်။ သမ္မတစတိန်းမီးယား၏ စေ့စပ်မှုအရ မာကယ်နှင့်ရှုဇ်တို့သည် ပထမနေ့တွင် နှစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဂျာမနီတွင် သမ္မတသည် အဆောင်အ ယောင်ရာထူးမျှသာ ဖြစ်ပြီးအများ က လေးစားသော ဂုဏ်သိက္ခာရှိသည့် ပုဂ္ဂိုလ်ကို ခန့်ထားလေ့ရှိသည်။ ဝန်ကြီးချုပ်မှာ အစိုးရအဖွဲ့ ကို လက်တွေ့ဦးဆောင်သူဖြစ်သည်။

ပေကျင်း၊ ဒီဇင်ဘာ ၁

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ အလုပ်သဘော ချစ်ကြည်ရေးခရီးရောက် ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၂ဝ တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ စစ်သံမှူး ဗိုလ်မှူးချုပ်တင့်ဆန်း၊ မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက မြန်မာသံရုံး၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သိရှိလိုသည်များကို မေးမြန်းခဲ့သည်။

နေပြည်တော်၊ ဒီဇင်ဘာ ၁

 

ရခိုင် ဒေသရှိ လူနည်းစုဖြစ်သည့် တိုင်းရင်းသားများအကြမ်းဖက်သမားများ၏ လူမျိုးတုံးသတ်ဖြတ်မှု မခံရအောင် အပြည့်အဝကာကွယ် ပေးသွားမည်ဖြစ်ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် စစ်ရေးပြ ကွင်း၌ ကျင်းပပြုလုပ်သော စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၅၉)သင်တန်းဆင်း ဂုဏ်ပြုစစ် ရေးပြအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

မာရာရီ၊ ဒီဇင်ဘာ ၁

 

ဇင်ဘာဘွေ သမ္မတသစ် မနန်ဂါဂွါ၏ အစိုးရအဖွဲ့တွင် စစ်ဗိုလ်ချုပ်ကြီးနှစ်ဦး ပါဝင်လာပြီး သမ္မတရာထူးမှ နုတ်ထွက်ပေးခဲ့ရသော ရောဘတ်မူဂါဘီ၏လူများ မပါဝင် တော့ကြောင်း ဒီဇင်ဘာ ၁ ရက် AFP သတင်းကဆိုသည်။ တိုင်းပြည်ကို စစ်တပ်က ယာယီထိန်းချုပ်လိုက်ကြောင်း အစိုးရရုပ်သံတွင် ကြေညာခဲ့သည်။

တိုကျို၊ ဒီဇင်ဘာ ၁

 

ဂျပန်ဧကရာဇ်အာကီဟီတို၏ နန်းစွန့်မည်ရက်အား ၂၀၁၉ ခုနှစ်ဧပြီ ၃၀ ရက်ကို သတ်မှတ်လိုက် ကြောင်း ဂျပန်ဝန်ကြီးချုပ်က ဒီဇင်ဘာ ၁ ရက်တွင် ကြေညာလိုက်သည်။ နှစ်ပေါင်း၂၀ဝ ကျော်အတွင်း ကမ္ဘာ ပေါ်၌အရှည်ကြာဆုံး အင်ပါယာမိသားစုအတွက် ပထမဆုံးထီးနန်းမှ အနားယူခြင်းဖြစ်သည်။ ဂျပန်ဘုရင်နန်းစွန့်ရန်ခွင့်ပြုသည့် ဥပဒေကို အကောင်အထည် ဖော်ရန် မိမိတို့ကဆုံးဖြတ်ခဲ့ရာ ၂၀၁၉ ခုနှစ်ဧပြီ ၃၀ ရက်ကို သတ်မှတ်လိုက်ကြောင်း ဝန်ကြီးချုပ်ရှင် ဇိုအာဘေးက ဘုရင်ကြီးနှင့် တွေ့ ဆုံပြီးနောက် သတင်းထောက်များကို ပြောကြားလိုက်သည်။ ဘုရင့်ကောင်စီနှင့် အစည်းအ ဝေးပြုလုပ်ပြီးနောက် အဆိုပါရက်စွဲကို အေးချမ်းစွာဆုံးဖြတ်ခဲ့ကြကြောင်း အာဘေးကပြောခဲ့သည်။

ဝါရှင်တန်၊ ဒီဇင်ဘာ ၁
 
အမေရိကန် သမ္မတဒေါ်နယ်ထရန့်သည် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆင်ကို လက်ရှိစီအိုင် အေညွှန်ကြားရေးမှူး မိုက်ပွမ်ပီယိုနှင့်အစားထိုးလဲလှယ်တော့မည်ဟု သတင်းများထွက်ပေါ်နေကြောင်း ဒီဇင်ဘာ ၁ ရက် AFP သတင်းကဆိုသည်။ ထရန့်သည် ထိုသတင်းများကို ငြင်းဆိုခြင်းမပြုသေးရာ ကောလာဟလကို ပိုမိုခိုင်မာစေခဲ့သည်။
Page 5 of 41