ဌေးဌေး

---------

ရန်ကုန် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အမျိုးသမီးယာဉ်မောင်းများ ခေါ်ယူခဲ့သည့် သတင်းမှာ ခဏတွင်းချင်း ပျံ့နှံ့ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘတ်စ်ကားများကို အမျိုးသမီးယာဉ် မောင်းဟုမဆိုထားနှင့် အမျိုးသားများယာဉ် မောင်းသည်ကိုပင် အန္တရာယ်များလွန်းသော အလုပ်ဟုမှတ်ယူထားကြသောကြောင့် ဖြစ် ပေသည်။ အဆိုပါဝန်ထမ်းခေါ်ယူမှု ကြေညာချက်တွင် ယာဉ်မောင်းအတွေ့အကြုံ မရှိသေးသူများ၊ ယာဉ်လုံးဝမမောင်းတတ်သူများပါ လျှောက်ထားနိုင်ပြီး ၎င်းတို့အားသင်ကြားပေးသည့် သင်တန်းကာလအတောအတွင်း၌လည်း တစ်လလျှင် ကျပ်နှစ်သိန်းထောက်ပံ့ပေးသွားမည်ဟူသော အချက်များပါရှိခဲ့ရာ အလုပ်လက်မဲ့များသာမက သာမန်ရုံးဝန်ထမ်းအမျိုးသမီးများအတွက်ပါ မျက်စိကျစရာ ဖြစ်နေ လေသည်။

 

ဖြူသစ်လွင် ၊ မင်းဗညား

 


ရန်ကုန်

 

အစိုးရသစ်တက်လာပြီး နောက်ပိုင်းကာလများအတွင်း ဒုစရိုက်မှုကျူးလွန်သူအများစုသည် တရားမဝင်လက်နက်များ ကိုင်ဆောင်၍ ပြစ်မှုကျူးလွန်သည့်ဖြစ်စဉ်များ များပြားလျက်ရှိလာသည်။ ထို့အပြင်လုပ်ကြံသတ်ဖြတ်မှုများ၊ မှောင်ခိုလုပ်ငန်းများ၊ မူးယစ်ဆေးဝါး လောကများအတွင်း တရားမဝင်လက်နက်ကိုင်ဆောင်၍ပင် လုပ်ကြံမှုများရှိလာသည်ကို တွေ့ရသည်။

 


တရားမဝင်လက်နက် အများအပြား ဖမ်းဆီးရမိ

ယခုရက်ပိုင်းအတွင်း ယခင်အားကာဝန်ကြီးဟောင်း၏ သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းဆိုသူအား နေပြည်တော်လေဆိပ်တွင် သေနတ်များ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့်သတင်းက ပျံ့နှံ့လျက်ရှိသည်။ အောက် တိုဘာ ၁၅ ရက်က ရန်ကုန်- နေပြည်တော်လေ ကြောင်းလိုင်းဖြင့် ရန်ကုန်သို့လိုက်ပါမည့် ဖြိုးကိုကိုတင့်ဆန်းနှင့် အဖော်ဖြစ်သူ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက်တို့၏ ခရီးဆောင်အိတ်အတွင်းမှ ရှာ ဖွေတွေ့ရှိခဲ့သည်။ စစ်ဆေးမှုများအရ WY ဆေးပြား၊ ICE ၁ဒသမ၅ ဂရမ်၊ သြစတြေးလျ နိုင်ငံထုတ် ၉ မမ ပစ္စတိုသေနတ်တစ်လက်နှင့် ကျည် ၁၂ တောင့်ပါသည့် ကျည်အိမ်တစ်ခု၊ BLACK TECH တံဆိပ်ပါ ပစ္စတိုသေနတ် အိမ်နှစ်ခု၊ ၉ မမ LUGER  ကျည် ၅ဝ တောင့် ပါတစ်ဘူး၊ အထူးနိုင်ငံကူးလက်မှတ်စာအုပ် တစ်အုပ် Drone အဝေးထိန်းယာဉ်တစ်ခု၊ လက်ကိုင်စကားပြောစက်များ မန်မိုရီစတစ် ၁၅ ခု၊ သြစတြေးလျနိုင်ငံလုပ် ၉ မမ ပစ္စတိုတစ် လက်နှင့် ကျည်ရှစ်တောင့်ပါသည့် ကျည်အိမ်တစ်ခုနှင့် အခြား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

 

လန်ဒန်၊ အောက်တိုဘာ ၁၈

 

ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်တွင် အိမ်ခြံမြေဈေးနှုန်းများ အလွန်မြင့်မားနေ သောကြောင့် တိုက်တစ်လုံးတွင် စုပေါင်း စပ်ပေါင်းနေထိုင်သူ များပြားလာလျက်ရှိ ကြောင်း အောက်တိုဘာ ၁၈ ရက် AFP သတင်းကဆိုသည်။

 

ရေနံချောင်း၊ အောက်တိုဘာ ၁၈

 

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်း မြို့ရှိ အရှင်ဇေယျမာန်အောင်ကျမ်း ကိုင်စေတီတော်ဝင်းအတွင်းမှ နှစ် ပေါင်းတစ်ရာကျော်သက်တမ်းရှိ လောကမာန်အောင်စေတီတော်မြတ်ကြီး၏ဖောင်းရစ်တော်မှာပျက်စီးနေပြီး အောက်တိုဘာ ၁၈ ရက် နံနက် ၃ နာရီခွဲခန့်တွင်ပြိုကျကာ စိန်ဖူး တော်မြေခခဲ့ကြောင်းသိရသည်။ အဆိုပါစေတီ၏ အုတ်များ ဆွေးမြည့်ပျက်စီးမှုဖြစ်နေသည့်အ ချိန် ၂ဝ၁၆ ခုနှစ် သြဂုတ်လက လှုပ်ခတ်ခဲ့သော မြေငလျင်ဒဏ် ကြောင့် ယင်းစေတီ၏ ဖောင်းရစ် တော်များပိုမိုပျက်စီးခဲ့ကာ အပေါက် ဖြစ်ပေါ်၍ ပြိုကျလုနီးဖြစ်နေခဲ့သည်။

 

မန္တလေး၊ အောက်တိုဘာ ၁၈

 

မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာ့သဘာဝချစ်သူများ(Myanmar Nature Lovers) တို့ပူး ပေါင်း၍ မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်အတွင်းမှ ဆရာမ ၁၂ဝ တို့အား စွန့်ပစ်ပစ္စည်းများမှ လူသုံးပစ္စည်းအဖြစ်ပြုလုပ်နည်း(Recycle) သင်တန်းကို အောက်တိုဘာ ၁၇ ရက်က ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၂၆) အခြေခံပညာ အထက်တန်း ကျောင်း တကောင်းအောင်သာခန်းမ၌ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်းသိရသည်။

 

မန္တလေး၊ အောက်တိုဘာ ၁၈

 

မန္တလေး တိုင်းဒေသကြီးအတွင်း အောက်တို ဘာဒုတိယအပတ်က မိုးရွာသွန်းမှု ကြောင့် ရေဘေးသင့်အိမ်ခြေ ၁၃၉၈ အိမ်ရှိခဲ့ပြီး အဆိုပါအိမ်များကို ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ ကြောင်း မန္တလေးတိုင်းဒေသကြီး ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာနမှ သိရသည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၈

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ Multi Played Out System တွင် ထုတ်လွှင့်ပြသရန်ရွေးချယ်ထားသည့် ပုဂ္ဂလိက ရုပ်သံလိုင်းငါးလိုင်းနှင့် မြန်မာ့ရုပ်မြင်သံကြားတို့ မကြာမီကာလအတွင်း သဘောတူစာချုပ် ချုပ်ဆိုသွားမည်ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောသည်။

 

လီဗာပူးနည်းပြကလော့ပ်က မာရီဘော်ကို အနိုင်ယူပြီး စံချိန်သစ်တင်နိုင်ခဲ့သော အသင်း၏ခြေစွမ်းအတွက်ကျေနပ်မိပြီး အခွင့်အရေးများကို အကောင်းဆုံးအသုံးချနိုင်ခြင်းက အရေးပါခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ လီဗာပူးသည် ဆလိုဗေးနီးယားကလပ် မာရီဘော်နှင့် အဝေးကွင်းတွင်ကစားခဲ့ရာ၌ ၇-ဝဖြင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်ပြီး ယခုရလဒ် ကြောင့် ၂ဝဝ၉၊ နိုဝင်ဘာလနောက်ပိုင်း ချန်ပီ ယံလိဂ်အုပ်စုအဆင့်တွင် ပထမဆုံးအဝေးကွင်း နိုင်ပွဲရခဲ့သလို အခြားစံချိန်သစ်တင်နိုင်ခဲ့သည်။

 

အောင်လံ၊ အောက်တိုဘာ ၁၈

 

မကွေးတိုင်းဒေသကြီး အောင်လံ မြို့နယ်တွင် ကြက်သွန်နီဈေးနှုန်း များမှာ ယခင်နှစ်ထက်ပိုမိုမြင့် တက်နေကြောင်း အောင်လံမြို့ နယ် မြို့မဈေးကြီးကြက်သွန်နီအ ရောင်းဆိုင်များမှသိရသည်။ ''ဒေသထွက်ကြက်သွန်နီက အဝင်နည်းတာရယ်၊ ကြက်သွန်နီ လှောင်လက်တွေမှာ ကုန်ပစ္စည်း လက်ကျန်မရှိတော့ ဈေးမြင့်တက် နေတာပါ။ ဒီနှစ်က ကြက်သွန်နီ ဈေးက အရင်နှစ်ကထက်ပိုပြီး ဈေး မြင့်နေပါတယ်''ဟု အောင်လံမြို့ မဈေးကြီးကြက်သွန်နီအရောင်း ဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

 

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၁၈

 

အော်စကာဆုရှင် ဂျနီဖာလောရင့်စ်က မိမိထိပ်တန်းမင်းသမီးမဖြစ်ခင်တွင် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်းခံခဲ့ရကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်ဟု အောက်တိုဘာ ၁၈ ရက် AP သတင်းကဆိုသည်။ အမျိုးသမီးရုပ်ရှင်ထုတ်လုပ်သူတစ်ဦးသည် လုပ်ငန်းနှင့်သက်ဆိုင်ခြင်းမရှိဘဲ မိမိကိုဝတ်လစ်စားလစ်ဓာတ်ပုံများရိုက်ခိုင်းခဲ့ကြောင်း၊ မိမိမှာ ထိုစဉ်က နာမည်မကြီးသေးသည့်အတွက် လိုက်နာခဲ့ရကြောင်း၊ ထိုသို့မလုပ်လိုကြောင်း၊ အလုပ်နှင့်မသက်ဆိုင်ကြောင်း စောဒကတက်သော်လည်း ထုတ်လုပ်သူက စာနာနားလည်မပေးခဲ့ကြောင်း ဂျနီဖာလောရင့်စ်ကဖွင့်ဟသည်။

 

Page 6 of 65