Main menu
HOT NEWS
adv
လာမည့် ရက်များတွင် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးကြီးနိုင်

လာမည့် ရက်များတွင် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးကြီးနိုင်

ရန်ကုန်၊ မေ ၁၇

လာမည့်ရက်များတွင် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် အချို့တွင် နေရာဒေသအလိုက်မိုး ကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။ လက်ရှိတွင် ကပ္ပလီပင်လယ် ပြင်မြောက်ပိုင်း၌ဖြစ်ပေါ်နေပြီးဖြစ် ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင်လည်း မုတ်သုံလေအားအလွန် ကောင်းနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏သတင်းထုတ်ပြန်ချက်အရသိရသည်။


ယင်းလေဖိအားနည်းရပ်ဝန်းနှင့်ပတ်သက်ပြီး မိုးလေဝသနှင့် ဇလ ဗေဒပညာရှင်ဒေါက်တာထွန်းလွင်ကလည်း ''လေဖိအားနည်းရပ်ဝန်းကိုနားလည်သလိုပြောရမယ်ဆိုရင် အားလျော့ကျသွားခြင်းမရှိပေမယ့် မုတ္တမကွေ့ အနောက်တောင်မုတ်သုံ လေစီးကြောင်းအတွင်းမျောပါလာပြီး၊ မွန်ပြည်နယ်ကမ်းရိုးတန်းဘက်ကိုရွှေ့လျားနေပါတယ်။ အရှေ့မြောက်ဘက်ကိုသာ ဆက်လက်ရွှေ့လျား နေမယ်ဆိုရင် လေဖိအားနည်းရပ်ဝန်းအနေနဲ့ မုန်တိုင်းဖြစ်လာဖို့ အခွင့်အရေးနည်းသွားပြီဖြစ်ပါတယ်''ဟု ပြောကြားထားသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်း ၏အရှိန်ကြောင့် မြစ်ဝကျွန်းပေါ် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်မိုင် ၄ဝ နှုန်း အထိတိုက်ခတ်နိုင်ကြောင်းသိရသည်။


''ဒီနေ့(၁၇.၅.၂ဝ၁၇) ညနေ ပိုင်း ၅ နာရီလောက်က ရန်ကုန်မှာ မိုးသက်လေပြင်းကျသွားပါတယ်။ ကျွန်တော်တို့ သမိုင်းလမ်းဆုံဘက်မှာလည်းတော်တော်ကြမ်းသွားတယ်'' ဟု သမိုင်းလမ်းဆုံသို့ရောက်ရှိနေ သူတစ်ဦးကပြောသည်။ မိုးကြီးနိုင်သည့် ဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယား ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကျဲကျဲမိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်ပြီး မိုးကြီးနိုင် ကြောင်းသိရသည်။ 

 

MMA

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191