ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့ နယ် ကမာကြည်တံတားအဆင်းရှိ ကိုရီးယားနိုင်ငံသားပိုင် YPL အထည်ချုပ်စက်ရုံမီးလောင်မှုဖြစ်ပွားခဲ့ရာ ကျပ်သိန်းပေါင်း ၇ဝဝဝ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁

 

မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်ခြောက် မြို့နယ်မှ အများပြည်သူနှင့်သက်ဆိုင်သော ဧကအကျယ်မြေကွက်များနှင့် ပလပ်မြေ ၁၃၅ ကွက်ကို ဂရန်များပယ်ဖျက်ပြီး အစိုးရပိုင်မြေ အဖြစ်ပြန်လည်သိမ်းယူခဲ့ကြောင်းသိရသည်။ ယခင်အစိုးရနှင့် လက်ရှိအစိုးရအကူးအပြောင်းကာလတွင် လူပုဂ္ဂိုလ်အမည်များဖြင့်ချ ထားပေးခဲ့သော မန္တလေးတိုင်း ဒေသကြီး မြို့နယ်ခြောက်မြို့နယ်မှ အများပြည်သူနှင့်သက်ဆိုင်သော ဧကအကျယ်မြေကွက်များနှင့် ပလပ်မြေ ၁၃၅ ကွက်ကို ဂရန်များပယ်ဖျက်ပြီး အစိုးရစီမံခန့်ခွဲပိုင်ခွင့် မြေ(အစိုးရမြေ)အဖြစ် ပြန်လည်သိမ်းယူခဲ့ကြောင်း ဒီဇင်ဘာ ၁၂ ရက်တွင်ကျင်းပသော မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှ သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

 

ရန်ကုန်မြို့ ရေရရှိရေးအတွက် တွံတေးတူး မြောင်းမှရေကို မြို့သုံးရေအဖြစ် စုပ်ယူပို့ဆောင်ပေးခြင်းအပါအဝင် စီမံကိန်းများကိုဖော်ဆောင်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က ဆီဒိုနားဟိုတယ်၌ကျင်းပ ပြုလုပ်သည့် တတိယအကြိမ် မြောက် အာရှ-ပစိဖိတ်ညီလာခံအဖွင့်မိန့်ခွန်းတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မိုဂါဒစ်ရှူး၊ ဒီဇင်ဘာ ၁၂

ဆိုမာလီနိုင်ငံ ရုပ်မြင်သံကြား Kalsan TV  မှ သတင်းထောက် မိုဟာမက်အီဘရာဟင်ဂါဗိုးသည် အလုပ်မှခွင့်ခံစားကာ ကလေးများနှင့်အတူ အနားယူအပန်းဖြေနေစဉ် ဒီဇင်ဘာ ၁၁ ရက်က ၎င်းစီးလာသော ကားထိုင်ခုံအောက်တွင် အမည်မသိ အကြမ်းဖက်သမားများက ဗုံးထောင်ဖောက်ခွဲခံရ၍ သေဆုံးသွားသည်ဟု ဒီဇင်ဘာ ၁၂ ရက်သတင်းများအရသိရှိရ သည်။ ကံအားလျော်စွာ ကလေးများမူ လွတ်ကင်းသွားခဲ့ရသည်။

မနီလာ၊ ဒီဇင်ဘာ ၁၂

ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်မှ ဒေါ်လာ ၈၁ သန်းခိုးယူခံရမှုသည် မိမိတို့နှင့် မသက်ဆိုင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရ ဘဏ္ဍာရေးအာဏာပိုင်များသည် ၎င်းတို့၏နမော်နမဲ့နိုင်မှုများကို ဖုံးကွယ်ကာမိမိတို့ကို အပြစ်တင်ပုံချနေကြောင်း ဖိလစ်ပိုင် RCBC  ဘဏ်ကတုံ့ပြန် ပြောကြားသည်ဟု ဒီဇင်ဘာ ၁၂ ရက်ရိုက်တာသတင်းက ဆိုသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

 

တောင်ဥက္ကလာပမြို့နယ်အတွင်း တည်ဆောက်ဆဲ ဓာတ်ဆီဆိုင်တစ်ဆိုင်ကို ဖွင့်ခွင့်မပြုရန် လူအင်အား ၁ဝဝ ဝန်းကျင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် (၅)ရပ်ကွက်နေ ပြည်သူ ၁ဝဝခန့်သည် ယင်းရပ်ကွက် ပါရမီလမ်းပေါ်တွင် ဖွင့်လှစ်မည့် City Energy  ဓာတ်ဆီဆိုင်ပိတ်သိမ်း ရေးအတွက် ဒီဇင်ဘာ၁၂ရက် နံနက် ၈နာရီမှစတင်ကာ တကောင်း ၁ဝ လမ်းထိပ်စုရပ်မှလူစုပြီး ဆန္ဒထုတ် ဖော်ခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

အစိုးရ၏စီးပွားရေးဆိုင်ရာမူဝါဒများရှင်းလင်း ပြတ်သားမှုမရှိခြင်းကြောင့် မြန်မာ နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ စီးပွားရေးဆိုင်ရာယုံကြည်မှု ၄၉ ရာခိုင်နှုန်းသို့ သိသိသာသာ ကျဆင်းသွားကြောင်း ရိုလင်ဘာဂါ(Roland Berger)၏ ၂ဝ၁၇ မြန်မာ့ စီးပွားရေးလုပ်ငန်းစစ်တမ်းတွင် ဖော် ပြထားကြောင်း သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

 

စာပေညီလာခံ ၂ဝ၁၇ မှတစ်ဆင့် မြန်မာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပေးမည့်လုပ်ငန်းလမ်းညွှန်များ၊ အစီအစဉ်ကောင်းများကိုချမှတ်နိုင်ကြလိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က စာပေညီလာခံ ၂ဝ၁၇ ဖွင့်ပွဲအခမ်းအနားအတွက် ပေးပို့သောသဝဏ်လွှာတွင် ထည့်သွင်းပြောကြားလိုက်သည်။ စာပေညီလာခံ ၂ဝ၁၇ ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ မြို့ တော်ခန်းမရှေ့တွင် ဒီဇင်ဘာ ၁၂ ရက် ညနေ ၃ နာရီတွင်ကျင်းပခဲ့ပြီး ယင်းအခမ်းအနားသို့ပေးပို့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ သဝဏ်လွှာကို ဆရာမခင်သန္တာက ဖတ်ကြားတင်ပြခဲ့ခြင်းဖြစ်သည်။

ပေကျင်း၊ ဒီဇင်ဘာ ၁၂

တရုတ်နိုင်ငံအစိုးရပိုင် မော် တော်ကားလုပ်ငန်းများမှ ကြီးမား သော ကားထုတ်လုပ်ရေးလုပ်ငန်းက ယင်းအနေဖြင့် ၂ဝ၂၅ ခုနှစ်မှစ၍ ဓာတ်ဆီမော်တော်ကားများကို ထုတ်လုပ်တော့မည် မဟုတ် ကြောင်း၊ တရုတ်အနေဖြင့် လောင်စာဖြင့် မောင်းနှင်သည့်ကားအားလုံးကို တစ်နိုင်ငံလုံး လမ်းများမှ ဖယ်ရှားသွားရန် စဉ်းစားလျက်ရှိ ကြောင်း AFP သတင်းက ဒီဇင်ဘာ ၁၂ ရက်တွင် ဖော်ပြလိုက်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

 

မြန်မာနိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံနီးပါးဖြစ်သော ဦးရေ ၁၅ ဒသမ ၈ သန်းသည် ဆင်းရဲနွမ်းပါးသည့်အခြေအနေတွင် နေထိုင်နေ ရကြောင်းကမ္ဘာ့ဘဏ်ကထုတ်ပြန်ခဲ့သည်။ ယင်းလူဦးရေ ၁၅ ဒသမ ၈ သန်းအနက် ဦးရေ ၁၃ ဒသမ ၈ သန်းမှာ ကျေးလက်ဒေသများတွင်နေထိုင်ပြီး ကျန်နှစ်သန်းမှာ မြို့ပြများ၌နေထိုင်သူများ ဖြစ်ကြောင်းသိရသည်။ ဒီဇင်ဘာ ၁၂ ရက်က နေပြည်တော် တွင် မြန်မာနိုင်ငံ၏ဆင်းရဲနွမ်းပါးမှုအ ခြေအနေ လေ့လာစိစစ်ချက်အစီရင်ခံစာ ဒုတိယတွဲထုတ်ပြန်သည့် အခမ်းအနား ကိုပြုလုပ်ခဲ့ပြီး ယင်းအစီရင်ခံစာတွင်အထက်ပါအတိုင်းဖော်ပြပါရှိခဲ့ခြင်းဖြစ်သည်။

Page 5 of 194