ချဲလ်ဆီးနည်းပြကွန်တီက လက်ရှိ အနေအထားအရ အမှတ်ပေးဇယားထိပ်မှ မန်စီးတီးကိုအမီလိုက်ပြီး ချန်ပီယံဆုကို ရယူနိုင်မည်ဟု တွေးထင်နေခြင်းမှာ လိမ် လည်ရာကျမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ချဲလ်ဆီးသည် ဝက်စ်ဟမ်းကို ၁-ဝ ဖြင့်အရေးနိမ့်ခဲ့ပြီးနောက် ဟက်ဒါဖီးလ် နှင့်ပွဲတွင် ၃-၁ဖြင့် နိုင်ပွဲပြန်ရခဲ့သော်လည်း ဆွမ်ဆီး-မန်စီးတီးပွဲမတိုင်မီ ၁၁မှတ်အထိ ကွာဟနေသော မန်စီးတီးကိုလိုက်မီနိုင် ရေးမှာမဖြစ်နိုင်ကြောင်း ကွန်တီကဝန်ခံ ခဲ့ခြင်းဖြစ်သည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းအနေဖြင့် ခံစစ်ပိုင်းတွင် အင်အားလျော့နည်းနေသည် ဖြစ်ရာ ပြိုင်ပွဲစုံတွင်ယှဉ်ပြိုင်ရန် လုံ လောက်မှုမရှိသည့်အတွက် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များ ထပ်မံခေါ်ယူဖွယ်ရှိကြောင်းပြောဆိုခဲ့သည်။

ဒါရိုက်တာ            - ဟန်ဆန်းအူ
ဇာတ်ညွှန်း           -  ကင်အင်ယောင်း
သရုပ်ဆောင်       - ကင်ယယ်ဝမ်၊ ရှင်ဆဲဂျောင်း၊ ဆောဂျီဟယ်၊ ဂျန်မီဟီး
ပြသမည့်လိုင်း      - KBS 2
ပြသမည့်အပိုင်း    - ၁၆ ပိုင်း
ပြသမည့်ရက်      - ဒီဇင်ဘာ ၆ ရက်မှ ဇန်န၀ါရီ ၂၅ အထိ
ပြသမည့်အချိန်    - ဗုဒ္ဓဟူးနှင့် ကြာသပတေးည ၁ဝ နာရီ
နိုင်ငံ                  - တောင်ကိုရီးယား

 

ဆိုးလ် ဒီဇင်ဘာ ၁၃


ကိုရီးယား အနုပညာသတင်းရပ်ကွက်မှ အတွင်းသတင်းတစ်ခုက မင်းသမီး ယွန်းအွန်ဟေးသည် “Love Like A Person” ဒရမ်မာတွင် ပါဝင်သရုပ်ဆောင်ရန် ဆွေးနွေးလျက်ရှိကြောင်း ဒီဇင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ ဒရမ်မာသည် မှတ်ဥာဏ်တုရှိသော လူသားစက်ရုပ်နှင့် စိတ်ခံစားမှုအပြည့်ရှိသော အမျိုးသမီးတစ်ဦးတို့ကြားမှ အချစ်ဇာတ်လမ်းတစ်ခုကို ပုံဖော်ရိုက်ကူးမည်ဖြစ်သည်။

လော့စ်အင်ဂျလိစ် ဒီဇင်ဘာ ၁၃

 

မင်းသမီး ဂျန်နီဖာလောရန့်စ်သည် ဒါရိုက်တာ လူဆာဂွါဒါနီနိုရိုက်ကူးမည့် 'Burial Rites' အမည်ရှိ ၁၉ ရာစုခေတ် နောက်ခံ မှုခင်းရုပ်ရှင်တွင် ပါဝင်မည်ဟုသိရသည်။ ယင်းရုပ်ရှင်သည် စာရေးဆရာမ ဟာနာကိတ်၏ဝတ္ထုကို အခြေခံမည်ဖြစ်ပြီး ၁၈၃ဝ ခုနှစ်တွင် အိုက်စလန်နိုင်ငံ၏ လူထုရှေ့ မှောက်တွင် သုတ်သင်သတ်ဖြတ်ခံသော အမျိုးသမီးတစ်ဦးအကြောင်း ဇာတ်အိမ်ဖွဲ့ ရိုက်ကူးမည်ဖြစ်သည်။

ချီကာဂို ဒီဇင်ဘာ ၁၄
 

ကမ္ဘာတစ်ဝန်း၌ တစ်နှစ်လျှင် ရာသီတုပ်ကွေးကြောင့် သေဆုံးသူ အရေအတွက်မှာ ၆ သိန်း ၄ သောင်းကျော် အထိရှိကြောင်း အမေရိကန်ကျန်း မာရေးတာဝန်ရှိသူများက ဒီဇင်ဘာ ၁၃ ရက်တင် ပြောကြားလိုက်ပြီး ယင်းအရေအတွက်သည် ရာသီတုပ်ကွေးကြောင့် သေဆုံးသူအရေအတွက် ကနဦးအစီရင်ခံစာ ထက် ပိုမိုမြင့်တက်များပြားနေကြောင်း သိရသည်။ 

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

 

ငါးခု မြောက် စတော့အိတ်ချိန်းစာရင်းဝင်ဖြစ်လာသည့် ဆက်သွယ်ရေး အများပိုင်ကုမ္ပဏီ TMH Telecom Public ကုမ္ပဏီမှ ရှယ်ယာ အရေအတွက် ငါးသိန်းနီးပါးမှ ငါးသိန်းကျော်အကြားကို ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။ ရှယ်ယာဝယ်ယူလိုသူများအနေဖြင့် လျှောက်လွှာများကို ဒီဇင်ဘာ ၁၅ ရက်တွင်စတင်လက်ခံမည်ဖြစ်ပြီး ဇန်နဝါရီ ၃ ရက်တွင် လျှောက်လွှာပိတ်မည်ဖြစ်ကာ ရှယ်ယာဝယ်ယူခွင့်ရရှိသူများကို ဇန်နဝါရီ ၂၃ ရက်တွင်ကြေညာသွားမည်ဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်း Administration Department  မှ Executive Senior Manager  ဦးသက်ထွန်းဦးက ဒီဇင်ဘာ ၁၃ ရက်တွင် ပြောသည်။

သာပေါင်း၊ ဒီဇင်ဘာ ၁၃

သာပေါင်း မြို့နယ်တွင် သေဆုံးနေသော တောဆင်ရိုင်းအမတစ်ကောင်ကို တွေ့ရှိခဲ့ကြောင်း သာပေါင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဒီဇင်ဘာ ၁၃ ရက်ကသိရသည်။

မုံရွာ၊ ဒီဇင်ဘာ ၁၃

ယမန်နှစ်က လုပ်ကြံသတ်ဖြတ်ခံရသည့် Daily Eleven သတင်းစာမှ မုံရွာသတင်း ထောက် ကိုစိုးမိုးထွန်း၏ တစ်နှစ် ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို မုံရွာဂျာနယ်လစ်ကွန်ရက်မှဦးဆောင်၍ ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းတွင် ကန်သာယာကျောက်တိုင်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။ ကိုစိုးမိုးထွန်းအောက်မေ့ဖွယ်အခမ်းအနားသို့ ၎င်း၏မိသားစုဝင်များ၊ မုံရွာသတင်းထောက်များ၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ ဖိတ်ကြားထား သော လူမှုအဖွဲ့များနှင့် မုံရွာမြို့ခံ တို့တက်ရောက်၍ မီးထွန်းဆုတောင်း ခြင်းများ ပြုလုပ်ခဲ့သည်။

အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၁၃

တူရကီသမ္မတရီဆက်(ပ်) တေယပ်အာဒိုဂန်သည် ကမ္ဘာ့မူဆလင်နိုင်ငံများမှ ထိပ်တန်းခေါင်း ဆောင်များနှင့် ဒီဇင်ဘာ ၁၃ ရက်ကတွေ့ဆုံကာ ဂျေရုဆလင်မြို့ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်ကအသိအမှတ်ပြုခြင်းအပေါ် တုံ့ပြန်ဆောင်ရွက်နိုင်ရန် တိုက်တွန်းပြောဆိုလိုက်သည်ဟု သတင်းများအရသိရသည်။

Page 2 of 194