တစ်ခါတလေကျရင် ကိုယ် တိုင်မောင်းတယ်။ အလုပ်ရှုပ်နေရင် တော့ မမောင်းဘူး။ ကားမောင်း တော့မယ်ဆိုရင် ဆီ၊ ရေကို အမြဲ စစ်တယ်။ ကင်မရာ၊ Alarm တွေကို လည်း သေချာစစ်ဖြစ်ပါတယ်။ ရန် ကုန်မြို့မှာ ကားတွေကျပ်လာတယ် ဆိုတာက တဖြည်းဖြည်းတိုးတက် လာတာနဲ့အမျှ ကားတွေလည်း သွင်းလာကြတယ်။

နေပြည်တော်၊ ဒီဇင်ဘာ ၇

မြန်မာနိုင်ငံမူးယစ်ဆေးဝါး ပြဿနာစိန်ခေါ်မှုကို ချဉ်းကပ်မှု ပုံစံတစ်ခုတည်းဖြစ်အောင် ဆောင်ရွက်ခြင်းထက် နည်းလမ်းမျိုးစုံနှင့် ဖြေရှင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ဒီဇင်ဘာ ၇ ရက်က နေပြည်တော် Kempimski Hotel တွင် ကျင်းပသည့် ရှမ်းပြည်နယ်လွိုင်လင် ဟိုပုံးရွာငံမြို့ နယ်များမှ ဘိန်းအစားထိုး ကော်ဖီစိုက်တောင်သူ၊ Green Gold သမဝါယမအသင်းနှင့် ပြင်သစ်နိုင်ငံ Malogo  ကော်ဖီကုမ္ပဏီတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးပွဲ၌ ယင်းကဲ့သို့ပြောကြားခဲ့သည်။

ကျိုက်ထို၊ ဒီဇင်ဘာ ၇

 

မွန်ပြည် နယ် ကျိုက်ထိုမြို့နယ် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ရှိ ကေဘယ်ကားပြေးဆွဲရေးလုပ်ငန်းအတွက် ရွေးချယ်ခန့်ထားသော မီးသတ်နှင့် ကယ်ဆယ်ရေးဝန်ထမ်းများအား မီးငြှိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေး ဆိုင်ရာသင်တန်းပေးပြီး ဖွင့်ပွဲမတိုင် မီကာလ ဒေသခံရဟန်းသံဃာများနှင့် ဒေသခံပြည်သူများကို အခါအားလျော်စွာ အခမဲ့စီးနင်းခွင့်ပြု ထားကြောင်း သိရသည်။

ကားကို ကိုယ်တိုင်ပဲမောင်းပါ တယ်။ ကားမောင်းတော့မယ်ဆိုရင် ဆီ၊ ရေ၊ လေ၊ ဝိုင်နဲ့ တာယာကို အဓိကစစ်ဖြစ်တယ်။ အမြန်လမ်း သွားတိုင်း ကြောက်တယ်။ Express လည်း ဘယ်တော့မှ မစီးဘူး။ လေ ယာဉ်မစီးဖြစ်ရင် ကိုယ်တိုင် မောင်း တယ်။ ကိုယ်တိုင်မောင်းတော့ Safe ဖြစ်တယ်။ အမြန်လမ်းမှာမောင်းရင် ကီလို ၈ဝ နဲ့ ၁ဝဝ အတွင်းမှာပဲ မောင်းတယ်။ ကီလို ၁ဝဝ လုံးဝ မကျော်ဘူး။

နေပြည်တော်၊ ဒီဇင်ဘာ ၇

 

လူ့အခွင့်အရေးကောင်စီနှင့် အိုအိုင်စီ၏လုပ်ဆောင်ချက်များသည် လွန်လွန်းနေပြီလားဟု ပြည်ထောင်စုလွှတ်တော်ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌသူရဦးရွှေမန်းက မေးခွန်းထုတ်လိုက်သည်။ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ အထူးအစည်းအဝေးက အိုအိုင်စီမှတင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူ ကြမ်းအား မဲခွဲအတည်ပြုမှုနှင့်စပ်လျဉ်းပြီး သူရဦးရွှေမန်းက ဒီဇင်ဘာ ၆ ရက်က ¤င်း၏ဖေ့ဘွတ်ခ် စာမျက်နှာမှတစ်ဆင့် ယင်းသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၇

 

ပြည်ပသို့ တရားမဝင်ရွှေ့ပြောင်းလုပ်ကိုင်မှု အများဆုံးဖြစ်နေသည့် ချင်းပြည်နယ်တွင် အသိပညာပေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ရွှေ့ပြောင်းလုပ်သားများ ကူညီထောက်ပံ့ရေး ဗဟိုဌာနဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါရွှေ့ပြောင်းလုပ်သားများ ကူညီထောက်ပံ့ရေးဗဟိုဌာန(MRC)ရုံးကို ယခုလပထမအပတ်မှစ၍ အလုပ်သမားလူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် IOM တို့ ပူးပေါင်းဖွင့်လှစ် ပေးခဲ့ခြင်းဖြစ်သည်။

အလမ်ပူဂွန်ပူရ၊ ဒီဇင်ဘာ ၇ 

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဘီဟာပြည်နယ်မှ လက်လုပ်လက်စား ဆင်းရဲသားများသည် နေ့စားအလုပ်မရရှိသော နေ့များတွင် ကြွက်များကိုဖမ်းပြီး ကင်စားကာ အသက်ဆက်နေရသည်ဟု ဒီဇင်ဘာ ၇ ရက် AFP သတင်းကဆိုသည်။  ဘီဟာပြည်နယ်တွင် ''ကြွက်သားစားသူများ''ဟု အခေါ် ခံရသော မူဆဟာမျိုးနွယ် နှစ်သန်းခွဲခန့်ရှိသည်။ ဇာတ်နိမ့်များ ဖြစ်သော ဒါလစ်များက ၎င်းတို့ကို အထင်သေး ရွံရှာကြသည်။

ဒီတစ်ပတ် 8days ရဲ့ Cover Star အဖြစ်ရွေးချယ်ထားတဲ့ သူက တော့ အသက်အရွယ်နဲ့ မလိုက် အောင် သွက်လက်လှပနေတဲ့ မော် ဒယ်လ်သန္တာလှိုင်ပဲဖြစ်ပါတယ်။ ဝတ် စုံကိုလည်း မြန်မာမှုကိုအခြေခံပြီး ခေတ်ပေါ်ဒီဇိုင်းနဲ့ ဝတ်ဆင်လို့ရ မယ့် ပုံစံမျိုးလေး ဆင်ယင်ပေးထား တာဖြစ်ပါတယ်။

ဝါရှင်တန်၊ ဒီဇင်ဘာ ၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အငြင်းပွားမြို့ တော် ဂျေရုဆလင်မြို့အား အစ္စရေးနိုင်ငံ၏မြို့တော်အဖြစ် ဒီဇင်ဘာ ၆ ရက်က အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြောဆို လိုက်သည်။ နိုင်ငံတကာအသိုင်းအဝိုင်းမှလည်း ထရန့်၏ ယင်းကြေ ညာချက်ကြောင့် အရှေ့အလယ်ပိုင်းတွင် တင်းမာမှု၊ အကြမ်း ဖက်တိုက်ခိုက်မှုများ တိုးမြင့်လာမည်ကို စိုးရိမ်ပူပန်နေကြသည်။ ပါလက်စတိုင်းနှင့် အစ္စရေး နှစ်နိုင်ငံစလုံးကပင် မိမိတို့ပိုင် ဘာသာရေးအထွတ်အမြတ်မြို့အဖြစ် သတ်မှတ်တောင်းဆို အငြင်းပွားနေပြီး အမေရိကန် အစိုးရအဆက်ဆက်က နှစ်ပေါင်း ၇ဝ ခန့်ကြာအောင် လက်ရှောင်နေမှုများကို သမ္မတဒေါ်နယ် ထရန့်က အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းဖြစ်သည်။ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခအားဖြေရှင်းနိုင်ရန် အမေရိကန် သမ္မတက ချဉ်းကပ်မှုအသစ် ပြုလုပ်လိုက်ခြင်းဖြစ်သည်။

ဝါရှင်တန်၊ ဒီဇင်ဘာ ၇

ကမ္ဘောဒီးယားအစိုးရက ဒီမိုကရေစီကိုပျက်ပြားစေသဖြင့် အ မေရိကန်နိုင်ငံသို့ ကမ္ဘောဒီးယား များဝင်ရောက်ခွင့်ကို တားမြစ်လိုက် ကြောင်း၊ ထို့အပြင် အတိုက်အခံများအား နှိမ်နင်းမှုများကိုလည်း ရပ်ဆိုင်းရန် အမေရိကန်အစိုးရက တောင်းဆိုလိုက်သည်။ ကမ္ဘောဒီးယားတရားရုံးချုပ် အား သဘောထားတင်းမာသူ ဝန်ကြီးချုပ်ဟွန်ဆန်ကထိန်းချုပ်ထား ကြောင်း၊ အတိုက်အခံကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါ တီ(CNRP)ကို ယခင်လက တရားမဝင်ဟု ကြေညာခဲ့ပြီး ပါတီဝင် ၁ဝဝ ကျော်ကိုလည်း နိုင်ငံရေး လုပ်ခွင့်မှတားမြစ်ခဲ့ကြောင်း၊ ထို့အပြင် CNRP ပါတီအား အစိုးရကိုဖြုတ်ချရန် လျှို့ဝှက်ကြံစည်မှုဖြင့် စွပ်စွဲထားခဲ့သည်။

Page 12 of 189