ရန်ကုန် ၊ နိုဝင်ဘာ ၂၇

 

ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပမည့် ၉ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေသိန်းဆု ဖွင့်ပွဲတွင် ဆုမဲပေါင်း ၁၂၃,၂၀၆ ဆုအတွက် ငွေကျပ် ၁၁ ဘီလျံကျော် ဆုကြေးငွေများ ချီးမြှင့်မည် ဖြစ်ကြောင်း အောင်ဘာလေသိန်းဆု ဌာနခွဲ၏ ထုတ်ပြန်မှုအရ သိရသည်။

International Political

 

ဟရာရီ၊ နိုဝင်ဘာ ၂၅


ရောဘတ်မူဂါဘီကို သမ္မတ ရာထူးမှပြုတ်ကျစေခဲ့သော စစ်တပ်၏တိုင်းပြည်ကိုထိန်းချုပ်ခဲ့မှုလုပ်ရပ်မှာ တရားဝင်သည်ဟု ဇင်ဘာဘွေ တရားရုံးချုပ်တစ်ခုက နိုဝင်ဘာ ၂၅ ရက်တွင်စီရင်ချက်ချခဲ့ရာ အစိုးရသစ်လက်ထက်တွင် တရားရေးဌာန၏လွတ်လပ်မှုအပေါ် စိုးရိမ်မှုများ ပေါ်ပေါက်လာစေခဲ့သည်။ စစ်တပ်အကြီးအကဲများသည် မြို့တော်ဟရာရီရှိလမ်းများတွင် စစ်ကားများနေရာချထားပြီး မူဂါဘီ(၉၃)နှစ်ကို နေအိမ်အကျယ်ချုပ်ချခဲ့သည်။ ထို့ကြောင့် မူဂါဘီသည် ရာထူးမှဆင်းပေးခဲ့ရသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၅

 

ရွှေပြည် သာမြို့နယ်အတွင်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ ၁၇ ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။ ရွှေပြည်သာမြို့နယ်တွင် ကျေးရွာအုပ်စုလေးခုနှင့်ရပ်ကွက်ပေါင်း ၂၂ ခုရှိပြီး နိုဝင်ဘာ ၂၄ ရက် အထိ ကြီးကြပ်ရေးအဖွဲ့ ၁၇ ဖွဲ့ဖွဲ့စည်းပြီး ဖြစ်သည့်အတွက် နောက်ထပ်ကိုးဖွဲ့ဖွဲ့ရန်ကျန်ရှိနေသေးသည်။

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက မိမိအနေဖြင့် ယမန်နှစ်ရာသီက ဥရောပလိဂ်ပြိုင်ပွဲများတွင် ဂိုးအများဆုံးသွင်းယူနိုင် ခဲ့သဖြင့် ဥရောပရွှေဖိနပ်ဆုကိုရခဲ့ခြင်းမှာ အသင်းဖော်များကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မက်ဆီသည် ယမန်နှစ်ရာသီက လာလီဂါပြိုင်ပွဲတွင် ၃၇ ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ဘတ်စ်ဒေါ့ (စပို့တင်း၊ ၃၄ဂိုး)၊ အူဘာမီယန် (ဒေါ့မန်၊ ၃၁ဂိုး)တို့ကို ကျော်လွန်ကာ ဥရောပရွှေဖိနပ်ဆုကို လေးကြိမ် မြောက်ဆွတ်ခူးခဲ့ခြင်းဖြစ်ပြီး ပြိုင်ဘက် စီရော်နယ်ဒို၏စံချိန်နှင့် တူညီခဲ့သည်။ မက်ဆီသည် ယင်းဆုကို ယခင်က ၂ဝ၁ဝ၊ ၂ဝ၁၂ နှင့် ၂ဝ၁၃ ခုနှစ်များတွင်လည်းရရှိခဲ့ဖူးပြီး ၂ဝဝ၈၊ ၂ဝ၁၁၊ ၂ဝ၁၄နှင့် ၂ဝ၁၅ ခုနှစ်များတွင် လေးကြိမ်တိုင်ရရှိခဲ့ဖူးသော စီရော်နယ်ဒိုနှင့် စံချိန်တူဖြစ်ခဲ့ခြင်း ဖြစ်သည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အဝေးကွင်းတွင်ရင်ဆိုင်ရမည့် ဟတ်ဒါဖီးလ်မှာ အိမ်ကွင်းမာသည့်အတွက် မိမိတို့အသင်းအနေဖြင့် ရလဒ်ကောင်းများအပေါ် ကျေနပ် အားရခြင်းမရှိဘဲ အလေးထားကစားရန်လိုကြောင်း သတိပေး ပြောကြားခဲ့သည်။

ရန်ကုန်၊ နိုဝင်ဘာ၂၅

 

လုံခြုံရေး အခြေအနေအကြောင်းပြချက်ဖြင့် ပွဲရွှေ့ဆိုင်းခဲ့သည့် ကာဂျစ္စတန်-မြန်မာပွဲစဉ်ကို ကြားကွင်းတွင် ကစားရန် အာရှဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲကျင်းပရေးကော်မတီက ဆုံး ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှသိရသည်။ ကာဂျစ္စတန်-မြန်မာပွဲစဉ်ကို အာရှဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲကျင်းပရေးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ၂ဝ၁၈ ခုနှစ် မတ် ၂၂ ရက်တွင် ကြားနိုင်ငံတစ် နိုင်ငံတွင် ပြန်လည်ယှဉ်ပြိုင်ကစားကြရမည်ဖြစ်သည်။ အဆိုပါ ပြန် ကန်ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အသင်း၏ပြိုင်ပွဲအတွက် ကုန်ကျစရိတ်အားလုံးနှင့် ပြိုင်ပွဲကျင်းပ ရန် ကုန်ကျစရိတ်များကို ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ်မှ ကျခံရမည် ဖြစ်သည်။

မြဝတီ၊ နိုဝင်ဘာ ၂၅

 

ကရင် ပြည်နယ် မြဝတီ-ကော့ကရိတ်အမြန်လမ်းမကြီးတွင် ခရီးသည်တင်မှန်လုံယာဉ်မှ ရပ်ထားသော ၁၂ ဘီးယာဉ်အား တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်တွေ၊ နိုဝင်ဘာ ၂၅

 

အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မောင်တောဒေသ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရန်အတွက် နိုဝင်ဘာ ၂၄ ရက်အထိ အလှူငွေကျပ် သိန်းပေါင်း ခြောက်ထောင်ကျော် ရရှိပြီးဖြစ်ကြောင်း၊ အဆိုပါအလှူငွေများကို သီးသန့်လှူဒါန်းထားရှိကြောင်း ပြည်နယ်အစိုးရထံမှသိရသည်။ " လောလောဆယ်တော့ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ကျပ်သိန်းခြောက်ထောင်ကျော် ရရှိထားပါပြီ။ ဒီငွေတွေကို မောင် တောဒေသမှာ လူသားချင်းစာနာမှု၊ ပြန် လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲသွားမှာဖြစ်ပါတယ် " ဟု ရခိုင် ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းအောင်က နိုဝင်ဘာ ၂၄ရက်တွင် ပြောသည်။

တာချီလိတ် နိုဝင်ဘာ ၂၅
 
ရှမ်း ပြည်နယ်(အရှေ့ပိုင်း)တာချီလိတ် မြို့၊ ရန်အောင်မြေရပ်ကွက်၊ ဟုမ်း မတ်လမ်း၌ လက်နက်ခဲယမ်းများနှင့် အတူ ငွေကျပ်သိန်းပေါင်း ၁၆၀၇ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ ကြောင်း မူးယစ်တပ်ဖွဲ့စုမှ သိရသည်။

ကလေး၊ နိုဝင်ဘာ ၂၅

 

ချင်းတွင်း မြစ်အထက်ပိုင်း ကလေးဝ၊ ဟုမ္မလင်း၊ ခန္တီးပြေးဆွဲသည့် ကုန်တင်၊ ခရီးသည်တင် ရေယာဉ်များ၊ ယခုပွင့်လင်းရာ သီမှအစပြု၍ ကုန်၊ ခရီးသည်ရရှိမှု နည်းပါးနေသည့်အတွက် နေ့စဉ်ပြေးဆွဲသည့် လိုင်းရေယာဉ်များတွက်ခြေ မကိုက်ဖြစ်နေကြောင်း မုံရွာ-ဟုမ္မလင်း အမြန်ရေယာဉ်မှ ကိုယ်စားလှယ် ဦးအောင်ဝင်းကပြောသည်။

 

Page 38 of 189