မိုင်ယာမီ၊ အောက်တိုဘာ ၁၇ 

 

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရစ်စကော့သည် လူဖြူလူမျိုး ကြီးဝါဒီ ရစ်ချတ်စပန်ဆာ၏ ဟော ပြောပွဲမတိုင်မီတွင် အရေးပေါ်အ ခြေအနေကြေညာလိုက်ကြောင်း အောက်တိုဘာ ၁၇ ရက် AFP သတင်းက ဆိုသည်။ စပန်ဆာသည် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သော သြဂုတ်လစီတန်းလမ်းလျှောက်ပွဲတွင် ပါဝင်ခဲ့သူဖြစ်သည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၇

 

လက်နက်နှင့် မူးယစ်ဆေးဝါးများ တွေ့ရှိသဖြင့် ဖမ်းဆီးခြင်းခံရသည့် ACE ကုမ္ပဏီဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့် ဆန်းအမှုမှ စုစုပေါင်း လက်နက် ၂၁ လက်သိမ်းဆည်းရမိပြီး အမှုနှင့်ဆက်နွယ်ပတ်သက်သူ ၁၂ ဦးကို ဖမ်းဆီးထားကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။ အောက်တိုဘာ ၁၇ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ပြည် ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ခေတ္တအနားပေးချိန်တွင် သတင်းထောက်များကို ၎င်းက ယင်းကဲသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အဘူဂျာ၊ အောက်တိုဘာ ၁၇

 

နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း Plateau  ပြည်နယ်တွင် လူမျိုးစုနှစ်စုအကြား အဓိကရုဏ်းဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ဝ ကျော် သေဆုံးခဲ့သဖြင့် စစ်တပ်နှင့် ရဲအင်အားအသုံးပြု၍ အကြမ်းဖက်ပဋိပက္ခကို အဆုံးသတ်ရန် သမ္မတ Muhammadu Buhari က အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက တောင်းဆိုလိုက်သည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၇

 

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ (CTUM) မှ ဆုံးဖြတ်ချက်ချထားသည့် တစ်နေ့လုပ်ခ ကျပ် ၆၆ဝဝ သတ်မှတ်နိုင်ရေး ကြိုးစားလုပ်ဆောင် သွားမည်ဖြစ်ကြောင်း CTUM ဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင်က ပြောသည်။  အောက်တိုဘာ ၁၇ ရက်က ရန်ကုန်မြို့  Orchid Hotel တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂကပြုလုပ်သည့် ''အနည်းဆုံးအခ ကြေးငွေဆိုင်ရာ CTUM သဘော ထားထုတ်ပြန်ချက်'' သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။

 

စစ်တွေ၊ အောက်တိုဘာ ၁၇

 

ရခိုင် ပြည်နယ်ရောက် ကုလသမဂ္ဂနိုင်ငံ ရေးရာဌာနအကြီးအကဲ ဒုတိယအတွင်းရေးမှူးချုပ်က ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင်ပါ အကြံ ပြုချက်များအား အကောင်အထည် ဖော်ရာတွင် ကူညီပေးသွားမည်ဟု ပြောဆိုလိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။  ကုလသမဂ္ဂနိုင်ငံရေးဌာနအကြီးအကဲ ဒုတိယအတွင်းရေးမှူး ချုပ်ဖြစ်သူ မစ္စတာဂျက်ဖရီဖဲလ်မန် နှင့်အဖွဲ့သည် အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက စစ်တွေသို့ရောက် ရှိလာပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ နှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးဝန်ကြီးချုပ် ဧည့်ခန်းမဆောင်တွင် တွေ့ ဆုံ၍ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၇

 

ပြည်ပမှဆေးဝါးတင်သွင်းခွင့်ရရန် လျှောက်ထားမှုကြာမြင့်သဖြင့် ဈေးကွက်တွင် ဆေးဝါးပြတ်လပ်မှုကြုံတွေ့ရဟု လွှတ်တော်ကိုယ်စားလှယ်ကပြောကြားခဲ့ပြီး ကြန့်ကြာမှုမှာဝန်ကြီးဌာန ကြောင့်မဟုတ်ဘဲ ဆေးဝါးကုမ္ပဏီများက အချက်အလက်မပြည့်စုံ သောကြောင့်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။ အောက်တိုဘာ ၁၇ရက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းအောင်စိုးက ပြည်ပမှတင်သွင်းသောဆေးများအတွက် တင်သွင်းခွင့်ရရန်ကြာ မြင့်ချိန် လျော့နည်းအောင်ဆောင်ရွက်ပေးနိုင်မှု၊ တရားဝင်တင်သွင်း သောဆေးဝါးများ၏ စံချိန်စံညွှန်း နှင့် အာနိသင်လျော့နည်းခြင်းများ တွေ့ရှိပါက မည်သို့အရေးယူခြင်း၊ ပြည်ပကုမ္ပဏီများကို တရားစွဲဆိုခြင်း ရှိ၊ မရှိ သိလိုကြောင်းမေးမြန်းမှုတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 

မန်ယူအသင်းသည် နည်းပြမော်ရင်ဟို ကိုယခုရာသီမကုန်မီ စာချုပ်သက်တမ်းတိုး ရန်ပြင်ဆင်မှုပြုလုပ်နေကြောင်းသိရသည်။ မော်ရင်ဟိုသည် ပြီးခဲ့သည့်ရက်ပိုင်းက ပီအက်စ်ဂျီအသင်း၏ ရည်မှန်းချက်အား ချီးကျူးပြောဆိုခဲ့ပြီးနောက် မန်ချက်စတာတွင် ကာလတိုသာရှိနေမည်ဟုဝန်ခံခဲ့ပြီး နောက် ၎င်းကို အသင်းကစာချုပ်သစ်ချုပ်ဆို ရန်ပြင်ဆင်နေခြင်းဖြစ်သည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၇

 

ဖီဖာ၏ယခုလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် (FIFA Ranking Table) အရ မြန်မာ့လက်ရွေးစင် အသင်း၏အဆင့်ရပ်တည်ချက်မှာ ယခင်လထက်သုံးဆင့်နိမ့်ခဲ့သည်။ ၂ဝ၁၇ခုနှစ် အောက်တိုဘာလအတွက် ဖီဖာမှကမ္ဘာ့အဆင့်သတ် မှတ်ချက်ကို အောက်တိုဘာ ၁၆ ရက်၌နောက်ဆုံးထုတ်ပြန်ခဲ့ရာ မြန်မာ့ လက်ရွေးစင်အသင်းကြီးမှာ နိုင်ငံ ပေါင်း ၂ဝဝကျော်၌ နိုင်ငံအလိုက် အဆင့်သတ်မှတ်ချက် ၁၅၅အဆင့်တွင် ရပ်တည်နေသည်။

 

သထုံ၊ အောက်တိုဘာ ၁၇

 

သထုံ မြို့နယ်၊ ကျောက်တန်းကျေးရွာနှင့် ပေါင်မြို့နယ် ကျောက်ရေတွင်းကျေး ရွာအကြား ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်တံတားပေါ်တွင် သဲတင်ဆောင်လာသော မော်တော်ယာဉ်တစ်စီးသည် အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက ဖြတ်သန်း မောင်းနှင်စဉ် တံတားကျိုးကျခဲ့ပြီး ချောင်းအတွင်း ထိုးကျသွားခဲ့ကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၇

 

စမ်း ချောင်းမြို့နယ်တွင် နှစ်ထပ်တိုက် အဆောက်အအုံတစ်ခု Level-2 အဆင့် မီးလောင်မှုဖြစ်ပွားပြီး ကျပ်သိန်း ၆ဝ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။ အောက်တိုဘာ ၁၇ ရက် နံနက် ၆ နာရီခန့်တွင် စမ်းချောင်းမြို့နယ် မြေနီကုန်း(မြောက်)ရပ်ကွက် မြေနီကုန်းဈေးလမ်းရှိ ဦးအောင်မော်ပိုင် သော RC နှစ်ထပ်တိုက်တွင် မီး လောင်နေကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် စုစု ပေါင်း ၂၂ စီး၊ ကွပ်ကဲမှုယာဉ် ငါးစီး ဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး နံနက် ၆ နာရီ ခွဲတွင် မီးငြိမ်းခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။

 

Page 9 of 65