Main menu
HOT NEWS
adv
သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ အများပြည်သူသုံးရေကန်အား စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုရန်ပုံငွေ ကျပ်(၂၇၅)သိန်းဖြင့် ပြန်လည်တူးဖော်နေ

သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ အများပြည်သူသုံးရေကန်အား စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုရန်ပုံငွေ ကျပ်(၂၇၅)သိန်းဖြင့် ပြန်လည်တူးဖော်နေ

သထုံ၊ ဧပြီ ၂၀

မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ အများပြည်သူသုံးရေကန်(လှေလှော်ကန်)အား မွန်ပြည်နယ်စည်ပင် သာယာရေးကော်မတီ၏ ခွင့်ပြုရန်ပုံငွေ ကျပ်(၂၇၅)သိန်းဖြင့် ပြန်လည်တူးဖော်နေကြောင်း သိရှိရသည်။ နုန်းအနည်များ များပြားလာပြီး ကန်ကောလာသည့်အပြင် သောက်ရေ၊ သုံးရေ လုံလောက်ကောင်းမွန်စွာ အသုံး ပြုနိုင်ရန်၊ အရေးပေါ်မီးဘေးအန္တရာယ်ဖြစ်ပေါ်ပါက ရေလုံလောက်စွာရရှိနိုင်ရန်၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ ယခင်ရှိပြီးသား ကန်အား ဧပြီလဆန်းမှစတင်၍ ပြန်လည်တူးဖော်နေကြောင်း သထုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းကပြောသည်။

"ကန်ကတော့ တည်ရှိနေတာကြာပြီ။ နောက် ကန်က ပြန်လည်တူးဖော်မှုမလုပ်တာလည်းကြာပြီဆိုတော့ ရေက  မကောင်းတော့ဘူး။ ဒီအတွက် ရန်ပုံငွေရလို့ ပြန်တူးဖော်ပေးတာပါ။ ခုလိုတူးဖော်ပေးရတာကလည်း ကန်ရေကို အများပြည်သူ ရေရှည်အသုံးပြုနိုင်အောင် ရေမခမ်းအောင်တူးပေးတာ။ နောက်တစ်ခုက မြို့နဲ့ပတ်သက်ပြီး မီး ဘေးအန္တရာယ်ဖြစ်လာရင်လည်း ရေကို အလွယ်တကူယူနိုင်ဖို့ပါ ကန်ကိုတော့ နဂိုမူလထက် အနက်()ပေ လောက် ထပ်တူးမယ်။ ကန်ဘောင်ဖို့မယ်၊ ချဲ့မယ်၊ ဒီလုပ်ငန်းတွေလုပ်သွားမယ်။''ဟု ဦးသိန်းဝင်းကပြောသည်။ ရေကန်တူးဖော်မှုပြီးစီးသွားပါက အနီးအနားရပ်ကွက်နေပြည်သူများ သောက်သုံးရေအား သန့်ရှင်းကောင်းမွန်စွာ တစ်နှစ်ပတ်လုံး အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဦးသိန်းဝင်းက ဆက်ပြောသည်။

 

နန်းခဲရပ်ကွက် အများပြည်သူသုံးရေကန်(လှေလှော်ကန်)မှာ လွန်ခဲ့သည့်နှစ်ပေါင်း(၁၀၀)ကျော်ခန့်ကတည်းက တည်ရှိခဲ့ပြီး ယခင်ကာလများတွင် လှေလှော်ပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့ရာမှ အနီးဝန်းကျင်တွင် လူနေထူထပ်လာ သဖြင့် သောက်သုံးရေကန်အဖြစ်ပြောင်းလဲခဲ့ကြောင်း သိရသည်။ "လွန်ခဲ့တဲ့ နှစ်(၅၀)လောက်ထိက ဒီကန်က လှေပြိုင်ပွဲတွေလုပ်တယ်။ ကန်က ()ကန်ရှိတယ်။ ()ကန်စလုံးက ဆက်နေတယ်။ နောက် လူနေများလာတော့ အခုသောက်သုံးရေကန်လုပ်ထားတဲ့ဘက်ကို လှေပြိုင်ပွဲတွေ မလုပ်တော့ဘဲ ပိတ်ပြီးတော့ သောက်သုံးရေကန်လုပ်ခဲ့တာ။ ပြန်မတူးဖော်ခဲ့တာလည်း (၁၅)နှစ်လောက်ရှိပြီဆို တော့ ကန်က နုန်းတွေများပြီး ရေကမကောင်းတော့ဘူး။ ခုလိုပြန်တူးဖော်ပေးတာတော့ အများပြည်သူတွေအ နေနဲ့ ရေကိုကောင်းကောင်းသုံးလို့ရသွားတာပေါ့။''ဟု နန်းခဲရပ်ကွက်နေ ဦးကျော်မြင့်က ပြောသည်။ လှေလှော်ကန်သည် အလျား ပေ(၄၇၀) အနံ ပေ(၄၂၀) အနက်(၁၀)ပေခန့်ရှိပြီး သထုံမြို့ အောက်ကျင်းရပ် ကွက်နှင့် နန်းခဲရပ်ကွက်မှပြည်သူများ သောက်သုံးရေကန်အဖြစ်အသုံးပြုနေသောရေကန်ဖြစ်ကြောင်း သိရသည်။

 

အောင်မြင့်ထွန်း (မြစ်မခ)

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191