ချဲလ်ဆီးတောင်ပံကစားသမားဟာဇက်က အသင်းတွင် ကာလအတန်ကြာကစားခဲ့ဖူးသော ဆာလက်မှာ မိမိ၏မိတ်ဆွေတစ်ဦးဖြစ်နေဆဲဖြစ်ပြီး လာမည့်လီဗာပူးနှင့်ပွဲတွင် ဆာလက်နှင့်ဂျာစီလဲလှယ်ရန် အလိုရှိကြောင်း ပြောဆိုခဲ့သည်။ ဆာလက်သည် မော်ရင်ဟို တာဝန်ယူခဲ့သော ချဲလ်ဆီးတွင် ကာလအတန်ကြာကစားခဲ့ရာ၌ ခြေစွမ်းမပြနိုင်ခဲ့သော်လည်း ချဲလ်ဆီးမှထွက်ခွာပြီးနောက် အချိန်နှစ်နှစ်ခွဲအကြာ လက်ရှိတွင် လီဗာပူး၌ခြေစွမ်းပြလျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် မြို့နယ် နေရာတစ်ခုအား တွေ့ရစဉ်။

 

ယင်းမာပင်၊ နိုဝင်ဘာ ၂၄

 

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် မြို့နယ် ဝါးစိမ်းတောင်ဒေသတွင် ကြေးနီနှင့်ရွှေထွက်မည့်သတ္တု ကြောတစ်ခုတွေ့ထားပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ထားကြောင်း ဆားလင်းကြီး မြို့နယ်မဲဆန္ဒနယ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်ကပြောသည်။

နေပြည်တော်၊ နိုဝင်ဘာ ၂၄

 

နိုင်ငံတော် သို့ပေးဆောင်ရမည့် ပုဂ္ဂလိကလုပ်ငန်းများ၏ အခွန်အခများကို ထပ်မံစစ်ဆေးရန်လိုအပ်ပါက စစ်ဆေးသွားမည်ဟု ပြည် ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြောသည်။ နိုဝင်ဘာ ၂၄ ရက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့ သော ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် ပထမခြောက်လပတ် ပြည်ထောင်စုဘဏ္ဍာ ငွေအရအသုံးဆိုင်ရာ အစီရင်ခံစာနှင့်စပ်လျဉ်းပြီး ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နေပြည်တော်၊ နိုဝင်ဘာ ၂၄

 

၂၀၁၈ ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက် ခြောက်လတာကာလအတွင်း ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဒေသဖွံ့ ဖြိုးရေး ရန်ပုံငွေကို ထည့်သွင်းလျာထားမည်မဟုတ်ကြောင်း ပြည်ထောင်စု လွှတ် တော်နာယက ဦးမန်းဝင်းခိုင်သန်းက  ပြည်ထောင်စု လွှတ်တော် ဆဌမပုံမှန် အစည်းအဝေး ပြီးဆုံးသည့် နှုတ်ဆက် စကားတွင်ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၄

 

စစ်ကိုင်းတိုင်းဒေသကြီး ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် နန်ဖီးလင်းနှင့် နန်ရမ်းယင်ဧရိယာထဲ၌ ကျားများ ပျံ့နှံ့ကျက်စားမှုကို စစ်တမ်းကောက်ယူရန် ကင်မရာ ထောင်ချောက် ၅ဝ ဖြင့် သုတေသန ပြု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

လန်ဒန် ၊ နိုဝင်ဘာ ၂၅ 

 

အင်္ဂလန်နိုင်ငံ လန်ဒန်မြို လယ်ရှိ အောက်စ်ဖို့ ဆပ်ကပ်ပြပွဲရုံတွင် နိုဝင်ဘာလ ၂၄ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့ ၏ ပြောကြားချက်အရသိရသည်။ အောက်စ်ဖို့ မြေအောက် ဆပ်ကပ်ရုံ နှင့် အောက်စ်ဖို့ လမ်းပေါ်တွင် “ သေနတ်ပစ်ခတ်မှု သတင်းပေးပို့ ချက်တစ်ခု” ကို ဒေသစံတော်ချိန် ညနေ ၄ နာရီ ၃၈ မိနစ်တွင် လက်ခံရရှိခဲ့ကြောင်း မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၄

 

ရခိုင်ပြည် နယ်ပဋိပက္ခအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွား သူများ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာချိန်တွင် ယာယီ နေထိုင်နိုင်မည့် အဆောက်အအုံများကို စတင်ပြုပြင်တည်ဆောက်နေပြီဖြစ်ကြောင်းသိရသည်။

နေပြည်တော်၊ နိုဝင်ဘာ၂၄

 

ပြည် ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အစည်းအ ဝေးကို နေပြည်တော်၌ကျင်းပခဲ့ပြီး နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင်ကို ပြန်လည်ပြင်ဆင်အတည်ပြုမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၄

 

မလေးရှားရောက် မြန်မာလုပ်သားများ အရေးကူညီဆောင်ရွက်ပေးနေသည့် ပီနန်ဆရာတော်ကြီးသည် ကျောက်ကပ်ရောဂါဖြင့် ပျံလွန်တော်မူခဲ့ကြောင်းသိရသည်။ ပီနန်ဆရာတော်ကြီးသည် ကျောက်ကပ်ရောဂါခံစားနေရသည်မှာကြာပြီဖြစ်ကာ ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်မှစ၍ မလေးရှားနိုင်ငံ၊ ပီနန်မြို့ရှိ Island အထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိရာ အဆိုပါဆေးရုံတွင်ပင် နိုဝင်ဘာ ၂၄ ရက် နံနက် ၅ နာရီ ၁၅ မိနစ်ခန့်က ပျံလွန်တော်မူခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ကိုင်ရို နိုဝင်ဘာ ၂၅

အီဂျစ်နိုင်ငံရှိ မြောက်ပိုင်းဆိုင်းနိုင်းပြည်နယ်ရှိ လူအများအပြားရောက်ရှိနေသော ဗလီတစ်ခုတွင် နိုဝင်ဘာ ၂၄ ရက်၌ တိုက်ခိုက်ရေးသမားများက ဗုံးတစ်လုံးဖောက်ခွဲခဲ့ပြီး သေနတ်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ဝတ်ပြုနေသူ ၂၃၅ ဦးသေဆုံးခဲ့ကြောင်း၊ ခေတ်သစ်အီဂျစ်သမိုင်းတွင် လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း
သိရသည်။

Page 41 of 189