M Bwe

M Bwe

ဒါရိုက်တာ - ဒေးဗစ်ချို
ဇာတ်ညွှန်း - ဒေးဗစ်ချို
သရုပ်ဆောင် - ဟမ်အွန်းဂျောင်း၊ လီဝန်းဂျွန်၊ ၊ဆောဂျွန်ယောင်း
ပြသချိန် - ၈၉ မိနစ်
နိုင်ငံ - တောင်ကိုရီးယား

 

လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၂၉

 

အဆိုတော်၊ မော်ဒယ် ပဲရစ်ဟီလ်တန်က ရုပ်သံအစီအစဉ်များတွင် ပါဝင်သရုပ်ဆောင်လိုစိတ် မရှိတော့ သော်လည်း ယင်းအစီအစဉ်များသည် ၎င်းဘဝကို ပုံဖော်ပေးခဲ့ကြောင်း ဝန်ခံပြောကြားလိုက်သည်။ အသက် (၃၆)နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင်နှင့် ဒီဂျေဖြစ်သည့် ဟီလ်တန်သည် လွန်ခဲ့သော ဆယ်စုနှစ် တစ်ခု ကျော်ကာလက နီကိုးလ်ရီချီနှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သော 'The Simple Life' အစီအစဉ်ကို နုတ်ဆက် ခဲ့ပြီး ယင်းအတွေ့အကြုံက ယနေ့တွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်လာစေရန် ကူညီပေးခဲ့ကြောင်း ပြောဆိုထားသည်။

လန်ဒန်

 

အရက်သောက်ခြင်းနှင့် စိတ်ခံစားမှုဆိုင်ရာ လေ့လာဆန်းစစ်မှုတစ်ခုတွင် အရက်အမျိုး မျိုးသောက်သုံးက သောက်သုံးသူတို့၏စိတ်ကို မတူကွဲပြားသောနည်းလမ်းများဖြင့် ပြောင်းလဲ စေသည်ဟုသိရသည်။ အရက်က သောက်သုံးသူကို ဒေါသထွက် စေသည် သို့မဟုတ် ငိုစေသည်ဟုဆိုသည်။ ဝိုင်နီ သို့မဟုတ် ဘီယာကမူ သောက်သုံးသူကို စိတ်အပန်းပြေစေသည်ဟု သုတေသီတို့က ပြောကြားခဲ့သည်။

စတော့ဟုမ်း

ဆွီဒင်လေ့လာဆန်းစစ်ရေးအဖွဲ့၏ တွေ့ ရှိမှုအရ အဝလွန်သူအမျိုးသမီးတို့တွင် ဖြစ်ပွားသော ရင်သားကင်ဆာအဖုအကျိတ်မှာ တဖြည်းဖြည်း ကြီးထွားလာမှသာ ရောဂါဖြစ်ပွားကြောင်း သိရှိရသည်ဟုဆိုသည်။ အဝလွန် သူအမျိုးသမီးများအနေနှင့် ရင်သားကင်ဆာ ဖြစ်ပွားနေကြောင်း စောစီးစွာသိရှိရန် မကြာ ခဏ ဓာတ်မှန်ရိုက်ရန် လိုအပ်မည်ဟု သုတေသီတို့က အကြံပြုခဲ့ကြသည်။

ပြုံးယမ်း နိုဝင်ဘာ ၃ဝ

ဟွာဆောင်း - ၁၅ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို စောင့်ကြည့်နေသော ခေါင်းဆောင် ကင်ဂျုံအန်း၏ ဓါတ်ပုံများကို မြောက်ကို ရီးယား၏ တရားဝင်သတင်းအေဂျင်စီ KCNA က ထုတ်ပြန်လိုက်ကြောင်းသိရသည်။ မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ကမ္ဘာ့လေထုထဲသို့ ပြန်လည်ဝင်ရောက်လာနိုင်သော ထိပ်ဖူးတပ်ဆင်ထား သည့် နျူကလီးယား လက်နက်များဖြင့် အမေရိကန်နိုင်ငံကုန်းမကြီးတို့ ပစ်ခတ်နိုင်သည်ဟုဆိုသော တိုက်ချင်းပစ်ပဲ့ထိန်း ဒုံးကျည်အသစ်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

 

သည်ဟိတ် နိုဝင်ဘာ ၃ဝ
 

ဘော့စနီးယားနိုင်ငံ Croat နွယ်ဖွား စစ်ရာဇဝတ်မှု ကျူးလွန်သူ တပ်မှူးဟောင်း Slobodan Praljak သည် ဗုဒ္ဓဟူးနေ့ ၌ ပြုလုပ်ခဲ့သော နောက်ဆုံးစီရင်ချက်ချမှတ်မှုအတွင်း ကုလသမဂ္ဂ တရားသူကြီးများက ထောင်ဒဏ်နှစ် ၂၀ ချမှတ် လိုက်ကြောင်း ကြေညာခဲ့ပြီးနောက် ယင်းတရားရုံးခန်းအတွင်း၌ပင် အဆိပ်သောက်ကာ အဆုံးစီရင်သွားခဲ့ကြောင်း ခရိုအေးရှား မီဒီယာတွင် ဖော်ပြထားသည်။ 

တိုကျို နိုဝင်ဘာ ၃၀

 

ဂျပန်ဧကရာဇ် အာကီဟီတို၏ သားတော်မင်းသး အာကီရှီနိုက ဧကရာဇ်ကြီးအနေဖြင့် ရာစုနှစ် နှစ်ခုနီးပါးအတွင်း ဂျပန်ထီးနန်းတွင် ပထမဆုံး အကြိမ်အဖြစ် နန်းစွန့်ရန် စီစဉ်ခဲ့ပြီးနောက် ၄င်းအနေဖြင့် အိမ်ရှေ့မင်းသား နာရူဟီတိုထံ ထီးနန်းကိုမလွှဲအပ်မီ ပြည်သူ့တာဝန်များကို လွှဲပြောင်းပေးမည်ဟု ခန့်မှန်းထားကြောင်းပြောကြားလိုက်သည်။ 

ဆိုးလ်၊ နိုဝင်ဘာ ၂၈

 

ကိုရီးယားမင်းသမီးလေး ကင်ဆိုယောင်းသည် Highlight အဖွဲ့မှ ယွန်းဒိုဂျွန်းနှင့်အတူ KBS  ရုပ်သံလိုင်းမှ ထုတ်လွှင့်မည့် Radio Romance အမည်ရှိ ဒရာမာတွင်ပါဝင်ရန်ကမ်းလှမ်းချက်ကို လက်ခံလိုက်ကြောင်းသိရသည်။  နိုဝင်ဘာ ၂၇ရက်တွင် ကင်ဆိုယောင်း၏ ကိုယ်စားလှယ်တစ်ဦးက '' KBS ရုပ်သံလိုင်းရဲ့ Radio Romance မှာ ပါဝင်ဖို့ကမ်းလှမ်းချက်ကို လက်ခံရရှိခဲ့တာမှန်ကန်ပါတယ်။ သူဟာလက်ရှိမှာ အဲဒီကမ်းလှမ်းချက်ကို အကောင်းမြင်တဲ့ဘက်ကနေ သုံးသပ်နေပါတယ်''ဟု ပြောဆိုထားသည်။

လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၂၈

 

အကယ်ဒမီဆုရှင် ဒါရိုက်တာကြီး ဂျိမ်းစ်ကင်မရွန်းက စတုတ္ထနှင့် ပဉ္စမမြောက် 'Avatar' ရုပ်ရှင်များကို ရိုက်ကူးထုတ်လုပ်ရန် အာမခံချက်မရှိသေးကြောင်း ဝန်ခံပြောကြားခဲ့သည်။ ဒါရိုက်တာကြီး ကင်မရွန်းသည် ၂ဝဝ၉ ခုနှစ်တွင် အောင်မြင်ခဲ့သော မူရင်းရုပ်ရှင်ကို ပဲ့ကိုင်ရိုက်ကူးခဲ့သော်လည်း ၂ဝ၂ဝပြည့်နှစ်တွင် ဒုတိယမြောက် သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကို မဖြန့်ချိမီမကြာမီ ရုံတင်နိုင်တော့မည့် ရုပ်ရှင်များ၏ အောင်မြင်မှုကို ကြည်ရှုပြီးမှ သာ စတုတ္ထနှင့် ပဉ္စမမြောက် နောက်ဆက်တွဲရုပ်ရှင်များပိတ် ကားထက်တွင် ရောက်ရှိရေးကို ဆုံးဖြတ်ပေးသွားမည်ဟုဆိုသည်။

ဆိုးလ်၊ နိုဝင်ဘာ ၂၈

 

Super Junior အဖွဲ့ဝင်ချွဲစီဝမ်သည် မိသားစုပိုင် အိမ်မွေးခွေးနှင့် ပတ်သက်သော မတော်တဆမှုတစ်ခုကြောင့် အဖွဲ့၏နောက်ဆုံးထွက် အယ်လ်ဘမ်အတွက် လုပ်ငန်းများ လုပ်ကိုင်နိုင်ခဲ့ခြင်း မရှိခဲ့သော်လည်း ဆိုးလ်မြို့တွင် ပြုလုပ်မည့်ဖျော်ဖြေပွဲများတွင် ပါဝင်မည်ဖြစ်ကြောင်း ၎င်း၏အေဂျင်စီက နိုဝင်ဘာ ၂၈ရက်တွင်ပြောကြားခဲ့သည်။ အဆို တော်၊ မင်းသားချွဲသည် ဒီဇင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ဆိုးလ်မြို့ရှိ Jamsil  အားကစားကွင်းတွင် ကျင်းပမည့် "Super Junior World Tour Super Show 7"  ဖျော်ဖြေပွဲများတွင် ပါဝင်မည်ဖြစ်ကြောင်း Label SJ က ဆိုသည်။

Page 7 of 41