M Bwe

M Bwe

အစ္စလမ္မာဘတ်၊ အောက်တိုဘာ ၆

 

ပါကစ္စတန်အနောက်မြောက် ဘလူချီစတန်ပြည်နယ်ဘာသာ ရေးအဆောက်အအုံအဝင်အဝတွင် အသေခံဗုံးခွဲသမားတစ်ဦးက သူ့ကိုယ်သူဖောက်ခွဲခဲ့ရာ အနည်းဆုံးလူ ၁၅ ဦးသေဆုံးကာ လူ ၂ဝ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာကပြောကြားလိုက်သည်ကို ဆင်ဟွာသတင်းက အောက်တိုဘာ ၆ ရက်တွင်ဖော်ပြခဲ့သည်။ ဘလူချီစတန်အစိုးရပြောခွင့် ရပုဂ္ဂိုလ်အန်ဝါအူးလ်ဟက်ကာကာက ပြောကြားရာတွင် သေဆုံးသူများတွင် ရဲသားတစ်ဦးပါဝင်သည်ဟုဆိုသည်။

 

လန်ဒန်၊ အောက်တိုဘာ ၆

 

 

ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်တွင်နေထိုင်သည့် ရှစ်သန်းနီးပါး သောမြို့သူမြို့သားတိုင်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့  (WHO) ၏ လေထုအရည်အသွေးစံနှုန်းထက် အနည်းဆုံး ၅ဝ ရာခိုင်နှုန်းပိုမိုဆိုး ရွားသောအခြေအနေတွင် နေထိုင်နေရသည်ဟု မြို့တော်ဝန်ဆာဒစ်ခန်က ထုတ်ဖော်ပြောကြားလိုက်ကြောင်း အောက်တိုဘာ ၆ ရက် ဆင်ဟွာသတင်းကဆိုသည်။

 

ဘန်ကောက်၊ အောက်တိုဘာ ၆

 

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝပ်ထရာသည် လန်ဒန်တွင် နိုင်ငံရေးခိုလှုံခွင့်တောင်းခံမှုကို ဗြိတိန်အစိုးရကခွင့်ပြုထား သည်ဟူသော မီဒီယာဖော်ပြချက်များအား ထိုင်းအစိုးရက အတည် ပြုခြင်း၊ အတည်မပြုခြင်းများမပြုလုပ်ခဲ့ဟု အောက်တိုဘာ ၆ ရက် သတင်းများအရသိရှိရသည်။ ဒေသန္တရမီဒီယာများသည် ဖြူထိုင်းပါတီ၏သတင်းရင်းမြစ်များကို ကိုးကား၍ ဆန်စပါးစီမံကိန်း ဖြင့် ထောင်ဒဏ်ငါးနှစ်ချခံထားရသူ မစ္စစ်ယင်လတ်သည် ဗြိတိန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်ရရှိသွားခဲ့ပြီဟု အောက်တိုဘာ ၄ ရက်က ဖော်ပြရေးသားခဲ့ကြသည်။

 

နယူးယောက်၊ အောက်တိုဘာ ၆

 

ဟောလိဝုဒ်ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး ဂျူလီယာ ရောဘတ်သည် သူ၏ယခင်ရုပ်ရှင်ကား ၂၆ ကားစလုံးထဲမှ အိုက်တင်များကို ၁ဝ မိနစ်အတွင်း ပြန်လည်သရုပ်ဆောင်ခဲ့ကြောင်း အောက်တိုဘာ ၆ ရက် e online သတင်းကဆိုသည်။ ဂျူလီယာရောဘတ်သည် ရုပ်မြင်သံကြားအစီအစဉ် တစ်ခုဖြစ်သော The Late Late Show အတွက် တင်ဆက်သူ ဂျိမ်းစ်ကော်ဒွန်နှင့်အတူ သရုပ်ဆောင်ကျွမ်းကြောင်း ပြသလိုက်ခြင်းဖြစ်သည်။

 

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၆

 

 WWE နပန်းသမားများဖြစ်သော ဘရီးဘယ်လာနှင့် နစ်ကီဘယ်လာတို့ညီအစ်မသည် ဝိုင်အသစ်များ ထုတ်လုပ်ဖြန့်ချိ ရောင်းချနေပြီဖြစ်သလို မိသားစုနှင့်လည်း အပန်းဖြေခရီးထွက်ခဲ့ကြောင်း အောက်တိုဘာ ၆ ရက် e online သတင်းကဆိုသည်။

 

ရန်ကုန် အောက်တိုဘာ ၆

 

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့် တင်မှုလုပ်ငန်းစဉ်များကို အောက်တို ဘာလ တတိယပတ်တွင် စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၅

 

ဖျော်ဖြေရေးလုပ်ငန်းရှင်ကြီး ဒေးဗစ်အက်ဖင်သည် အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်စီရင်စု အနုပညာပြတိုက်တွင် ပြခန်းအသစ်များ တိုးချဲ့တည်ဆောက် ရေးအတွက် ဒေါ်လာသန်း ၁၅ဝ လှူဒါန်းမည်ဖြစ်ကြောင်း အောက်တိုဘာ ၅ ရက် AP သတင်းကဆိုသည်။ အဆိုပါလှူဒါန်းငွေသည် မိမိတို့ပြတိုက်လက်ခံရရှိဖူးသည့် ပုဂ္ဂလိကလှူဒါန်းငွေများအနက် အများဆုံးပမာဏ ဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်။

 

ခွန်ဒပ်

 

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ခွန်ဒပ်ခရိုင်တွင် အစိုးရတပ်များနှင့် တာလီဘန်တိုက် ခိုက်ရေးသမားတို့အကြား တိုက်ပွဲဖြစ်ပွားရာ တာလီဘန် ၃၅ ဦး သေဆုံး၍ ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အစိုးရတပ် များက ခွန်ဒပ်ခရိုင်တွင် နယ်မြေရှင်းလင်းရေး စစ်ဆင်နွှဲလျက်ရှိနေခြင်းဖြစ်သည်။
တာလီဘန်စစ်သွေးကြွတို့သည် ခွန်ဒပ် ခရိုင် အစိတ်အပိုင်းအတော်များများကို ထိန်းချုပ်ထားခြင်းဖြစ်သည်။

 

ဟောင်ကောင်

 

တရုတ်အစိုးရက ဒီမိုကရေစီလိုလားသူတို့၏ လှုပ်ရှားဆောင်ရွက်မှုအပေါ် အပြင်းအထန် နှိပ်ကွပ်နေမှုအတွက် ဟောင်ကောင် ပြည်သူလူထုတို့က လမ်းများပေါ်ထွက်၍ ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်းသိရသည်။ ကန့်ကွက်ဆန္ဒပြသူတို့က ဟောင်ကောင်မြို့လယ်ကောင်မှနေ၍ သုံးကီလိုမီတာခန့်အကွာအဝေးရှိ အစိုးရရုံးအဆောက်အအုံအထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

 

ဘာစီလိုနာ


ကတ်တလန်ဒေသအား စပိန်နိုင်ငံမှခွဲထွက်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဒေသတစ်ဝန်းလုံးရှိ မဲဆန္ဒရှင်တို့က အကြီးအကျယ် ထောက်ခံမဲပေးခဲ့ကြောင်း ဒေသ အစိုးရက ပြောကြားခဲ့သည်။ ကနဦးမဲရေတွက် မှုအရ မဲဆန္ဒရှင် ၂ ဒသမ၂၆ သန်းအနက် ရာခိုင်နှုန်း ၉ဝ ကျော်က စပိန်မှ ခွဲထွက်ရေးကို ထောက်ခံမဲပေးခဲ့ကြသည်ဟု သိရသည်။

Page 9 of 13