သရုပ်ဆောင် ဆုမြတ်နိုးဦးပါဝင်သည့် 'လရောင်ဖြာ သော အင်းလေးမှာ' ရုပ်ရှင်ဇာတ်ကား ယခုနှစ်ကုန်တွင် ရုံတင်တော့မည်ဖြစ်ပြီး ဆုမြတ်နိုးဦးအနေဖြင့် ဇာတ်ကောင်စရိုက်များကို ရွေးချယ်ခြင်းမပြုဘဲ ပရိသတ်များ သတိထားမိစေမည့် ဇာတ်ကောင်စရိုက်တိုင်းကို သရုပ်ဆောင်လိုကြောင်း ဒီမိုကရေစီတူဒေးသို့ ပြောပြခဲ့သည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၃


ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများမှ ဘုရားဆင်းတုတော်များနှင့် နတ်နန်း များမှ နတ်ရုပ်ထုများကို ခိုးယူသူများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်။ 
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက် ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း သတင်းစုံစမ်းစဉ် လှိုင်သာယာမြို့နယ်၊(၁)ရပ်ကွက်နေ မသန္တာ(ခ)သန္တာကြည်(၃၉)နှစ်၊ လှိုင်သာယာမြို့နယ်၊ (၁/၁၁) ရပ်ကွက် နေ ဖြိုးမြင့်ဝင်းဆု(ခ) ကိုဖြိုး၊ (၂၀)နှစ် နှင့် လှိုင်သာယာမြို့နယ်၊ (၁/၁၂) ရပ်ကွက်နေ ရဲမင်း(ခ)  မှန်ကြီး(၃၀) နှစ်တို့ (၃)ဦးသည် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများမှ ဘုရားဆင်းတု တော်များနှင့် နတ်နန်းများမှ နတ်ရုပ်ထုများကို ခိုးယူခဲ့ကြောင်း စုံစမ်းသိရှိခဲ့ရသည်။

မနီလာ နိုဝင်ဘာ ၂၄

 

ဖိလစ်ပိုင်သမ္မတရိုဒရီဂို ဒူတာတေးသည် ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်ခဲ့သော်လည်း ရန်လိုမုန်းတီးမှုများသာ ဆက်တိုက်မြင့်တက်လာခဲ့သည့်အတွက် မော်ဝါဒီတို့ဦးဆောင်သော သူပုန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်ကိစ္စကို ရပ်ဆိုင်းလိုက်ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ရာစုနှစ်ထက်​၀က်နီးပါး ကြာမြင့်ခဲ့ပြီး လူပေါင်း ၄ သောင်းကျော်သေဆုံးခဲ့ရပြီးဖြစ်သော ပဋိပက္ခကို အဆုံးသတ်ခြင်းသည် လွန်ခဲ့သောနှစ် ဇွန်လတွင် သမ္မတတာဝန်ယူစဉ်ကတည်းက သမ္မတဒူတာတေး၏ ဦးစားပေးလုပ်ငန်းများထဲမှတစ်ခုဖြစ်သည်။ 

တိုရွန်တို

 

ကနေဒါကျန်းမာရေးဌာနက လက်ဖက်စိမ်းအဆီအနှစ်ပါဝင်သော ထုတ်ကုန်များက အသည်းထိခိုက်မှုအလားအလာရှိကြောင်း ပြင်းထန်စွာ သတိပေးခဲ့သည်ဟု သိရသည်။ ဈေးကွက်စုံစမ်းစစ်ဆေးမှုတွင် တွေ့ရှိချက်အရ ကမ္ဘာတစ်ဝန်းရှိ အသည်းအားနည်းယိုယွင်း မှုဖြစ်ပွားသည့် အမှု ၆ဝ ကျော်ခန့်တွင် ကိုယ်အလေးချိန်ကျဆင်းစေသည့် လက်ဖက်စိမ်း အဆီအနှစ်ပါဝင်သော ဖြည့်စွက်စာတို့ကြောင့်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

ဂလက်စကို

အလိုလိုက်သော အဘိုးအဘွားများ ကြောင့် ကလေးများ၏ ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်ဖွယ်ရှိကြောင်း သုတေသီတို့က ပြောကြားခဲ့ကြသည်။ ဂလက် စကိုတက္ကသိုလ်မှ သုတေသီတို့က သူတို့၏ လေ့လာတွေ့ရှိချက်ကို PLOS One ဂျာနယ်တွင် ထုတ်ဖော်ရေးသားခဲ့ခြင်းဖြစ်သည်။

( ၁ )
'နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံနှင့် ဆက်စပ်အစည်းအဝေးတက်ရောက်' ဖော်ပြပါခေါင်းစဉ်ဖြင့် ဖိလစ် ပိုင်နိုင်ငံ မနီလာမြို့မှ နိုဝင်ဘာ ၁၄ ရက်နေ့စွဲဖြင့် ပေးပို့ခဲ့သော သတင်းတစ်ပုဒ် ကို နိုဝင်ဘာ ၁၅ ရက်ထုတ် နိုင်ငံပိုင်ကြေးမုံ သတင်းစာမျက်နှာဖုံးတွင် ဖော်ပြထားသည်။ သတင်းအကျဉ်းချုပ်မှာ ဤသို့ဖြစ်သည်။

ဆိုးလ်၊ နိုဝင်ဘာ ၂၂

တောင်ကိုရီးယားနိုင်ငံရှိ နာမည်ကျော်ရုပ်သံလိုင်း tvN မှ ထုတ်လွှင့်မည့် 'Livin' the Double Life'  အစီအစဉ်တွင်ပါဝင်သူများဖြစ်သည့် CL၊ ထယ်ယန်းနှင့် အိုယော့တို့သည် ယင်းအစီအစဉ် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂၂ ရက်တွင် ပြုလုပ်ခဲ့သည်။ ယင်းပွဲတွင်  CL က ထိုကဏ္ဍစုံအစီအစဉ်မှတစ်ဆင့်ပြသသွားမည့်အရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ဒါရိုက်တာ - ဂျိုးရိုက်
ဇာတ်ညွှန်း - အန်တိုနီမက်ကာတင်း
သရုပ်ဆောင် - ဂယ်ရီအိုးလ်မန်း၊ လီလီဂျိမ်းစ်၊ ခရစ္စတင်း စကော့သောမတ်စ်
ပြသချိန် - ၁၂၅ မိနစ်
နိုင်ငံ - အမေရိကန်

ရန်ကုန်၊ နို ဝင်ဘာ ၂၂

 

သရုပ်ဆောင် နေထူးနိုင်နှင့် အာခါတိုင်းရင်းသားများ ပါဝင်သရုပ်ဆောင်ထားသည့် ''အနေအေးတဲ့ြေ>ွမပွေး'' ဇာတ်ကားနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီက စင်ထရယ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

တွံတေးမြို့နယ်က သက်ငယ်မုဒိမ်းမှုက ထောင်ဒဏ်ချမှတ်လိုက်ပြီဆိုတော့ အဲဒါနဲ့ပတ်သက်ပြီးတော့ ရော ဘယ်လိုမျိုးခံစားနေရလဲ။
ဒီအမှုလေးကို လိုက်ပြီးတော့ အစ်မတို့ စီစဉ်ပေးတယ်။ တရားဥပဒေကတော့ အစ်မတို့အနေနဲ့ လိုက်ပြီးတော့ လုပ် ပေးလို့ မရဘူးပေါ့နော်။ ထိရောက်တဲ့ပြစ်ဒဏ်၊ ကြီးလေးတဲ့ ပြစ်ဒဏ် အရင်တုန်းကဆိုရင် သက်ငယ်မုဒိမ်းမှုက ၁ဝ နှစ်ပဲချမှတ်တာ။ ဒါပေမဲ့ ဒီအမှုမှာတော့ အစ်မတို့ လိုက်တဲ့အတွက်၂၇ နှစ် ချမှတ်လိုက်တယ်။ အဲဒီလိုမျိုး သူလုပ်တဲ့ပြစ်ဒဏ်ကို သူပြန်ခံရတယ်။မကောင်းတာလုပ်တဲ့အတွက် ပြစ်ဒဏ်ခံရတာ ဖြစ်တဲ့အတွက် ကျေနပ်တယ်၊ ဝမ်းသာတယ်။ ကလေးအတွက်ကတော့ ယူကျုံးမရဖြစ်တယ်။ အမှုမှန်ပေါ်ပေါက်သွားတာပေါ့။

Page 45 of 189