Main menu
HOT NEWS
adv

လောင်းကစားမှု ပပျောက်ရေး ဆိုင်းဘုတ်များ မြဝတီမြို့တွင်း၌ စိုက်ထူ

မြဝတီ၊ သြဂုတ် ၂၁

ကရင်ပြည်နယ်မြဝတီမြို့တွင် ဖွင့်လှစ်နေသော လောင်းကစားရုံများပိတ်သိမ်းရန်အတွက် လောင်းကစားရုံအဖြစ်ငှားရမ်းထားသော နေအိမ်ပိုင်ရှင်များကို ရဲတပ်ဖွဲ့မှ ခေါ်ယူသတိပေးခဲ့ပြီး နောက် ယခုအခါဒုတိယအဆင့်အ နေဖြင့် လောင်းကစားမှုပပျောက် ရေးအတွက် သြဂုတ် ၂ဝ ရက် နံနက်က မြို့ပေါ်၌ပိုစတာများစိုက်ထူ နေကြောင်း သိရသည်။

Read more...

ဒလသင်္ဘောဆိပ် အနီးက စည်ပင် နယ်နိမိတ်နှင့် မလွတ်ကင်းသည့် အဆောက်အအုံများကို ဖျက်သိမ်းရန်ညွှန်ကြား

ရန်ကုန်၊ သြဂုတ် ၂၁

ဆိပ်ကမ်း သာယာလှပရေးစီမံကိန်းအရ ဒလသင်္ဘောဆိပ်ပတ်ဝန်းကျင်ရှိ စည်ပင် နယ်နိမိတ်နှင့်မလွတ်ကင်းသည့် အ ဆောက်အအုံများကို ဖျက်သိမ်းပေးရန်ညွှန်ကြားထားပြီးဖြစ်ကြောင်းသိရသည်။ ဒလမြို့ဆိပ်ကမ်းသာယာလှပ ရေးနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာ ကျော်နှင့် ဒလမြို့နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် အထွေထွေအုပ်ချုပ်ရေးမှူးတို့ သြဂုတ် ၂ဝ ရက်တွင်တွေ့ဆုံခဲ့သည်။

Read more...

ကလေးငယ်များ ကူးစက်ရောဂါဖြစ်ပွားမှုမှ ကာကွယ်ရန် ကာကွယ်ဆေးပုံမှန်ထိုးရန် လိုအပ်

ရန်ကုန်၊ သြဂုတ်-၂၁ မိမိ၏ကလေးငယ်များကို ကူးစက်ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ရန်အတွက် ကာကွယ်ဆေးများကို ပုံမှန်ထိုးရန်လိုအပ်ပြီး ဝက်သက်ရောဂါကာကွယ် ဆေးထိုးခြင်းကြောင့် ကလေးငယ်များတွင် အော်တစ်ဇင်ဖြစ်ပွားမှုမရှိ ကြောင်း ကလေးအထူးကုဆရာဝန် ကြီးပါမောက္ခ ဒေါက်တာစောဝင်းက ကြားလိုက်သည်။

Read more...

ဦးအောင်ရွှေကို ကန်တော့ခြင်း

မောင်သိန်းညွန့်(ကော့ကရိတ်)

-------------------------------------

 

၂ဝ၁၇ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က ဝိတိုရိယဆေးရုံပေါ်မှာ အရေးပေါ်ဆေး ကုသမှုခံနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေကို ကျွန်တော်နှင့် ကျွန်တော့်သားခိုင်မင်းတို့ နံနက် ၉ နာရီခွဲက သွားရောက်ကန်တော့ခဲ့ပါတယ်။ အဲဒီည ၉ နာရီ ၃၆ မိနစ်မှာတော့ ဦးအောင်ရွှေ ကွယ်လွန်သွားခဲ့ပါပြီ။ အဲဒီနေ့ပဲ နှစ်ပေါင်းများစွာ အနီးကပ်ပြုစုနေတဲ့ မြေးတစ်ဦးက အဘိုးရဲ့ အသက်ဟာ ၁ဝဝ နှစ်နဲ့ သုံးလရှိပြီလို့ ကျွန် တော့်ကို ပြောခဲ့ပါတယ်။ ကိုယ်ရေးမှတ်တမ်း တွေထဲမှာ ၁၉၁၈ ခုနှစ် မေလ ၁၉ ရက်နေ့ မှာ မွေးဖွားခဲ့ကြောင်း ရေးသားထားတဲ့ အတွက် ကျွန်တော်က ''ဗိုလ်ချုပ်'' လို့ ခေါ် ဝေါ်တဲ့ ဦးအောင်ရွှေရဲ့ နှစ်တစ်ရာပြည့်မွေး နေ့ပွဲကို သူအသက်ရှိထင်ရှားရှိစဉ် ကျင်းပခွင့် မရတော့ပါ။

Read more...

ပုစွန်အသိ၊ ပုစွန်သတိ

ဒေါက်တာခင်မောင်လွင်

----------------------------


ကျွန်တော်တို့ ပန်းဇင်ရွာသို့ရောက်သည့်အချိန်တွင် ရွာလူကြီးဦးရွှေနီက ကြိုဆိုနေသည်ကို တွေ့ရပါ၏။ ပန်းဇင်ရွာသည် ကျွန်းစုမြို့နယ်အတွင်းရှိပြီး ခေတ်မီစည်ကားလှပါသည်။ အရွယ်ရောက်သူအားလုံးမှာ ထိုင်းနိုင်ငံသို့ ရောက်ဖူးကြသူများပြီး ရေထွက်လုပ်ငန်းနှင့် ဖွံ့ဖြိုးတိုးတက်နေသောရွာပင်ဖြစ်ပါသည်။ ကျွန်တော်တို့စီးလာ သောစက်လှေ ကမ်းသို့မကပ်ခင်မှာပင် ဝါးကပ် များပေါ်တွင်လှန်းထားသော ပုစွန်ခြောက်နီနီရဲရဲများကို အလျှံပယ်တွေ့ခဲ့ရ၏။ အနားတွင် အငွေ့တထောင်းထောင်း ထနေသော ပုစွန်ပြုတ်အိုးများကိုလည်း တွေ့ရပါသည်။ သဘာဝအတိုင်း နီရဲနေသော ပုစွန်ခြောက်များထုတ်လုပ်၍ နေကြလေသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191