M Bwe

M Bwe

ပေကျင်း၊ ဒီဇင်ဘာ ၁

 

သောကြာနေ့နံနက်ပိုင်းက တရုတ်နိုင်ငံမြောက်ပိုင်း၌ လူနေတိုက်တစ်လုံးကို မီးလောင်ခဲ့ရာ လူ ၁၀ ဦးသေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားလိုက်သည်။ တီယင်ကျင်းမြို့ အထပ်မြင့်အ ဆောက်အအုံမှ ၃၈ ထပ်မြောက် အခန်းမှ မီးခိုးများထွက်လာခဲ့ပြီး လူ ၁၀ ဦးသေဆုံးကာ ငါးဦးမှ ဒဏ် ရာပြင်းထန်၍ ဆေးရုံတင်ထားရ ကြောင်း မြို့တော်အစိုးရ၏ လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။

တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ဖြစ်သည့် TWICE သည် Mnet Asian Music Awards ဆုပေးပွဲတွင် တစ်နှစ်တာအတွင်း အကောင်းဆုံးတေးသီချင်းဆုကို "Signal" သီချင်းဖြင့် ဆွတ်ခူးရရှိခဲ့ကြောင်း နိုဝင်ဘာ ၃ဝ တွင် Mnet  ရုပ်သံလိုင်းက သတင်းထုတ်ပြန်ထားသည်။ Mnet ရုပ်သံလိုင်းက ပြသခဲ့သည့် K-Pop  ဆုပေးပွဲ ဖြစ်ပြီး ဂျပန်နိုင်ငံ ယိုကိုဟားမား အမိုးဖွင့်ကွင်းတွင် ပြုလုပ်ခဲ့သော MAMA ဆုပေးပွဲ၌ အမြင့်ဆုံးဆုရှင်များ ဖြစ်လာခဲ့ကြခြင်းလည်း ဖြစ်သည်။

စင်ကာပူ၊ နိုဝင်ဘာ ၃ဝ

 

စင်ကာပူနိုင်ငံတွင် အလုပ်လက်မဲ့ဦးရေသည် ၂ဝ၁၆ ခုနှစ် ဇွန်လ က ၃ ရာခိုင်နှုန်းရှိရာမှ ယခုနှစ်တွင် ၃ ဒသမ ၁ ရာခိုင်နှုန်းသို့ တိုးမြင့်လာနေသည်ဟု လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနက နိုဝင်ဘာ ၃ဝ ရက်တွင် သတင်းထုတ်ပြန် ပြောဆိုလိုက်သည်။

ယီမင်သမ္မတဟောင်း အလီအဗ္ဗဒူလာဆာလေးကို ထောက်ခံသူလေးဦးသည် ရှီးယိုက်မူဆလင်ဟူသီသူပုန်များနှင့် ယီမင်မြို့တော် ဆာနာ၌ နိုဝင်ဘာ ၂၉ရက်က ပဋိပက္ခဖြစ်ပွားခဲ့ပြီး အသတ်ခံခဲ့ရသည်ဟု ဆာလေး၏ General People's Congress ပါတီမှ သတင်းထုတ် ပြန်လိုက်သည်ဟု နိုဝင်ဘာ ၃ဝ ရက်သတင်းများအရ သိရှိရသည်။

ကုလသမဂ္ဂ၊ နိုဝင်ဘာ ၃ဝ

 

အမေရိကန်ပြည်ထောင်စုက စစ်ဖြစ်ခဲ့ပါက မြောက်ကိုရီးယား ခေါင်းဆောင်များလုံးဝပျက်သုဉ်း စေရမည်ဟု သတိပေးပြောကြားလိုက်သည်။ ကမ္ဘာ့နိုင်ငံများကိုလည်း မြောက်ကိုရီးယားနှင့်သံတမန်အဆက်အသွယ်နှင့် ကုန်သွယ် ရေးကိုဖြတ်တောက်ကြရန်လည်း တိုက်တွန်းလိုက်သည်။ တရုတ်ကိုလည်း မြောက်ကိုရီးယားအား ရေနံ မရောင်းရန် ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ ICBM တိုက်ချင်းပစ်ဒုံးပျံစမ်းသပ်မှုကို အရေးယူဆောင်ရွက်ရန် လုံခြုံ ရေးကောင်စီအစည်းအဝေးကို နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းက ကျင်းပခဲ့သည်။

ရာဆင်၊ နိုဝင်ဘာ ၃ဝ

 

နျူကလီးယားလက်နက်ပိုင်ဆိုင်သောကြောင့် အဆက်အသွယ် ဖြတ်တောက်ခံထားရသော မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏အနည်း ငယ်သောမိတ်ဆွေနိုင်ငံများအနက် ရုရှားနှင့်တရုတ်နိုင်ငံတို့နှင့်သာ စီးပွားရေးအဆက်အဆံပြုလုပ်နေရသော်လည်း အမေရိကန်နိုင်ငံ၏ပိတ်ဆို့ချမှတ်ထားမှုများကြောင့် ယင်းနိုင်ငံများနှင့်စီးပွားရေးဆောင်ရွက်ချက်များသည်လည်း ပျက်ယွင်း နေရကြောင်း နိုဝင်ဘာ ၃ဝ ရက် သတင်းများအရသိရသည်။

ရန်ကုန်၊ နိုဝင်ဘာ ၃ဝ

 

ကမ္ဘာပေါ်ရှိ ကတ်သလစ်ဘာသာဝင် သန်းပေါင်း ၁၂ဝဝ ၏ ခေါင်းဆောင်ဖြစ်သော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် နိုဝင်ဘာ ၃ဝ ရက် ဒေသစံတော်ချိန် ညနေသုံးနာရီခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိလာသည်။ ဘင်္ဂါလီဒုက္ခသည် ၁၅ ဦးနှင့်လည်း မြို့တော်ဒါကာတွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

ကေပေါ့ပ်စတား ထယ်ယွန်သည် ဆိုးလ်မြို့၌ ဖြစ်ပွားခဲ့ သော ကားသုံးစီးဆင့်တိုက်မှုတွင် ပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ နာမည်ကျော် Girls' Generation အဖွဲ့မှ အဆိုတော် ကင်ထယ်ယွန်သည် နိုဝင်ဘာ ၂၈ ရက် ဒေသစံတော်ချိန် ည ၈ နာရီ၌ ဆိုးလ်မြို့အရှေ့ဘက်တွင် ၎င်း၏ မာစီးဒီးကားကို မောင်းနှင်နေစဉ် အရှေ့တွင်ရှိသည့် တက္ကစီတစ်စီးကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဂန်နမ်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ကနေဒီယန်အဆိုတော် The Weeknd သည် ၎င်း၏ကိုယ်ပိုင် အင်စတာဂရမ်အကောင့်မှ ဆလီနာဂိုးမက်ဇ်နှင့် ပတ်သက်သည့် ပို့စ်များအားလုံးကို ဖျက်လိုက်ကြောင်းသိရသည်။ အသက် (၂၇)နှစ်အရွယ် အဆိုတော်သည် ဆလီနာနှင့် ဆယ်လကြာတွဲခုတ်ခဲ့ပြီးသည့်နောက် မကြာသေးမီကပင် လမ်းခွဲခဲ့ကြခြင်း ဖြစ်သည်။ ၎င်းသည် ဓာတ်ပုံဝေမျှသည့် ဝက်ဘ်ဆိုက်ဖြစ်သည့် အင်စတာဂရမ်ရှိ ၎င်း၏စာမျက်နှာမှ ရည်းစားဟောင်းဖြစ်သူ၏ ခြေရာလက်ရာများကို အပျောက်ရှင်းဖယ်ရှားရန် ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။ 

နေပြည်တော်၊ နိုဝင်ဘာ ၃၀

 

မြန်မာနိုင်ငံ၏ “Ease of Doing Business” တိုးတက် ကောင်းမွန်လာရေးအတွက် ပြုပြင်ပြောင်းလဲမှုများတွင် ၀န်ထမ်းအားလုံးက အလေးထား ဆောင်ရွက်ကြစေလိုကြောင်း စီးပွား / ကူသန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောကြားခဲ့သည်။

Page 6 of 41