Main menu
HOT NEWS
adv
ရန်ကုန် တိုင်းဒေသကြီးတွင် ဝန်ထမ်းအိမ်ရာများ တည်ဆောက်ပေးမည်

ရန်ကုန် တိုင်းဒေသကြီးတွင် ဝန်ထမ်းအိမ်ရာများ တည်ဆောက်ပေးမည်

ရန်ကုန်၊မေ ၁၇

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ တာဝန်ထမ်းဆောင်ဆဲဝန် ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများတည်ဆောက်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်ကပြောသည်။  မေ ၁၇ ရက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ်ဦးသန်းဆွေ၏ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် စုပေါင်းဝန်ထမ်းအိမ် ရာအမြန်ဆုံးတည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်ပတ်သက်ပြီး ဝန်ကြီးကအထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။


''ယခုအခါပြည်ထောင်စုစီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက ဦးဆောင်ပြီးတော့ လက်ရှိတာဝန် ထမ်းဆောင်နေဆဲ ဝန်ထမ်းများ အိမ်ငှားရမ်းနေထိုင်ရာမှာ အိမ်ငှားခများကြီးမြင့်တဲ့အတွက် လက်ရှိတာဝန် ထမ်းဆောင်ဆဲ ဝန်ထမ်းများနေထိုင် ရေးအတွက်ကို ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန်စီစဉ်ဆောင် ရွက်လျက်ရှိတဲ့အစီအစဉ်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရကပူးပေါင်း ပါဝင်ဆောင်ရွက်ဖို့အတွက် စီစဉ်လျက်ရှိပါတယ်။ ထိုသို့စီစဉ်ရာမှာ ပြည်ထောင်စုအစိုးရရော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ပါ ဘဏ္ဍာငွေများကို စီစဉ်ဆောင်ရွက်နေရတဲ့အတွက် ထိုအစီအစဉ်ဟာ ဒီနှစ်ထဲမှာပဲဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်''ဟု ဒေါ်နီလာကျော်က ပြောသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူများ၊ အထူးသဖြင့် ဝန်ထမ်းများနှင့်နေရေးထိုင်ရေးအခက်အခဲရှိသည့် အိမ်ပိုင်ရာပိုင်မရှိသော ပြည်သူများအတွက် ပြည်သူ့အိမ်ရာစီမံကိန်းရန်ကုန်အတွက် ပြည်သူ့ အိမ်ရာစီမံကိန်းကော်မတီကို ဖွဲ့စည်းပြီး စတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း ၎င်းက ဆက်လက်ပြော သည်။ ''ဆိပ်ကြီးခနောင်တိုမှာ မူလတန်းကျောင်းဆရာမတွေကို ခန့်ထားပြီးတဲ့နောက်ပိုင်း ကျောင်းဆရာမ တွေလာရောက်တာဝန်ထမ်းဆောင် ခြင်းမရှိပါဘူး။ ကျောင်းဆရာမတွေကိုဖုန်းဆက်ပြီးမေးမြန်းကြည့်တဲ့အ ခါမှာရေလမ်းခရီးကိုဖြတ်လာရမှာ ကြောက်လို့ပါလို့ပြောတယ်။ ဆိပ်ကြီး ခနောင်တိုမှာလာရောက် တာဝန်ထမ်းဆောင်ကြတဲ့ဝန်ထမ်းတွေကို စုပေါင်းဝန်ထမ်းအိမ်ရာဆောက်ပေးလိုက်ခြင်းအားဖြင့် ဝန်ထမ်းတွေမှာ အဆင်ပြေချောမွေ့သွားမှာဖြစ်ပါတယ်''ဟု ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော် ကိုယ်စားလှယ်ဦးသန်းဆွေက ပြောကြားသည်။

AL

#democracytoday

 

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191