Main menu
HOT NEWS
adv
မြတန်ဆောင်း ဆရာတော် လွှတ်ပေးရေး မြောက်ဦးတွင် ဆန္ဒပြတောင်းဆို

မြတန်ဆောင်း ဆရာတော် လွှတ်ပေးရေး မြောက်ဦးတွင် ဆန္ဒပြတောင်းဆို

ဧပြီ ၂၁

 

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဖမ်းဆီးခံထားရသော မြတန်ဆောင် ဆရာတော်နှင့် ခိုင်နီမင်းတို့ လွှတ်ပေးရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်းသိရသည်။ ယင်းဆန္ဒဖော်ထုတ်ပွဲတွင် အချက် ၆ ချက်အား ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

 

 

ဆန္ဒပြသူများသည် မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းတို့အား ချက်ချင်းလွတ်ပေးရေး၊ ရဟန်းသင်္ဃာအား အစိုးရမှ လေးစားပါ၊ ရခိုင်ပြညသူတို့၏ ဆန္ဒကို အစိုးရက လေးစားပါ၊ အစိုးရမှ တိုင်းရင်းသားများအား လေးစားစွာ ဆက်ဆံပါ၊ လူ့အခွင့်အရေးအရ မိမိယုံကြည်ရာ လုပ်ခွင့်ရှိသည်၊ မတရားအသင်းဥပဒေကို ဖျက်သိမ်းပီးရေ၊ ငါရို့အရေး စသည့် ကြွေးကြော်သံများကို ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲတွင် ဒေသခံမြောက်ဦးမြို့နယ်မှ ပြည်သူများ အပါအဝင် ရခိုင်ပြည်နယ် မြို့နယ် ၇ မြို့နယ်မှ ပြည်သူ ၅၀၀၀ ခန့် ပါဝင်၍ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။ ဆန္ဒပြသူများသည် မြတန်ဆောင်း(ဘက) ကျောင်းမှ နန်းရာကုန်း၊ ရှစ်သောင်းဘုရာထိ ချီတက်ကာ ဆန္ဒပြခဲ့ကြသည်။

 

#နိရဉ္စရာ

 

Last modified onFriday, 21 April 2017 15:20
Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616