ဒါရိုက်တာ - တိုမတ်စ်အယ်လ်ဖရတ်ဆန်
ဇာတ်ညွှန်း - ပီတာစတာ့ဟန်၊ ဟူစိန်အာမီနီ
သရုပ်ဆောင် - မိုက်ကယ်ဖက်စ်ဘန်ဒါ၊ ရေဗက္ကာဖာဂူဆန်၊ ချာလော့တီဂိန်းစ်ဘော့ဂ်
ပြသချိန် - ၁၁၉ မိနစ်
နိုင်ငံ - အမေရိကန်

 

ရန်ကုန်၊ အောက်တိုဘာ ၂ဝ

 

နိုင်ငံတော်ဘတ်ဂျက်ဖြင့် စာသင်ကျောင်းများဆောက်လုပ်ရာတွင် အရည်အသွေးမီမမီကို လွှတ်တော်ကိုယ်စားလှယ်များ ထဲထဲဝင်ဝင်စောင့်ကြပ် ကြည့်ရှုရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကပြောသည်။ အောက်တိုဘာ ၂ဝ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်နောင်က လဟယ်မြို့ နယ်ရှိ ကျေးရွာရှစ်ရွာတွင် စာသင် ကျောင်းအဆောင်များ အဆင့်မြှင့် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှုအပေါ် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြန်လည် ဖြေကြားမှုအပြီး ယင်းသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

 

ရန်ကုန်၊ အောက်တိုဘာ ၂ဝ

 

ဦးကိုနီလုပ်ကြံခံရခြင်းအမှုနှင့်ပတ်သက်၍ စွပ်စွဲခံကိုဇေယျာဖြိုး၏ဇနီး အိပ်ခန်းသို့ဝင်ရောက်ရှာဖွေစဉ် သိမ်းဆည်းသွားသည့် ငွေကျပ်သိန်း ၅ဝ ကိုရှာဖွေပုံစံတွင် ထည့်သွင်းထားခြင်းမရှိကြောင်းသိရသည်။ ရဲတပ်ဖွဲ့မှ ဇေယျာဖြိုး၏ဇနီး အိပ်ခန်းသို့ဝင်ရောက်ရှာဖွေရာတွင် တစ်သောင်းတန်ငွေစက္ကူထုပ်ငါး ထုပ် စုစုပေါင်းငွေကျပ်သိန်း ၅ဝ ကို သိမ်းဆည်းသွားသော်လည်း ရှာဖွေပုံစံတွင်ရေးသွင်းထားခြင်း မရှိဟု စွပ်စွဲခံရှေ့နေဘက်မှ စွပ်စွဲချက်ပေါ်ထွက်လာကြောင်း ဦးကိုနီဘက်မှလိုက်ပါဆောင်ရွက်ပေး နေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။

 

ရန်ကုန်၊ အောက်တိုဘာ ၂ဝ

 

ရခိုင် ပြည်နယ်မြောက်ပိုင်းတွင် လုပ်သားအခက်အခဲ ဖြစ်ပေါ်နေခြင်း ကြောင့် စပါးစိုက်ခင်းများကို စက်များဖြင့် ရိတ်သိမ်းပေးရန် အစိုးရကစီစဉ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။ အောက်တိုဘာ ၂ဝ ရက်က အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းရှိ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ရုံးခန်းမ၌ကျင်းပသည့် မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုး ရေး အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် (AFFM)  တတိယအကြိမ် ညီလာခံသို့ တက်ရောက်စဉ် မီဒီယာများသို့ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဝန်ကြီးအဖြစ်ပါ တာဝန်ယူထားသည့် ဦးဇော်အေးမောင် က အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

 

International Political 

 

ဘန်ကောက်၊ အောက်တိုဘာ ၁၉

ထိုင်းနှင့်အမေရိကန်တို့သည် နောက်ထပ် ကိုဘရာဂိုးလ်း စစ်ရေး လေ့ကျင့်မှုကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ဤလေ့ကျင့်ခန်းမှာ အာရှပစိဖိတ်ဒေသတွင် နိုင်ငံစုံပါဝင်သည့် အကြီးဆုံးနှစ်ပတ်လည် စစ်ရေးလေ့ကျင့်ခန်းဖြစ်ကြောင်း၊ နောင်နှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၃ ရက်အထိပြုလုပ်မည်ဖြစ် ကြောင်း၊ ပါဝင်သည့်နိုင်ငံများမှ စစ်သား ၁၂ဝဝဝ ကျော် ပါဝင်မည် ဖြစ်ကြောင်း ထိုင်းတော်ဝင်တပ်မ တော် (RTAF) စစ်ဌာနချုပ်က ပြော ကြားလိုက်သည်။

 

 

ရန်ကုန်၊ အောက်တိုဘာ ၁၉

 

တေး သံရှင်မာရဇ္ဇ၏ ဂီတသက်တမ်း(၂၅) နှစ်ပြည့်အထိမ်းအမှတ်နှင့် အသက် ၅ဝ ပြည့်မွေးနေ့အဖြစ် ပြုလုပ်မည့် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို mntv  ချန်နယ်တွင် တိုက်ရိုက်ထုတ် လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တေးသံရှင်မာရဇ္ဇ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အောက်တိုဘာ ၂ဝ ရက်တွင် ရန် ကုန်မြို့ရှိ ကန်တော်ကြီးမျှော်စင် ကျွန်းတွင်ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

 

ဒါရိုက်တာ - လီဝန်းထယ်
သရုပ်ဆောင် - ဂျိုဂျင်ဝန်း၊ ဆောင်းဆန်ဟွန်း၊ ဂျောင်မင်ဆော့၊   ဂျောင်းဂျင်ယောင်
ပြသချိန် - ၁၁၅ မိနစ်
နိုင်ငံ - တောင်ကိုရီးယား

 

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၁၉

 

မင်းသားကြီး မော်ဂန်ဖရီးမန်းသည် ၆၅ ဦး မြောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ကောလင်းပါဝဲလ်၏ ဘဝအတ္ထုပ္ပတ္တိကို ရိုက်ကူးမည့် 'Powell' ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း Variety Online အွန်လိုင်းမီဒီယာတွင် ဖော်ပြထားသည်။  မကြာမီပြသတော့မည့်ရုပ်ရှင်တွင် ဝန်ကြီး ဟောင်း ကောလင်းပါဝဲလ်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဖော်ထုတ်ပြီး နျူကလီးယားလက်နက်များဖန်တီးနေသည်ဟုဆိုကာ အီရတ်အာဏာရှင် ဆက်ဒမ်ဟူစိန်ကို ဖယ်ရှားရန် ၂ဝဝ၃ ခုနှစ်တွင် ကုလသမဂ္ဂ၌ မိန့်ခွန်းပြောကြားခဲ့ပုံကို ဇာတ်အိမ်တည်ထားမည်ဖြစ်သည်။

 

International Political 

 

ဘန်ကောက်၊ အောက်တိုဘာ ၁၉

 

ထိုင်းနှင့် အမေရိကန်တို့သည် နောက်ထပ်ကိုဘရာဂိုးလ်း စစ်ရေး လေ့ကျင့်မှုကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ဤလေ့ကျင့်ခန်းမှာ အာရှပစိဖိတ်ဒေသတွင် နိုင်ငံစုံပါ ဝင်သည့် အကြီးဆုံးနှစ်ပတ်လည် စစ်ရေးလေ့ကျင့်ခန်းဖြစ်ကြောင်း၊ နောင်နှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၃ ရက်အထိပြုလုပ်မည်ဖြစ် ကြောင်း၊ ပါဝင်သည့်နိုင်ငံများမှ စစ်သား ၁၂ဝဝဝ ကျော် ပါဝင်မည် ဖြစ်ကြောင်း ထိုင်းတော်ဝင်တပ်မ တော် (RTAF)  စစ်ဌာနချုပ်က ပြော ကြားလိုက်သည်။

 

 

ရန်ကုန်၊ အောက်တိုဘာ ၁၉

 

မြန်မာ-ထိုင်းနှစ်နိုင်ငံတို့မှ ဂက်စ်ကုမ္ပဏီနှစ်ခုပူးပေါင်းပြီး ဂက်စ်များထုတ်လုပ်မည့်စက်ရုံတစ်ရုံကို တောင်ဒဂုံမြို့နယ်ရှိ ကျန်စစ်သား ရိပ်မွန်စက်မှုဇုန်တွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ Yangon Industrial Gas ကုမ္ပဏီနှင့် ထိုင်းနိုင်ငံဘန်ကောက်မှ Bangkok Industrial Gas ကုမ္ပဏီတို့ပူးပေါင်းကာ နိုက်ထရို ဂျင်၊အောက်ဆီဂျင်၊ အာဂွန်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်စသော ဂက်စ်များထုတ်လုပ်သွားမည်ဖြစ် ကြောင်း အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက အဆိုပါစက်ရုံတည် ရှိရာနေရာတွင်ပြုလုပ်သည့် စာနယ်ဇင်းမိတ်ဆက်ရှင်းလင်းပွဲမှ သိရသည်။

 

Page 3 of 65