ရန်ကုန်

 

မလေးရှားနိုင်ငံသို့ လုပ်သားစေလွှတ်ခွင့်အား တစ်နှစ်နီးပါး ပိတ်ထားခဲ့ခြင်းကြောင့် Calling ကျပြီးသော်လည်း မသွားသူဦးရေမှာ ထက်ဝက်ကျော်ခန့်ရှိကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှသိရသည်။ မလေးရှားနိုင်ငံသို့ လုပ်သားစေလွှတ်ရန် calling Visa ကျပြီး မသွားဖြစ်သူများအတွက် အစားထိုး Cancellation လုပ်ပြီး လုပ်သားအစားထိုး စေလွှတ်ခွင့်အား ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၂၆ ရက်မှစတင်ကာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ပုံမှန်အတိုင်း ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ် ရုပ်ရှင်ပွဲတော် အထိမ်းအမှတ်အဖြစ် ပြုလုပ်သောအငြိမ့်ပြိုင်ပွဲတွင် ဆုရရှိခဲ့သော ပြိုင်ပွဲဝင် အငြိမ့်အဖွဲ့သုံးဖွဲ့က ရန်ကုန်မြို့အပါအဝင် ၄၅ မြို့နယ်များတွင် လှည့်လည်ကပြဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ မြန်မာ့ဒီမိုကရေစီရုပ်ရှင် ရက်သတ္တပတ် ရုပ်ရှင်ပွဲတော်တွင် အငြိမ့်ပြိုင်ပွဲအား ထည့်သွင်းကျင်းပခဲ့ရာ ရန်ကုန်၊ မန္တလေးမှ အငြိမ့်အဖွဲ့ဝင်ပေါင်း ၃၄ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယင်းပြိုင်ပွဲဝင်အဖွဲ့များထဲမှ နောက်ဆုံးအဆင့်တွင် ဆုရရှိခဲ့သော ပြိုင်ပွဲဝင်အဖွဲ့ သုံးဖွဲ့မှ ကပြဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

 

ပေကျင်း

 


အမေရိကန်ပြည်ထောင်စု Thinks tank အဖွဲ့၏ ပြောကြားချက်အရ အရှေ့တရုတ် ပင်လယ်တွင် တရုတ်နိုင်ငံ ရေနံတူးစင်သုံးခု ကို ထပ်မံတည်ဆောက်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံ က ကန့်ကွက်မှုပြုနေသည့်ကြားမှ ယခုကဲ့သို့ တည်ဆောက်လာခဲ့ခြင်းလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အစ္စတန်ဘူလ်

 

ဒသမအကြိမ်မြောက် နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း ဒေသဆိုင်ရာတွေ့ဆုံ ဆွေးနွေးပွဲကို အစ္စတန်ဘူလ်တွင် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် တိုးပွားကြီးထွားလာသော ရွှေ့ပြောင်းလုပ်သားများပြဿနာကို အလျင်အမြန် ဖြေရှင်းရန် အဆိုပြုသွားမည်ဖြစ်သည်။

 

ဝါရှင်တန်

 

အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်က လက်နက်ထိန်းချုပ်ရေးဥပဒေအရေးကိစ္စကို တွေ့ဆုံ ဆွေးနွေးရန် အချိန်မတန်သေးကြောင်း၊ လက်ရှိအချိန်တွင် လတ်စ်ဗီးဂတ်စ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူအများမှာ ဝမ်းနည်းပူဆွေး နေဆဲရှိကြောင်း ပြောကြားခဲ့သည်။

 

 

ရန်ကုန်

 

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနဥယျာဉ် မြို့တော်ရှိ လမ်းအချို့တွင် ရေပြတ်တောက်မှုများနှင့် ကြုံတွေ့နေရခြင်းကြောင့် အဆိုပါ နေရာတွင် နေထိုင်သူများ အခက်အခဲဖြစ် နေရကြောင်း ပြောဆိုကြသည်။  ယုဇနဥယျာဉ်မြို့တော်တွင် A, B, C  စသည့်ဘလောက်များ ခွဲခြားထားပြီး လျှပ်စစ်မီးနှင့် ရေရရှိသည့်အခြေအနေပေါ် မူတည်ကာ နှစ်ရက်ခြားခန့်စီ အလှည့်ကျ ရေပေးဝေသည့်စနစ်ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သို့သော် ယခု ၁ဝ ရက်ခန့်အတွင်း ပင်မရေပို့ဆောင်ရာ ညောင်နှစ်ပင်ဌာနမှ ရေ မရရှိခြင်းကြောင့် ရေပြတ်လပ်မှုနှင့် တွေ့ကြုံ နေရကြောင်း ၎င်းတို့၏ပြောဆိုချက်များအရ သိရသည်။

 

ရန်ကုန်၊ နိုင်ငံပိုင်အဆောက်အအုံနှင့် မြေကွက်များအား နည်းလမ်းအမျိုးမျိုးဖြင့် ရယူထား ကြပြီး ယနေ့အထိ လုပ်ငန်းများ လုပ်ကိုင်အကောင်အထည်ဖော်ဆောင်ခြင်းမရှိသော နိုင်ငံပိုင်အဆောက်အအုံနှင့် မြေကွက်များအား နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းဆည်းရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်တွင်း အတည် ပြုကာ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

မုံရွာ

 

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဒုတိယသက်တမ်း တစ်နှစ်ခွဲကျော်တွင် ကိုယ် စားလှယ်များမှ မေးခွန်းများ အမေးများနေခြင်းမှာ ဒေသတွင်း ဖွံ့ဖြိုးမှုနည်းခြင်းကို ဖော်ပြ နေခြင်းဖြစ်သည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက ပြောဆိုလိုက်သည်။ ''ဘာလို့ မေးခွန်းတွေ ဒီလောက်များလဲဆိုတော့ လိုအပ်ချက်တွေ များလို့ပဲ။ မေးခွန်း တွေမှာ လမ်း၊ တံတား၊ လျှပ်စစ်၊ ဆေးရုံ၊ စာသင်ကျောင်းတွေ ချပေးဖို့ပဲ မေးတယ်။ ဖြည့်လို့လဲ မပြီးဘူး။ ဒါကြောင့် မေးခွန်းများ တယ်ဆိုတာ ဖွံ့ဖြိုးမှုနည်းခြင်းအဓိပ္ပာယ်ပါ''ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သည့်အရေးကိစ္စများနှင့်ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပနှင့် နိုင်ငံတကာသတင်းမီဒီယာများအပေါ် သတင်းဖော်ပြမှု တွေနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က သတင်းမီဒီယာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ အကြံပြုချက်များ တောင်းခံခဲ့ကြောင်း သိရသည်။ 

 

ကန့်ဘလူ

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် မိခင်အရင်းက သမီး ဖြစ်သူအား ရွှေ ၁၄ ကျပ်သားကျော် ခိုးယူမှု ဖြင့် အောက်တိုဘာ ၁ ရက်က ကန့်ဘလူမြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။ ဖြစ်စဉ်မှာ ကန့်ဘလူမြို့ အမှတ်(၄)ရပ် ကွက်တွင် နေထိုင်သည့် ဒေါ်ခင်ဝင်းဌေးသည် လက်ဝတ်ရတနာမျိုးစုံ ရွှေထည်ပစ္စည်း ၁၄ ကျပ် ၂ ပဲ ၂ ရွေး ကာလတန်ဖိုး ကျပ်သိန်း ၁ဝဝ ကျော်ဖိုးအား သြဂုတ် ၁၁ ရက်တွင် သမီး ဖြစ်သူ မရွှေဇင်ထွန်းနှင့်အတူ ရန်သူငါးပါး ဘေးအန္တရာယ်ကို စိုးရိမ်သဖြင့် ၎င်းပစ္စည်း များအား လက်ကိုင်ပဝါဖြင့်ထုပ်ပိုး၍ ယင်းတို့ နေထိုင်ရာ နေအိမ်အောက်ထပ် ကြောင်အိမ် အောက်တွင် မြေကျင်းတူးဝှက်ထားခဲ့သည်။

 

Page 42 of 65