လော့စ်အင်ဂျလိစ် နိုဝင်ဘာ ၂၅


အဆိုတော် မရိုင်ယာကာရေးသည် ၄င်း၏ 'All I Want For Christmas Is you World Tour' အမည်ရှိ ကမ္ဘာလှည့် ဖျော်ဖြေပွဲ ၃ ခုကို အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါကြောင့် အချိန်ပိုမိုအနားယူရန် အတွက်ဟုဆိုကာ ဖျက်သိမ်းလိုက်ကြောင်းသိရသည်။ အသက် ၄၈ နှစ်အရွယ် အဆိုတော် မရိုင်ယာသည် ယင်းရောဂါကြောင့် မကြာမီပြုလုပ်မည့် ဖျော်ဖြေပွဲအချို့ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် ကြေညာထားပြီး ဆရာဝန်များက ရက်အနည်းငယ် ပိုမိုအနားယူရန်လိုအပ်သည်ဟု အကြံပေးသည့်အတွက် ဖျော်ဖြေပွဲအချို့ကို ဖျက်သိမ်းလိုက်ကြောင်း ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အတည်ပြု ကြေညာလိုက်ခြင်း ဖြစ်သည်။

လော့စ်အင်ဂျလိစ် နိုဝင်ဘာ ၂၅

 

အဆိုတော်၊ သရုပ်ဆောင် ဂျေဒန်စမစ်သည် ၄င်း၏ အယ်လ်ဘမ်အသစ် 'SYRE' ကိုအခြေခံထားသော ရုပ်ရှင်တစ်ခုကို ရိုက်ကူးမည်ဖြစ်ပြီး ရုပ်ရှင်ရိုက်ကူးရေးတွင် ရက်ပ်စာသားများ ပါဝင်မည်မဟုတ်ကြောင်းသိရသည်။ နာမည်ကျော် ဟောလိဝုဒ်သရုပ်ဆောင် ဝီလ်စမစ်၏ ၁၉ နှစ်အရွယ်သားဖြစ်သူ ဂျေဒန်သည် မကြာသေးမီကပင် ယင်းအယ်လ်ဘမ်ကို ဖြန့်ချိခဲ့ပြီးအမျိုးသားတစ်ဦးအဖြစ် ရောက်ရှိလာခဲ့သည့် ယောကျာ်းလေး တစ်ဦး၏ ခရီးလမ်းအကြောင်းကို ပုံဖော်ရိုက်ကူးမည့် ရုပ်ရှင်အား လက်ရှိတွင် ရိုက်ကူးလျက်ရှိနေသည်ဟုဆိုသည်။

ရန်ကုန်၊ နိုဝင်ဘာ၂၅
 
ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ခရီးစဉ်အတွင်း ရန်ကုန်၌ ယာဉ်ထိန်းရဲအင်အား ၂၈၀ ဖြင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှသိရသည်။ မြန်မာအစိုးရ၏ဖိတ်ကြားမှုအရ ပုပ်ရဟန်းမင်းကြီးသည် မြန်မာနိုင်ငံ သို့ နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်ထိ လေးရက်ကြာ လာရောက်မည် ဖြစ်ပြီး ရန်ကုန်လေဆိပ်မှစ၍ ရန်ကုန်တွင် ၎င်းင်းတက်ရောက်မည့် အခမ်းအနားတစ်လျှောက် ယာဉ်ထိန်းအင်အား စုစုပေါင်း ဦးရေ ၂၈၀ ကိုနေရာ ချ၍ ယာဉ်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ကို ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း အမှတ်(၂)ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၅ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။

မအူပင်၊ နိုဝင်ဘာ၂၅

 

မအူပင်မြို့ နယ်တွင် ငါးကန်သမားချင်းစကားများရန်ဖြစ်ရာမှ နှစ်လောင်းပြိုင် ခေါင်းပြတ်သွားမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ မအူပင်မြို့နယ် တလုပ်လပ်အနောက်ကျေးရွာ အုပ်စု လေးမိုင်ရွာအတွင်း ငါးကန်ပေါင်တွင် နိုဝင်ဘာ ၂၄ ရက် ည ၈ နာရီ ခန့်က ကန်ပိုင်ရှင် ကိုကျော်လင်း၏ ငါးကန်စောင့် အလုပ်သမားနှစ် ဦးနှင့် တစ်ဖက်ငါး ကန်ပိုင်ရှင် ကိုစိမ်းညိုတို့စကားများကြကြောင်း၊ ကိုစိမ်းညိုက ကိုင်းခုတ်ဓားဖြင့်ခုတ်ရာ တဖက်ငါးကန်မှကန်အစောင့်များဖြစ် ကြသော ကိုမောင်ထူး (၄၃နှစ်)နှင့် ကိုလင်းလင်းထွဋ် (၃၅နှစ်)တို့နှစ်ဦး ဦးခေါင်းပြတ်ကာ သေဆုံးသွားကြ ခြင်းဖြစ်ကြောင်း၊ ယင်းနောက်သေဆုံးသူများ၏ ခန္ဓာကိုယ်အား ရွှံ့နွံ့ထဲတွင်ထားခဲ့ပြီး ဦးခေါင်းနှစ်လုံးအား ဆာလာအိတ်ဖြင့်ထုပ်ကာ ပေ ၃၀၀ ခန့်ကွာဝေးသည့်နေရာ၌ ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၅

 

ပုပ်ရဟန်းမင်း ကြီးဖရန့်စစ်ခရီးစဉ်အတွင်း ကျိုက္ကဆံကွင်း တွင်ကျင်းပမည့် ၀တ်ပြုဆုတောင်းခြင်း အခမ်းအနားသို့ ကက်သလစ်ဘာသာဝင် တစ်သိန်းခွဲဝန်းကျင် တက်ရောက်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။ ပုပ်ရဟန်းမင်းကြီးခရီးစဉ်အတွင်း နိုဝင်ဘာ ၂၉ ရက် နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်း၌ ကက်သလစ်ဘာသာဝင်များနှင့်တွေ့ ဆုံကာ ၀တ် ပြုဆုတောင်းခြင်း အခမ်းအနားကျင်းပရန် စီစဉ်ထားရာ ကက်သလစ်ဘာသာဝင်တစ် သိန်းကျော် စာရင်းပေးသွင်းထားပြီးဖြစ် ကြောင်း၊ ကြိုတင်စာရင်းပေးသွင်းထားသူများကိုသာ တက်ရောက်ခွင့်ပြုမည်ဖြစ် ကြောင်း သိရသည်။

မော်လမြိုင်၊ နိုဝင်ဘာ ၂၄

 

မွန် ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဃမေန ပြညောမေ နွေးထွေးသောရင်ခွင်အဖွဲ့နှင့် မော်လမြိုင်မြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ြှွုဥယြွဥ အဖွဲ့များပူးပေါင်း၍ ၂ဝ၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက် ရေးနေ့အထိမ်းအမှတ် လူထုလှုပ်ရှားမှု ကမ်ပိန်းကို နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းမှစ၍ မော်လမြိုင်မြို့ လှိုင်ရပ်ကွက်မှစတင်ပြုလုပ် ကြောင်း သိရသည်။

ကလေး၊ နိုဝင်ဘာ ၂၄

 

ချင်းပြည်နယ်တွင် အဓိကဆက်သွယ်ရေး လမ်းကြောဖြစ်သည့် ကလေး-ဖလမ်း-ဟားခါးကားလမ်းမကြီးအား ကမ္ဘာ့ဘဏ်ချေးငွေအမေရိ ကန်ဒေါ်လာ သန်း ၆ဝ ဖြင့် ကတ္တရာ ခင်းရန်ရှိသော်လည်း ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူက လမ်းဖောက်လုပ်မှုကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဖြစ်ပွားနိုင်ကြောင်းအကြောင်း ပြချက်ဖြင့် ကမ္ဘာ့ဗဟိုဘဏ်သို့အစီ ရင်ခံတင်ပြခဲ့သော်လည်း ယခုအခါ ချေးငွေရပ်ဆိုင်းမှုမရှိဘဲ ပြန်လည်ထုတ်ယူရရှိတော့မည်ဖြစ်ကြောင်း ချင်းပြည်နယ်လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးရွှေထီးယိုက နိုဝင်ဘာ ၂၃ ရက်တွင်ပြောကြားသည်။

ဖြူး၊ နိုဝင်ဘာ ၂၄

 

ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ဇေယျဝတီ မြို့ မြို့မ(၁)ဒီမိုရပ်ကွက် ရန်ကုန်- မန္တလေးကားလမ်းဟောင်းပေါ်တွင် နိုဝင်ဘာ ၂၃ရက် ညနေ ၃နာရီ ခန့်က အက်စစ်ပုံးများ တင်ဆောင်ထားသည့် ၂၂ဘီးယာဉ် တစ်စီးပေါ်မှ အက်စစ်ပုံးများ ပြုတ်ကျခဲ့ပြီး ကွဲပေါက်ကာ အက်စစ်များ လမ်းပေါ်သို့ ဖိတ်စဉ်ကျခဲ့ကြောင်း သိရသည်။

အေစီတိုက်စစ်မှူးဟောင်း ရော်ဘင်ဟိုသည် ၂ဝ၁၃ ခုနှစ်က အဲလ်ဘေးနီးယားအမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့်မှုဖြင့် အခြား လူငါးဦးနှင့်အတူ ထောင်ဒဏ်ကိုးနှစ်ကျခံရန် ချမှတ်ခြင်းခံခဲ့ရသည်။

ဘိုင်ယန်တောင်ပံကစားသမား ရော်ဘင်က အသင်းနှင့်စာချုပ်ကုန်ဆုံးမည့် ယခုနှစ်ရာသီကုန်တွင် ဘောလုံးကစားခြင်းမှအနားယူဖွယ်ရှိကြောင်း အရိပ်အြ>ွမက်ပြော ကြားခဲ့သည်။ နယ်သာလန်အသင်းက ကမ္ဘာ့ ဖလားခြေစစ်ပွဲမအောင်မြင်ခဲ့သည့် နောက် ရော်ဘင်မှာ လက်ရွေးစင် အသင်းမှအနားယူခဲ့ပြီး အသက် (၃၃)နှစ်အရွယ်တွင် ဘိုင်ယန်၏ အဓိက, ကစားသမားဖြစ်နေဆဲဖြစ် သော်လည်း ရာသီကုန်တွင်အနားယူဖွယ်ရှိကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။

Page 40 of 189